အသက် 20 အရွယ် Jake လို့ခေါ်တဲ့မြင်းတစ်ကောင်ဟာ UK ရှိ Merseyside Police ရဲစခန်းမှာ 15 နှစ်ကြာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ Jake က မကြာခဏ ရဲတပ်ဖွဲ့ရဲ့ဘောလုံးပြိုင်ပွဲများနှင့် တခါတရံမှာ Aintree Racecourse မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Grand National အား ကြီးကြပ်ရန်အတွက် ရဲမြင်းအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အလုပ်မှာဝါရင့်နေပြီဖြစ်တဲ့ Jake ဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့အပြင် ၎င်းက အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့် ဇွဲရှိရှိ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းလည်း သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Jake ဟာ သူအလုပ်မသွားမီ မနက်ခင်းမှာ လက်ဖက်ရည်ခွက်ကြီးတစ်ခွက်မသောက်လိုက်ရဘဲ အလုပ်သွားဖို့ကို ငြင်းဆန်နေတတ်ပါတယ်။

Jake က မနက်ခင်းမှာ သကြားနွားနို့လက်ဖက်ရည်တစ်ခွက်မှလွဲပြီး ဘာကိုမှမနှစ်သက်ပါဘူး။ ၎င်း နွားနို့နဲ့ ရောစပ်ထားတဲ့လက်ဖက်ရည်က သူ့ရဲ့လျှာကို အပူမလောင်စေရအောင် အပူချိန်မှန်နေဖို့လည်း လိုအပ်ပါသေးတယ်။ ” ကျွန်တော် Jake ကို ဇာတ်ကောင်တွေအများကြီးရှိတဲ့ မြင်းတစ်ကောင်လို့ ကျွန်တော်သေချာပေါက် ဖော်ပြချင်ပါတယ်။ သူ့ရဲ့လက်ဖက်ရည်အမှာစာတွေကို ကျွန်တော်တို့အားလုံး လေ့လာခဲ့ပြီးပါပြီ၊ သူ့ကိုသကြားတစ်လုံးဘဲထည့်ပေးလိုက်ပေမယ့် သူ့ကို နှစ်လုံးပေးဖို့ သတိရလာတဲ့အခါ သူ ပိုပျော်နေတတ်တယ် ” လို့ Lindsey Gaven အမည်ရှိ Merseyside ရဲတပ်ဖွဲ့မြင်းများကို စီမံခြင်း နှင့် လေ့ကျင့်ပေးတဲ့ မန်နေဂျာတစ်ဦး က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် Lindsey Gaven က Jake ကို လက်ဖက်ရည်ခွက်ကြီးတစ်ခွက်နဲ့ ကျွေးမွေးတဲ့အခါ သူ့အလုပ်မှာ ပိုတက်ကြွလာနိုင်တယ်လို့ မင်းကို ခံစားရစေလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် Jake ဟာ လက်ဖက်ရည်ကိုစွဲလမ်းသွားတဲ့အချိန်မှစပြီး ၎င်းရဲတပ်မှ အနားယူချိန်ဖြစ်တဲ့ယမန်နှစ်ကအထိ နေ့စဉ်နေ့တိုင်း ၎င်းတူညီတဲ့ မနက်ခင်းလက်ဖက်ရည်သောက်တဲ့နည်းလမ်းဖြင့် သူ့အလုပ်ကိုစတင်ခဲ့တာဘဲဖြစ်ပါတယ်။

.

.

Mia (KB Chimmy one)
Reference : aubtu
Zawgyi
အသက္ 20 အ႐ြယ္ Jake လို႔ေခၚတဲ့ျမင္းတစ္ေကာင္ဟာ UK ရွိ Merseyside Police ရဲစခန္းမွာ 15 ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ေနခဲ့ပါတယ္။ Jake က မၾကာခဏ ရဲတပ္ဖြဲ႕ရဲ႕ေဘာလုံးၿပိဳင္ပြဲမ်ားႏွင့္ တခါတရံမွာ Aintree Racecourse မွာ ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ Grand National အား ႀကီးၾကပ္ရန္အတြက္ ရဲျမင္းအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ရပါတယ္။ အလုပ္မွာဝါရင့္ေနၿပီျဖစ္တဲ့ Jake ဟာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ရွိတဲ့အျပင္ ၎က အၿမဲတမ္း တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဇြဲရွိရွိ ဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္းလည္း သက္ေသျပခဲ့ပါတယ္။ ဒါေပမဲ့ Jake ဟာ သူအလုပ္မသြားမီ မနက္ခင္းမွာ လက္ဖက္ရည္ခြက္ႀကီးတစ္ခြက္မေသာက္လိုက္ရဘဲ အလုပ္သြားဖို႔ကို ျငင္းဆန္ေနတတ္ပါတယ္။

Jake က မနက္ခင္းမွာ သၾကားႏြားႏို႔လက္ဖက္ရည္တစ္ခြက္မွလြဲၿပီး ဘာကိုမွမႏွစ္သက္ပါဘူး။ ၎ ႏြားႏို႔နဲ႔ ေရာစပ္ထားတဲ့လက္ဖက္ရည္က သူ႔ရဲ႕လွ်ာကို အပူမေလာင္ေစရေအာင္ အပူခ်ိန္မွန္ေနဖို႔လည္း လိုအပ္ပါေသးတယ္။ ” ကြၽန္ေတာ္ Jake ကို ဇာတ္ေကာင္ေတြအမ်ားႀကီးရွိတဲ့ ျမင္းတစ္ေကာင္လို႔ ကြၽန္ေတာ္ေသခ်ာေပါက္ ေဖာ္ျပခ်င္ပါတယ္။ သူ႔ရဲ႕လက္ဖက္ရည္အမွာစာေတြကို ကြၽန္ေတာ္တို႔အားလုံး ေလ့လာခဲ့ၿပီးပါၿပီ၊ သူ႔ကိုသၾကားတစ္လုံးဘဲထည့္ေပးလိုက္ေပမယ့္ သူ႔ကို ႏွစ္လုံးေပးဖို႔ သတိရလာတဲ့အခါ သူ ပိုေပ်ာ္ေနတတ္တယ္ ” လို႔ Lindsey Gaven အမည္ရွိ Merseyside ရဲတပ္ဖြဲ႕ျမင္းမ်ားကို စီမံျခင္း ႏွင့္ ေလ့က်င့္ေပးတဲ့ မန္ေနဂ်ာတစ္ဦး က ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ Lindsey Gaven က Jake ကို လက္ဖက္ရည္ခြက္ႀကီးတစ္ခြက္နဲ႔ ေကြၽးေမြးတဲ့အခါ သူ႔အလုပ္မွာ ပိုတက္ႂကြလာႏိုင္တယ္လို႔ မင္းကို ခံစားရေစလိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ထို႔ျပင္ Jake ဟာ လက္ဖက္ရည္ကိုစြဲလမ္းသြားတဲ့အခ်ိန္မွစၿပီး ၎ရဲတပ္မွ အနားယူခ်ိန္ျဖစ္တဲ့ယမန္ႏွစ္ကအထိ ေန႔စဥ္ေန႔တိုင္း ၎တူညီတဲ့ မနက္ခင္းလက္ဖက္ရည္ေသာက္တဲ့နည္းလမ္းျဖင့္ သူ႔အလုပ္ကိုစတင္ခဲ့တာဘဲျဖစ္ပါတယ္။
Mia (KB Chimmy one)



