လူတစ္ေယာက္ကို အၾကိဳက္တစ္ခုစီပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္မတူသလို အၾကိဳက္လည္းမတူၾကပါဘူး။ အနက္ေရာင္ ဝတ္ဆင္သူေတြက ဆြဲေဆာင္မႈပိုရွိၾကတယ္ ပိုေအာင္ျမင္ၾကတယ္လုိ႔ ေလ့လာခ်က္ေတြက ဆိုထားပါတယ္္။ သင့္ရဲ႕ Favorite Color က အနက္ေရာင္ဆုိရင္ ဒီအေၾကာင္းအရာက သင့္အတြက္ပါ။ အနက္ေရာင္ၾကိဳက္တဲ့ သင့္ရဲ႕ ထူးျခားတဲ့ စိတ္ေနစိတ္ထားေတြကေတာ့-
၁။ သင္က အမွီအခုိကင္းပါတယ္။ ဘယ္သူ႕ကိုမွ အားမကိုးတတ္ပါဘူး။ ျဖစ္သမွ် အေျခအေနတုိင္းကို တစ္ေယာက္တည္း ထိန္းခ်ဳပ္တတ္ပါတယ္။
၂။ အရာရာကို အေလးအနက္ထားသူေတြျဖစ္ပါတယ္။ ေရွးရုိးဆန္ျပီး သိုသိုသိပ္သိပ္ေနတတ္ၾကပါတယ္။
၃။ ခံစားခ်က္မရွိတဲ့ မ်က္ႏွာထားမ်ိဳးနဲ႔ ေနတတ္ပါတယ္။ တစ္ခါတေလ ေလာကၾကီးကို အရြဲ႕တုိက္ေနတတ္ပါတယ္။
၄။ အာရံုေနာက္စရာေတြကို ေခါင္းထဲ သိပ္မထည့္တတ္ၾကပါဘူး။ အဆိုးျမင္စိတ္ေတြ ဝင္လာတာကို မုန္းတီးပါတယ္။
၅။ သင့္အေၾကာငး္ကို အျခားသူေတြဆီမွာ သိပ္မေျပာျပတတ္ပါဘူး။
၆။ သင့္ရဲ႕ခံစားခ်က္ကို အနက္ေရာင္နဲ႔ ကာစီးထားတတ္ပါတယ္။ ဥပမာ သင္က စိတ္ညစ္တယ္ဆိုရင္ သင့္ရဲ႕ခံစားခ်က္အတုိင္း အနက္ေရာင္အက်ၤ ီဝတ္ျပီး ဖံုးကြယ္တတ္ပါတယ္။
၇။ လ်ိဳ႕ဝွက္တတ္ျပီး အျခားလူေတြရဲ႕ အျမင္မွာ သင္က စိတ္ဝင္စားစရာ လူတစ္ေယာက္ျဖစ္ေနတတ္ပါတယ္။
၈။ အနက္ေရာင္ၾကိဳက္တဲ့ လူတစ္ေယာက္နဲ႔ မရင္းႏွီးခင္မွာ ဒီလူအေၾကာင္းကို သိရဖို႔က ခက္ခဲေနတတ္ပါတယ္။ အျပင္ပန္းက ၾကည့္ရင္ မေဖာ္ေရြတတ္တဲ့ လူတစ္ေယာက္ပံုစံျဖစ္ေနတတ္ပါတယ္။
သင္က အနက္ေရာင္ၾကိဳက္သူဆိုရင္ ဒီအခ်က္ေတြက သင္နဲ႔ တုိက္ဆုိင္မႈရွိရဲ႕လား ေျပာခဲ့ပါဦး။
Unicode
လူတစ်ယောက်ကို အကြိုက်တစ်ခုစီပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူသလို အကြိုက်လည်းမတူကြပါဘူး။ အနက်ရောင် ဝတ်ဆင်သူတွေက ဆွဲဆောင်မှုပိုရှိကြတယ် ပိုအောင်မြင်ကြတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ််။ သင့်ရဲ့ Favorite Color က အနက်ရောင်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါ။ အနက်ရောင်ကြိုက်တဲ့ သင့်ရဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားတွေကတော့-
၁။ သင်က အမှီအခိုကင်းပါတယ်။ ဘယ်သူ့ကိုမှ အားမကိုးတတ်ပါဘူး။ ဖြစ်သမျှ အခြေအနေတိုင်းကို တစ်ယောက်တည်း ထိန်းချုပ်တတ်ပါတယ်။
၂။ အရာရာကို အလေးအနက်ထားသူတွေဖြစ်ပါတယ်။ ရှေးရိုးဆန်ပြီး သိုသိုသိပ်သိပ်နေတတ်ကြပါတယ်။
၃။ ခံစားချက်မရှိတဲ့ မျက်နှာထားမျိုးနဲ့ နေတတ်ပါတယ်။ တစ်ခါတလေ လောကကြီးကို အရွဲ့တိုက်နေတတ်ပါတယ်။
၄။ အာရုံနောက်စရာတွေကို ခေါင်းထဲ သိပ်မထည့်တတ်ကြပါဘူး။ အဆိုးမြင်စိတ်တွေ ဝင်လာတာကို မုန်းတီးပါတယ်။
၅။ သင့်အကြောငး်ကို အခြားသူတွေဆီမှာ သိပ်မပြောပြတတ်ပါဘူး။
၆။ သင့်ရဲ့ခံစားချက်ကို အနက်ရောင်နဲ့ ကာစီးထားတတ်ပါတယ်။ ဥပမာ သင်က စိတ်ညစ်တယ်ဆိုရင် သင့်ရဲ့ခံစားချက်အတိုင်း အနက်ရောင်အကျင်္ ီဝတ်ပြီး ဖုံးကွယ်တတ်ပါတယ်။
၇။ လျို့ဝှက်တတ်ပြီး အခြားလူတွေရဲ့ အမြင်မှာ သင်က စိတ်ဝင်စားစရာ လူတစ်ယောက်ဖြစ်နေတတ်ပါတယ်။
၈။ အနက်ရောင်ကြိုက်တဲ့ လူတစ်ယောက်နဲ့ မရင်းနှီးခင်မှာ ဒီလူအကြောင်းကို သိရဖို့က ခက်ခဲနေတတ်ပါတယ်။ အပြင်ပန်းက ကြည့်ရင် မဖော်ရွေတတ်တဲ့ လူတစ်ယောက်ပုံစံဖြစ်နေတတ်ပါတယ်။
သင်က အနက်ရောင်ကြိုက်သူဆိုရင် ဒီအချက်တွေက သင်နဲ့ တိုက်ဆိုင်မှုရှိရဲ့လား ပြောခဲ့ပါဦး။