အေထြအေထြဗဟုသုတ

အစြယ္လိုသူမိဖုရားတဲ့လား…. က်မတကယ္လိုခ်င္ခဲ့တာက မင္းဆဒၵန္ရဲ႕အခ်စ္တစ္ခုတည္းရယ္ပါ..

စူဠသုဘဒၵါ မုန္းခဲ့တာမဟုတ္ပါဘူး

ေျပာရက္ၾကတယ္…အစြယ္လိုသူမိဖုရားတဲ့လား….က်မတကယ္လိုခ်င္ခဲ့တာက မင္းဆဒၵန္ရဲ႕အခ်စ္တစ္ခုတည္းရယ္ပါ…

အင္ၾကင္းပန္းမွာ ခါခ်ဥ္ေလးကပ္ရံုနဲ႔ ကမၻာအဆက္ဆက္ သုဘဒၵါမုန္းရက္ခဲ့တာ မဟုတ္ပါဘူး…

ၿပိဳင္ဘက္နဲ႔ ယွဥ္ရင္ အခ်စ္ေတြအကုန္အစင္ မရခဲ့လို႔သုဘဒၵါရင္မွာ နာက်င္ေၾကကြဲခဲ့ရတာပါ…. ဒါေတြကို ႐ွင္နားလည္ရဲ႕လား မင္းဆဒၵန္….

ဟိမဝႏၱာ ေတာင္စဥ္ခုနစ္ထပ္မွာက်မဟာ ႐ွင့္အတြက္ဆို အသက္ေပးဖို႔လည္း အဆင္သင့္ျဖစ္ခဲ့ပါရက္နဲ႔ ဘဝတစ္ခုလံုးေပးဆပ္ ခ်စ္ခဲ့တာေတာင္ ႐ွင္ျပန္ေပးခဲ့တဲ့ ခ်စ္ျခင္းေမတၱာက ဒုတိယ တဲ့လား….ဟင့္အင္း…

ပထမခ်စ္ျခင္း မဟုတ္ရင္ ဒုတိယအျဖည့္ခံေတာ့ ဘယ္မိန္းမသားကမွ မျဖစ္ခ်င္ဘူး….

မျဖစ္ႏိုင္ဘူး မင္းဆဒၵန္… မျဖစ္ႏိုင္ေတာ့ပါဘူး…

ဒုတိယ ဆိုတာ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ခဲ့ပါဘူး မင္းဆဒၵန္ရယ္…က်မ ႐ွင့္ကို စိတ္နာတယ္….

ဟိမဝႏၱာ လြမ္းရိပ္ၿမိဳင္မွာ အမုန္းေတြ တစ္သီတစ္တန္းနဲ႔ က်မ က်ဆံုးခဲ့တာမဟုတ္ဘူး….

အပယ္ခံတစ္ေယာက္လို နာက်င္မႈမ်ိဳးနဲ႔ ကိုယ့္အခ်စ္ကို အဆိပ္ခတ္ၿပီး ယိုင္နဲ႔နဲ႔ႏွလံုးသားတစ္စံုကို ဖက္တြယ္ရင္း ႐ွင္ပေစၥကဗုဒၶါထံမွာ က်မဆုပန္ခဲ့မိတာပါ…

႐ွင့္စိတ္ထဲထင္ခဲ့ခ်င္ ထင္ခဲ့မယ္…သုဘဒၵါဟာ အၿငိဳးႀကီးတဲ့… အမ်က္ႀကီးတဲ့… ေဒါသႀကီးတဲ့ မိန္းမရယ္လို႔…. ႐ွင္ထင္ခ်င္သလိုသာ ထင္ပါေတာ့ မင္းဆဒၵန္ရယ္…

ဒီေလာကႀကီးတစ္ခုလံုးကို ေျမလွန္ျပီး ေမးၾကည့္စမ္းလွည့္ပါ.. ကိုယ့္ခ်စ္သူထံက ဦးစားေပးအခ်စ္ခံခ်င္တဲ့ မိန္းမဆိုလို႔ က်မတစ္ေယာက္တည္း ႐ွိခဲ့တာမ်ားလားလို႔….

႐ွင့္အတြက္ေတာ့ ခါခ်ဥ္ေလးတစ္ေကာင္… ဆိုေပမယ့္… က်မအတြက္ေတာ့ နာက်င္ျခင္း ျမင့္မိုရ္ေတာင္ႀကီးပါပဲေလ…ဆင္႐ွစ္ေသာင္းစုေပါင္းေနတဲ့ မင္းရင္ျပင္ထက္ ႐ွင္ေပးတဲ့ပန္းတစ္ခက္က အမ်ားအလယ္မွာ အ႐ွက္ရေစခဲ့တယ္ ဆိုတာ ႐ွင္ကမွ သတိမထားမိခဲ့ပဲ…

မ်က္ရည္ဝဲဝဲနဲ႔ အံႀကိတ္ၿပီး ခံရခက္ခဲ့တယ္ဆိုတာ႐ွင္ထင္သလို ခါခ်ဥ္ေလးပါတဲ့ အင္ၾကင္းပန္းတစ္ခက္ ေၾကာင့္မဟုတ္ပါဘူး…

မဟာသုဘဒၵါအေပၚ ႐ွင့္ရဲ႕အေရးေပးမႈေအာက္မွာက်မ ကမၻာႀကီး မူးေနာက္ျပာက်ခဲ့ရတာပါေလ..

႐ွင္သိေအာင္ ထပ္ေျပာခဲ့မယ္မင္းဆဒၵန္…. ပထမ စူဠသုဘဒၵါ မဟုတ္ခဲ့ဖူးဆိုရင္ ဒုတိယ မဟာသုဘဒၵါေတာ့ ဘယ္မိန္းမက မျဖစ္ခ်င္ခဲ့ဘူးဆိုတာ တစ္ေန႔ေန႔ေတာ့ ႐ွင္နားလည္လာမွာပါ….

စူဠသုဘဒၵါ 1

ဟင့္အင္း…. ႐ွင္အထင္မလြဲပါနဲ႔…အစြယ္လိုသူမိဖုရား မဟုတ္ခဲ့ပါဘူး…႐ွင့္အခ်စ္တစ္ခုတည္းကိုပဲ လိုခ်င္ခဲ့တာပါ….

ဘဝခ်င္းမတူေအာင္ သံသရာျခားနားခဲ့ေပမယ့္က်မ ႏွလံုးသားက ႐ွင့္ကိုပဲစူးစူးနစ္နစ္ ခ်စ္ခဲ့မိတာပါ မင္းဆဒၵန္ရယ္..

႐ွင့္အစြယ္ကို နားေဋာင္းပန္ဆင္ လိုတယ္ဆိုတာလည္း က်မမွာ အေၾကာင္းအရင္းေတြ႐ွိပါတယ္.

ဟိမဝႏၱာ အင္ၾကင္းေတာၿမိဳင္ယံမွာ႐ွင့္ရဲ႕ သက္ဆိုင္သူျဖစ္ခဲ့တဲ့ က်မကို ႐ွင္ခုခ်ိန္ထိ သတိတရ႐ွိေသးရဲ႕လားဆိုတာ က်မသိခ်င္တယ္…သတိတရနဲ႔ လြမ္းဆြတ္ တမ္းတမႈမ်ိဳးကိုလည္း က်မလိုခ်င္မိတယ္….

ဘဝခ်င္းျခားခဲ့တာေတာင္ ခ်စ္အားမေလ်ာ့ခဲ့တဲ့ က်မႏွလံုးသားကို ႐ွင္ ေလ်ွာ့မတြက္ပါနဲ႔ မင္းဆဒၵန္…

တစ္ဖတ္သတ္ဆိုရင္ေတာင္ က်မက ေက်ေက်နပ္နပ္ႀကီး သံသရာအဆက္ဆက္ ယူသြားအံုးမွာမို႔လို႔ပါ…

ဟုတ္တယ္… က်မ႐ွင့္ကို အဲ့ေလာက္ထိခ်စ္တယ္….
ဒါေပမယ့္…. နားလည္မႈလြဲမွားျခင္းရဲ႕ ဆုလဒ္ေတြေၾကာင့္က်မဟာ မိန္းမ႐ိုင္းႀကီး သုဘဒၵါျဖစ္ခဲ့ရတာပါ မင္းဆဒၵန္ရယ္…..

႐ွင့္အစြယ္ကို နားေဋာင္း ပန္ဆင္လိုတယ္လို႔ ေသာႏုတၳဳိရ္ကို က်မမွာၾကားလိုက္တယ္ဆိုေပမယ့္….

အစြယ္ကို အာေခါင္ရင္းက ျဖတ္ခဲ့ရမယ္လို႔ က်မမမွာခဲ့မိဘူး… အမိန္႔လည္းမေပးခဲ့ပါဘူး….

နားေဋာင္းလုပ္ဝတ္လို႔ရမယ့္ ႐ွင့္ရဲ႕အစြယ္အဖ်ားေလးေလာက္ပဲ က်မကလိုခ်င္ခဲ့မိတာပါ…

႐ွင္အနားမွာ ႐ွိေနမေပးရင္ေတာင္ ႐ွင့္ရဲ႕အေသြးအသားေလးတစ္ခု က်မအနားမွာ အေဖာ္ျပဳေနရံုနဲ႔ က်မႏွလံုးသားကို ႏွစ္သိမ္႔ခ်င္လို႔ပါ….

႐ွင္သာ က်မကိုတကယ္ခ်စ္ရင္ နားေဋာင္းတစ္ဆင္စာ အစြယ္အဖ်ားေလးေတာ့ ႐ွင္က်မကို ေပးႏိုင္မွာပဲမဟုတ္လား….

ခုေတာ့…. မုဆိုးေလ်ွာက္တင္သမ်ွကို မစဥ္းစားမဆင္ျခင္ပဲ ႐ွင္က အာေခါင္ရင္းကိုလႊနဲ႔ထိုး ဆိုးရြားတဲ့ေဝဒနာကို အံတုလို႔ မိန္းမဆိုးအမုန္း ဒီဘဝဒီမ်ွနဲ႔ တံုးေစေတာ့ဆိုၿပီး လက္လြတ္စပယ္ က်မေၾကာင့္ ႐ွင္ေသပြဲဝင္ ရတယ္တဲ့ေလ…

က်မက မွားခဲ့တယ္ဆိုေပမယ့္… ႐ွင္က မိုက္ခဲ့တယ္ မင္းဆဒၵန္…. နားေဋာင္းတစ္ဆင္စာ ပမာဏဟာ အာေခါင္ရင္းကေနျဖတ္ခ်မွ ရမွာမို႔လို႔လား…

မုဆိုးတင္သမ်ွကို ၾကားရၿပီးစိတ္နာတဲ့ ေလသံနဲ႔မိန္းမဆိုးအမုန္း ဒီဘဝဒီမ်ွနဲ႔ တံုးေစေတာ့လို႔ ေျပာရင္း ႐ွိ႐ွိသမ်ွအျပစ္ေတြကို က်မအေပၚပဲစုပံုရက္ခဲ့တယ္….

က်မ မွာေတာ့ မုဆိုးထမ္းလာတဲ့ ႐ွင့္အစြယ္ေဖြးေဖြးကို ခပ္ေဝးေဝးက လွမ္းျမင္ရတည္းက အရာရာဟာ လြဲမွားစြာ မွားယြင္းခဲ့ၿပီလို႔ သိလိုက္ၿပီး ေသာကအေပါင္းဟာ ဖိစီးထိုးႏွက္ခဲ့ပါတယ္….

ေနာက္ဆံုး ထြက္သက္ေတြအထိ နာက်င္ခံခက္တဲ့ ေလသံနဲ႔ ႐ွင္ က်မကို ေျပာရက္ခဲ့တဲ့ မိန္းမဆိုးအမုန္း ဒီဘဝဒီမ်ွနဲ႔တံုးေစေတာ့… ဆိုတဲ့စကားဟာ က်မက ႐ွင့္ကို တမင္မုန္းလို႔ပဲ သတ္ေစခဲ့သလိုပါပဲလား….

မဟုတ္ရပါဘူးမင္းဆဒၵန္ရယ္…. အစြယ္ေလး နားေဋာင္းတစ္ဆင္စာ ပဲလိုခ်င္ခဲ့တာပါ…

အာေခါင္ရင္းကေန ေသြးေျမက် ျဖတ္ေပးဖို႔ က်မက ဘယ္လိုႏွလံုးသားမ်ိဳးနဲ႔ ႐ွင့္ကိုရက္စက္ႏိုင္မွာတဲ့လဲ…

မိုက္လိုက္တာ မင္းဆဒၵန္ရယ္….

နာက်ည္းခ်က္ေတြနဲ႔ ႐ွင္က က်မကို နႈတ္ဆက္ခဲ့တယ္ေပါ့….

မ်က္ႏွာေငြလ ရႊင္ပ်ပ်ႏွင့္ သခင္မ…ဝမ္းေျမာက္ပါေလေတာ့တဲ့လား….

ေျပာရက္လိုက္တာ ေမာင္ေတာ္မင္းမင္းဆဒၵန္ရယ္….

နားေဋာင္းတစ္ဆင္စာေလးအတြက္ အာေခါင္းရင္းကေန ျဖတ္ယူခဲ့တဲ့ မုဆိုးမိုက္ေၾကာင့္ လြဲမွားတဲ့ သံသယေတြနဲ႔ သုဘဒၵါ ႏွလံုးသားဟာ ေသြးေျမက်ခဲ့ရပါၿပီေလ….

မ်က္ႏွာေငြလ မဟုတ္ခဲ့ပါဘူးမင္းဆဒၵန္…

သုဘဒၵါ မ်က္ႏွာတစ္ခုလံုး တိမ္ဖံုးၿပီး လမိုက္ခဲ့ရပါၿပီ…

သခင္မ…ဝမ္းေျမာက္ေစခ်င္တဲ့ ႐ွင့္ဆုေတာင္းေတြလည္း မျပည္႔ႏိုင္ေတာ့ပါဘူး…

ႏွမေတာ္ရဲ႕ ႏွလံုးသည္းပြတ္ျဖစ္တဲ့ ႐ွင့္ကို ေသေအာင္သတ္မိခဲ့သလို ျဖစ္သြားခဲ့တဲ့အတြက္ က်မ ဘယ္လိုနည္းနဲ႔မွ ရႊင္ရႊင္ပ်ပ် ေပ်ာ္မေနရေတာ့ပါဘူး..

အခု….. ႏွွမေတာ္ အသည္းစိုင္တစ္ခုလံုး ကြဲအက္ ပ်က္စီးၿပီး ကံေတာ္ကုန္လုေနပါၿပီ….မင္းဆဒၵန္…

မနက္ျဖန္ေတြအဆက္ဆက္ ေနာက္ထပ္ ႐ွိခဲ့အံုးမယ္ဆိုရင္ေတာ့…

႐ွင့္ရဲ႕ သံသယေတြအတြက္ ႐ွင္းျပခြင့္ရလိုက္ခ်င္ပါတယ္ေလ…

တကယ္ဆို က်မရင္ထဲက ခ်စ္ျခင္းေမတၱာကို ႐ွင္မျမင္ပဲ မိန္းမိ႐ိုင္းႀကီးရဲ႕ အမုန္းလို႔ပဲ ႐ွင္က ထင္ခဲ့တာကိုး….

႐ွိပါေစေတာ့ မင္းဆဒၵန္ရယ္…

႐ွိပါေစေတာ့… ဒီဘဝ ဒီမ်ွနဲ႔ပဲ ႐ွိပါေစေတာ့ေလ…

တကယ္ဆိုရင္….. က်မက….မွားခဲ့တယ္ဆိုေပမယ္႔ ႐ွင္က……မိုက္ခဲ့ပါတယ္မင္းဆဒၵန္…..

ဘာလို႔လဲဆိုေတာ့… မိန္းမသားဆိုတာ…. ကိုယ့္ခ်စ္သူရဲ

ပထမ……. စူဠသုဘဒၵါ မဟုတ္ခဲ့ရဘူးဆိုရင္

ဒုတိယ…..မဟာသုဘဒၵါ ေတာ့ ဘယ္ေတာ့မွ အျဖစ္မခံခ်င္ၾကဘူးဆိုတာ…

ဟိမဝႏၱာ ေတာၿမိဳင္ယံမွာ ဆင္အ ေပါင္းျခံရံၿပီး စိုးစံခဲ့တဲ့

မင္းဆဒၵန္ဧကရာဇ္ ႀကီးမွ မသိခဲ့တာကိုး…

တကယ္ေတာ့ သုဘဒၵါဆိုတဲ့ ႏွမေတာ္က ေမာင္ႀကီးမင္းဆဒၵန္ကုိ မုန္းခဲ့တာ မဟုတ္ပါဘူး…

အခ်စ္ႀကီးခ်စ္ခဲ့မိတာပါ မင္းဆဒၵန္ရယ္….

Crd

unicode

စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး

ပြောရက်ကြတယ်…အစွယ်လိုသူမိဖုရားတဲ့လား….ကျမတကယ်လိုချင်ခဲ့တာက မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ…

အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့ ကမ္ဘာအဆက်ဆက် သုဘဒ္ဒါမုန်းရက်ခဲ့တာ မဟုတ်ပါဘူး…

ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင် မရခဲ့လို့သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ…. ဒါတေွကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်….

ဟိမဝန္တာ တောင်စဉ်ခုနစ်ထပ်မှာကျမဟာ ရှင့်အတွက်ဆို အသက်ပေးဖို့လည်း အဆင်သင့်ဖြစ်ခဲ့ပါရက်နဲ့ ဘဝတစ်ခုလုံးပေးဆပ် ချစ်ခဲ့တာတောင် ရှင်ပြန်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာက ဒုတိယ တဲ့လား….ဟင့်အင်း…

ပထမချစ်ခြင်း မဟုတ်ရင် ဒုတိယအဖြည့်ခံတော့ ဘယ်မိန်းမသားကမှ မဖြစ်ချင်ဘူး….

မဖြစ်နိုင်ဘူး မင်းဆဒ္ဒန်… မဖြစ်နိုင်တော့ပါဘူး…

ဒုတိယ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ခဲ့ပါဘူး မင်းဆဒ္ဒန်ရယ်…ကျမ ရှင့်ကို စိတ်နာတယ်….

ဟိမဝန္တာ လွမ်းရိပ်မြိုင်မှာ အမုန်းတွေ တစ်သီတစ်တန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်ဘူး….

အပယ်ခံတစ်ယောက်လို နာကျင်မှုမျိုးနဲ့ ကိုယ့်အချစ်ကို အဆိပ်ခတ်ပြီး ယိုင်နဲ့နဲ့နှလုံးသားတစ်စုံကို ဖက်တွယ်ရင်း ရှင်ပစ္စေကဗုဒ္ဓါထံမှာ ကျမဆုပန်ခဲ့မိတာပါ…

ရှင့်စိတ်ထဲထင်ခဲ့ချင် ထင်ခဲ့မယ်…သုဘဒ္ဒါဟာ အငြိုးကြီးတဲ့… အမျက်ကြီးတဲ့… ဒေါသကြီးတဲ့ မိန်းမရယ်လို့…. ရှင်ထင်ချင်သလိုသာ ထင်ပါတော့ မင်းဆဒ္ဒန်ရယ်…

ဒီလောကကြီးတစ်ခုလုံးကို မြေလှန်ပြီး မေးကြည့်စမ်းလှည့်ပါ.. ကိုယ့်ချစ်သူထံက ဦးစားပေးအချစ်ခံချင်တဲ့ မိန်းမဆိုလို့ ကျမတစ်ယောက်တည်း ရှိခဲ့တာများလားလို့….

ရှင့်အတွက်တော့ ခါချဉ်လေးတစ်ကောင်… ဆိုပေမယ့်… ကျမအတွက်တော့ နာကျင်ခြင်း မြင့်မိုရ်တောင်ကြီးပါပဲလေ…ဆင်ရှစ်သောင်းစုပေါင်းနေတဲ့ မင်းရင်ပြင်ထက် ရှင်ပေးတဲ့ပန်းတစ်ခက်က အများအလယ်မှာ အရှက်ရစေခဲ့တယ် ဆိုတာ ရှင်ကမှ သတိမထားမိခဲ့ပဲ…

မျက်ရည်ဝဲဝဲနဲ့ အံကြိတ်ပြီး ခံရခက်ခဲ့တယ်ဆိုတာရှင်ထင်သလို ခါချဉ်လေးပါတဲ့ အင်ကြင်းပန်းတစ်ခက် ကြောင့်မဟုတ်ပါဘူး…

မဟာသုဘဒ္ဒါအပေါ် ရှင့်ရဲ့အရေးပေးမှုအောက်မှာကျမ ကမ္ဘာကြီး မူးနောက်ပြာကျခဲ့ရတာပါလေ..

ရှင်သိအောင် ထပ်ပြောခဲ့မယ်မင်းဆဒ္ဒန်…. ပထမ စူဠသုဘဒ္ဒါ မဟုတ်ခဲ့ဖူးဆိုရင် ဒုတိယ မဟာသုဘဒ္ဒါတော့ ဘယ်မိန်းမက မဖြစ်ချင်ခဲ့ဘူးဆိုတာ တစ်နေ့နေ့တော့ ရှင်နားလည်လာမှာပါ….

စူဠသုဘဒ္ဒါ 1

ဟင့်အင်း…. ရှင်အထင်မလွဲပါနဲ့…အစွယ်လိုသူမိဖုရား မဟုတ်ခဲ့ပါဘူး…ရှင့်အချစ်တစ်ခုတည်းကိုပဲ လိုချင်ခဲ့တာပါ….

ဘဝချင်းမတူအောင် သံသရာခြားနားခဲ့ပေမယ့်ကျမ နှလုံးသားက ရှင့်ကိုပဲစူးစူးနစ်နစ် ချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်..

ရှင့်အစွယ်ကို နားဋောင်းပန်ဆင် လိုတယ်ဆိုတာလည်း ကျမမှာ အကြောင်းအရင်းတွေရှိပါတယ်.

ဟိမဝန္တာ အင်ကြင်းတောမြိုင်ယံမှာရှင့်ရဲ့ သက်ဆိုင်သူဖြစ်ခဲ့တဲ့ ကျမကို ရှင်ခုချိန်ထိ သတိတရရှိသေးရဲ့လားဆိုတာ ကျမသိချင်တယ်…သတိတရနဲ့ လွမ်းဆွတ် တမ်းတမှုမျိုးကိုလည်း ကျမလိုချင်မိတယ်….

ဘဝချင်းခြားခဲ့တာတောင် ချစ်အားမလျော့ခဲ့တဲ့ ကျမနှလုံးသားကို ရှင် လျှော့မတွက်ပါနဲ့ မင်းဆဒ္ဒန်…

တစ်ဖတ်သတ်ဆိုရင်တောင် ကျမက ကျေကျေနပ်နပ်ကြီး သံသရာအဆက်ဆက် ယူသွားအုံးမှာမို့လို့ပါ…

ဟုတ်တယ်… ကျမရှင့်ကို အဲ့လောက်ထိချစ်တယ်….
ဒါပေမယ့်…. နားလည်မှုလွဲမှားခြင်းရဲ့ ဆုလဒ်တွေကြောင့်ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်ခဲ့ရတာပါ မင်းဆဒ္ဒန်ရယ်…..

ရှင့်အစွယ်ကို နားဋောင်း ပန်ဆင်လိုတယ်လို့ သောနုတ္ထိုရ်ကို ကျမမှာကြားလိုက်တယ်ဆိုပေမယ့်….

အစွယ်ကို အာခေါင်ရင်းက ဖြတ်ခဲ့ရမယ်လို့ ကျမမမှာခဲ့မိဘူး… အမိန့်လည်းမပေးခဲ့ပါဘူး….

နားဋောင်းလုပ်ဝတ်လို့ရမယ့် ရှင့်ရဲ့အစွယ်အဖျားလေးလောက်ပဲ ကျမကလိုချင်ခဲ့မိတာပါ…

ရှင်အနားမှာ ရှိနေမပေးရင်တောင် ရှင့်ရဲ့အသွေးအသားလေးတစ်ခု ကျမအနားမှာ အဖော်ပြုနေရုံနဲ့ ကျမနှလုံးသားကို နှစ်သိမ့်ချင်လို့ပါ….

ရှင်သာ ကျမကိုတကယ်ချစ်ရင် နားဋောင်းတစ်ဆင်စာ အစွယ်အဖျားလေးတော့ ရှင်ကျမကို ပေးနိုင်မှာပဲမဟုတ်လား….

ခုတော့…. မုဆိုးလျှောက်တင်သမျှကို မစဉ်းစားမဆင်ခြင်ပဲ ရှင်က အာခေါင်ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့ဝေဒနာကို အံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့ဆိုပြီး လက်လွတ်စပယ် ကျမကြောင့် ရှင်သေပွဲဝင် ရတယ်တဲ့လေ…

ကျမက မှားခဲ့တယ်ဆိုပေမယ့်… ရှင်က မိုက်ခဲ့တယ် မင်းဆဒ္ဒန်…. နားဋောင်းတစ်ဆင်စာ ပမာဏဟာ အာခေါင်ရင်းကနေဖြတ်ချမှ ရမှာမို့လို့လား…

မုဆိုးတင်သမျှကို ကြားရပြီးစိတ်နာတဲ့ လေသံနဲ့မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့လို့ ပြောရင်း ရှိရှိသမျှအပြစ်တွေကို ကျမအပေါ်ပဲစုပုံရက်ခဲ့တယ်….

ကျမ မှာတော့ မုဆိုးထမ်းလာတဲ့ ရှင့်အစွယ်ဖွေးဖွေးကို ခပ်ဝေးဝေးက လှမ်းမြင်ရတည်းက အရာရာဟာ လွဲမှားစွာ မှားယွင်းခဲ့ပြီလို့ သိလိုက်ပြီး သောကအပေါင်းဟာ ဖိစီးထိုးနှက်ခဲ့ပါတယ်….

နောက်ဆုံး ထွက်သက်တွေအထိ နာကျင်ခံခက်တဲ့ လေသံနဲ့ ရှင် ကျမကို ပြောရက်ခဲ့တဲ့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့… ဆိုတဲ့စကားဟာ ကျမက ရှင့်ကို တမင်မုန်းလို့ပဲ သတ်စေခဲ့သလိုပါပဲလား….

မဟုတ်ရပါဘူးမင်းဆဒ္ဒန်ရယ်…. အစွယ်လေး နားဋောင်းတစ်ဆင်စာ ပဲလိုချင်ခဲ့တာပါ…

အာခေါင်ရင်းကနေ သွေးမြေကျ ဖြတ်ပေးဖို့ ကျမက ဘယ်လိုနှလုံးသားမျိုးနဲ့ ရှင့်ကိုရက်စက်နိုင်မှာတဲ့လဲ…

မိုက်လိုက်တာ မင်းဆဒ္ဒန်ရယ်….

နာကျည်းချက်တွေနဲ့ ရှင်က ကျမကို နှုတ်ဆက်ခဲ့တယ်ပေါ့….

မျက်နှာငွေလ ရွှင်ပျပျနှင့် သခင်မ…ဝမ်းမြောက်ပါလေတော့တဲ့လား….

ပြောရက်လိုက်တာ မောင်တော်မင်းမင်းဆဒ္ဒန်ရယ်….

နားဋောင်းတစ်ဆင်စာလေးအတွက် အာခေါင်းရင်းကနေ ဖြတ်ယူခဲ့တဲ့ မုဆိုးမိုက်ကြောင့် လွဲမှားတဲ့ သံသယတွေနဲ့ သုဘဒ္ဒါ နှလုံးသားဟာ သွေးမြေကျခဲ့ရပါပြီလေ….

မျက်နှာငွေလ မဟုတ်ခဲ့ပါဘူးမင်းဆဒ္ဒန်…

သုဘဒ္ဒါ မျက်နှာတစ်ခုလုံး တိမ်ဖုံးပြီး လမိုက်ခဲ့ရပါပြီ…

သခင်မ…ဝမ်းမြောက်စေချင်တဲ့ ရှင့်ဆုတောင်းတွေလည်း မပြည့်နိုင်တော့ပါဘူး…

နှမတော်ရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ရှင့်ကို သေအောင်သတ်မိခဲ့သလို ဖြစ်သွားခဲ့တဲ့အတွက် ကျမ ဘယ်လိုနည်းနဲ့မှ ရွှင်ရွှင်ပျပျ ပျော်မနေရတော့ပါဘူး..

အခု….. နှှမတော် အသည်းစိုင်တစ်ခုလုံး ကွဲအက် ပျက်စီးပြီး ကံတော်ကုန်လုနေပါပြီ….မင်းဆဒ္ဒန်…

မနက်ဖြန်တွေအဆက်ဆက် နောက်ထပ် ရှိခဲ့အုံးမယ်ဆိုရင်တော့…

ရှင့်ရဲ့ သံသယတွေအတွက် ရှင်းပြခွင့်ရလိုက်ချင်ပါတယ်လေ…

တကယ်ဆို ကျမရင်ထဲက ချစ်ခြင်းမေတ္တာကို ရှင်မမြင်ပဲ မိန်းမိရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်က ထင်ခဲ့တာကိုး….

ရှိပါစေတော့ မင်းဆဒ္ဒန်ရယ်…

ရှိပါစေတော့… ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါစေတော့လေ…

တကယ်ဆိုရင်….. ကျမက….မှားခဲ့တယ်ဆိုပေမယ့် ရှင်က……မိုက်ခဲ့ပါတယ်မင်းဆဒ္ဒန်…..

ဘာလို့လဲဆိုတော့… မိန်းမသားဆိုတာ…. ကိုယ့်ချစ်သူရဲ

ပထမ……. စူဠသုဘဒ္ဒါ မဟုတ်ခဲ့ရဘူးဆိုရင်

ဒုတိယ…..မဟာသုဘဒ္ဒါ တော့ ဘယ်တော့မှ အဖြစ်မခံချင်ကြဘူးဆိုတာ…

ဟိမဝန္တာ တောမြိုင်ယံမှာ ဆင်အ ပေါင်းြခံရံပြီး စိုးစံခဲ့တဲ့

မင်းဆဒ္ဒန်ဧကရာဇ် ကြီးမှ မသိခဲ့တာကိုး…

တကယ်တော့ သုဘဒ္ဒါဆိုတဲ့ နှမတော်က မောင်ကြီးမင်းဆဒ္ဒန်ကို မုန်းခဲ့တာ မဟုတ်ပါဘူး…

အချစ်ကြီးချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်….

Crd