ကလေးမွေးပြီးသွားတဲ့ မိန်းမက ဘယ်လောက်တန်သလဲဆိုတာ
ကလေးမွေးပြီးသွားတဲ့ မိန်းမကဖတ်ကြည့်ပါ ဘယ်လောက်တန်သလဲ လောကကြီးမှာ မိန်းမတော်တော်များများက မိမိရင်သွေးလေးတွေ ကျန်းမာပျော်ရွှင်စွာ မွေးဖွားကြီးပြင်းလာဖို့အတွက်နဲ့ ကိုယ်ဝန်စဆောင်ချိန်ကစပြီး လုပ်နေကြလုပ်ငန်းတွေ ရပ်ပစ်လိုက်ရတယ် သန္ဓေသားအထိအခိုက်မရှိရအောင် (၉)လကျော်မျှ ဂရုတစိုက်စိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ရင်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနေထိုင်ရတယ်…
ဒါပေမယ့် လူတော်တော်များများက အကောင်းမပြောကြဘူး… ခင်ပွန်းသည်တွေအပါအဝင်ပေါ့ အလုပ်လုပ်စရာမလိုဘဲအိမ်မှာကလေးထိန်းရင်း အေးအေးဆေးဆေးနေလို့ရတာကို ပင်ပန်းတယ်လား တဲ့ အိမ်သူဇနီးမယားတော်တော်များများ ကိုယ့်ယောကျာ်းစီက ဈေးဖိုးမရှိလို့ လက်ဖြန့်တောင်းရတဲ့အချိန်မှာ ဘယ်လောက် သိမ်ငယ်ရသလဲဆိုတာ ဘသူမှမခံစားတတ်ဘူး…
မသိရင်ဘဲ ယောကျာ်းက တစ်အိမ်လုံးအတွက်ရှာကျွေးနေပြီး မိန်းမက ရသမျှပိုက်ဆံ အေးဆေးထိုင်ဖြုန်းနေတဲ့ပုံပဲ အိမ်အလုပ်လုပ်တာ ဝင်ငွေမရှိဘူးတဲ့လား အမေတစ်ယောက်ရဲ့ အလုပ်တာဝန်နဲ့ အလုပ်တန်ကြေးကို တွက်ပြပါရစေ အမေတစ်ယောက်ဆိုတာဖြစ်လာရင် အောက်ကအလုပ်တွေ စပြီးတာဝန်ယူရပြီ
၁)အိမ်အကူဈေးဝယ်၊ ဟင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေး (လခ ၁သိန်း)
၂) ကလေးထိန်း ထမင်းကျွေး၊ ရေချိုး၊ ကလေးချော့/သိပ်၊ အန္တရာယ်မဖြစ်ရအောင် စောင့်ရှောက် (လခ ၁သိန်း၅သောင်း)
၃) ဆရာမ စာသင်၊ ပုံပြင်ပြော၊ အပြင်ထွက်လည်၊ မပျက်စီးအောင် ပဲ့ပြင်ဆုံးမ (လခ ၂သိန်း)
၄) အိမ်တော်ထိန်း အိမ်စောင့်၊ တောက်တိုမယ်ရ ခိုင်းသမျှလုပ်၊ ငွေကြေးစီမံ (လခ ၃သိန်း)
၅) ဆရာဝန် အိမ်သားတွေရဲ့ ကျန်းမာရေးဂရုစိုက် (လခ ၅သိန်း) ( ဒီလခပမာဏတွေက အပြင်မှာလူခေါ်ရင် ပေးရမယ့် ပေါက်ဈေးကို ပျမ်းမျှတွက်ယူပြထားတာပါ ပထမကာလ သန္ဓေစယူချိန်
တာဝန် ကိုယ်ဝန်ဆောင်ပေး၊ သန္ဓေသားစောင့်ရှောက်၊ မွေးဖွားဖို့ ကြိုတင်ပြင်ဆင်၊ အနာဂတ်အတွက် စီမံခန့်ခွဲ အချိန် (၁၀)လဒုတိယကာလ မွေးဖွားချိန်မှ ကလေးနို့ပြတ်ချိန်ထိ တာဝန် နို့တိုက်မိခင်၊ သန့်ရှင်းရေးသမား၊ ဆရာဝန် အချိန် (၅)နှစ်
တတိယကာလကလေးပညာစသင်ချိန်မှ ဘွဲ့ရချိန်ထိ တာဝန် ကျောင်းပို့/ကြို၊ ဆရာမ၊ လုံခြုံရေး အချိန် (၁၅)နှစ် စတုတ္ထကာလ ကလေးအရွယ်ရောက်ပြီး စီးပွားရှာချိန်မှ ကျင်ယာဖက်ရချိန်ထိ
တာဝန် ဘဏ်တိုက်၊ အောင်သွယ် အချိန် (၁၀)နှစ် နောက်ဆုံးကာလ မြေးရချိန်မှ အသက်သေးဆုံးချိန်ထိ တာဝန် ကလေးထိန်း၊ အိမ်စောင့် အချိန် မသေခင်အထိ ဒါတွေက အမေတစ်ယောက်ဖြစ်ပြီး လုပ်ရမယ့်တာဝန်တွေနော် လခတွေတော့ မပေါင်းပြတော့ဘူး အပြင်ကလူခေါ်ပြီး လုပ်ခိုင်းမယ်ဆိုရင် ခန့်မှန်းကြည့်ယုံနဲ့တင် ဒီတာဝန်အားလုံးအတွက် သိန်းပေါင်းမြောက်များစွာ ပေးရမယ်ဆိုတာ ပြောစရာမလိုတော့ဘူး…
အပြင်ကဝန်ထမ်းဆိုရင် လခမှန်မှန်ပေးတောင် ကာလအားလုံးအတွက် အားလပ်ရက်မရှိ bonus မရှိဘဲ သေတဲ့အထိလုပ်ရမယ်ဆို အမေတစ်ယောက်လို လခတစ်ပြားမှမရတာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ မညည်းမညူလုပ်နိုင်တဲ့သူရှိမှာမဟုတ်ဘူး…
ဒါကြောင့် ဒီဥပမာလေးနဲ့ တွက်ချက်ပြထားတာကို ကြည့်မိရင် ဘယ်သူမှမလုပ်နိုင်တဲ့ အလုပ်တွေကို ပိုက်ဆံမရတောင် ပြုံးပြုံးကြီးလုပ်နိုင်တဲ့ ကိုယ့်ရဲ့တန်ဖိုးကြီးလှတဲ့ အိမ်သူသက်ထား ချစ်ဇနီးမယား နောင်မိခင်လောင်းအတွက် ဂုဏ်ယူမိကြမယ်လို့ မျှော်လင့်ရပါတယ် အိမ်ထောင်ပြုထားကြတဲ့ အမျိုးကောင်းသားအပေါင်းတို့ ကိုယ်လက်ထပ်ယူထားတဲ့ မိန်းမကို တန်ဖိုးထားကြပါ သူက သင့်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး သင့်နောက်လိုက်ကာ သင့်အတွက် ပေးဆက်ခဲ့သူပါ
သူ့ကိုချစ်ခင်ပါ ကြင်နာပါ သူကြိုးစားအားထုတ်ခဲ့သမျှကို အကောင်းမမြင်နိုင်တောင် လုပ်ခဲ့သမျှတိုင်းအတွက် နောက်ဆုံးမှာ စကားတစ်ခွန်းလေးနဲ့ပဲ အားပေးလိုက်ပါ
ချစ်ကိုယ့်အတွက် ပေးဆက်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးပါ ချစ်ပင်ပန်းသွားပြီ
အားလုံးကို လေးစားလျှက် သိန်းမောင်မောင်
ကေလးေမြးၿပီးသြားတဲ့ မိန္းမက ဘယ္ေလာက္တန္သလဲဆိုတာ
ကေလးေမြးၿပီးသြားတဲ့ မိန္းမကဖတ္ၾကည့္ပါ ဘယ္ေလာက္တန္သလဲ ေလာကႀကီးမွာ မိန္းမေတာ္ေတာ္မ်ားမ်ားက မိမိရင္ေသြးေလးေတြ က်န္းမာေပ်ာ္ရႊင္စြာ ေမြးဖြားႀကီးျပင္းလာဖို႔အတြက္နဲ႔ ကိုယ္ဝန္စေဆာင္ခ်ိန္ကစၿပီး လုပ္ေနၾကလုပ္ငန္းေတြ ရပ္ပစ္လိုက္ရတယ္ သေႏၶသားအထိအခိုက္မရွိရေအာင္ (၉)လေက်ာ္မၽွ ဂ႐ုတစိုက္စိုက္နဲ႔ ထိန္းထိန္းသိမ္းသိမ္းေစာင့္ေရွာက္ရင္း ခက္ခက္ခဲခဲ ပင္ပင္ပန္းပန္းေနထိုင္ရတယ္…
ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက အေကာင္းမေျပာၾကဘူး… ခင္ပြန္းသည္ေတြအပါအဝင္ေပါ့ အလုပ္လုပ္စရာမလိုဘဲအိမ္မွာကေလးထိန္းရင္း ေအးေအးေဆးေဆးေနလို႔ရတာကို ပင္ပန္းတယ္လား တဲ့ အိမ္သူဇနီးမယားေတာ္ေတာ္မ်ားမ်ား ကိုယ့္ေယာက်ာ္းစီက ေဈးဖိုးမရွိလို႔ လက္ျဖန႔္ေတာင္းရတဲ့အခ်ိန္မွာ ဘယ္ေလာက္ သိမ္ငယ္ရသလဲဆိုတာ ဘသူမွမခံစားတတ္ဘူး…
မသိရင္ဘဲ ေယာက်ာ္းက တစ္အိမ္လုံးအတြက္ရွာေကၽြးေနၿပီး မိန္းမက ရသမၽွပိုက္ဆံ ေအးေဆးထိုင္ျဖဳန္းေနတဲ့ပုံပဲ အိမ္အလုပ္လုပ္တာ ဝင္ေငြမရွိဘူးတဲ့လား အေမတစ္ေယာက္ရဲ့ အလုပ္တာဝန္နဲ႔ အလုပ္တန္ေၾကးကို တြက္ျပပါရေစ အေမတစ္ေယာက္ဆိုတာျဖစ္လာရင္ ေအာက္ကအလုပ္ေတြ စၿပီးတာဝန္ယူရၿပီ
၁)အိမ္အကူေဈးဝယ္၊ ဟင္းခ်က္၊ အဝတ္ေလၽွာ္၊ သန႔္ရွင္းေရး (လခ ၁သိန္း)
၂) ကေလးထိန္း ထမင္းေကၽြး၊ ေရခ်ိဳး၊ ကေလးေခ်ာ့/သိပ္၊ အႏၲရာယ္မျဖစ္ရေအာင္ ေစာင့္ေရွာက္ (လခ ၁သိန္း၅ေသာင္း)
၃) ဆရာမ စာသင္၊ ပုံျပင္ေျပာ၊ အျပင္ထြက္လည္၊ မပ်က္စီးေအာင္ ပဲ့ျပင္ဆုံးမ (လခ ၂သိန္း)
၄) အိမ္ေတာ္ထိန္း အိမ္ေစာင့္၊ ေတာက္တိုမယ္ရ ခိုင္းသမၽွလုပ္၊ ေငြေၾကးစီမံ (လခ ၃သိန္း)
၅) ဆရာဝန္ အိမ္သားေတြရဲ့ က်န္းမာေရးဂ႐ုစိုက္ (လခ ၅သိန္း) ( ဒီလခပမာဏေတြက အျပင္မွာလူေခၚရင္ ေပးရမယ့္ ေပါက္ေဈးကို ပ်မ္းမၽွတြက္ယူျပထားတာပါ ပထမကာလ သေႏၶစယူခ်ိန္
တာဝန္ ကိုယ္ဝန္ေဆာင္ေပး၊ သေႏၶသားေစာင့္ေရွာက္၊ ေမြးဖြားဖို႔ ႀကိဳတင္ျပင္ဆင္၊ အနာဂတ္အတြက္ စီမံခန႔္ခြဲ အခ်ိန္ (၁၀)လဒုတိယကာလ ေမြးဖြားခ်ိန္မွ ကေလးနို႔ျပတ္ခ်ိန္ထိ တာဝန္ နို႔တိုက္မိခင္၊ သန႔္ရွင္းေရးသမား၊ ဆရာဝန္ အခ်ိန္ (၅)ႏွစ္
တတိယကာလကေလးပညာစသင္ခ်ိန္မွ ဘြဲ႕ရခ်ိန္ထိ တာဝန္ ေက်ာင္းပို႔/ႀကိဳ၊ ဆရာမ၊ လုံျခဳံေရး အခ်ိန္ (၁၅)ႏွစ္ စတုတၳကာလ ကေလးအရြယ္ေရာက္ၿပီး စီးပြားရွာခ်ိန္မွ က်င္ယာဖက္ရခ်ိန္ထိ
တာဝန္ ဘဏ္တိုက္၊ ေအာင္သြယ္ အခ်ိန္ (၁၀)ႏွစ္ ေနာက္ဆုံးကာလ ေျမးရခ်ိန္မွ အသက္ေသးဆုံးခ်ိန္ထိ တာဝန္ ကေလးထိန္း၊ အိမ္ေစာင့္ အခ်ိန္ မေသခင္အထိ ဒါေတြက အေမတစ္ေယာက္ျဖစ္ၿပီး လုပ္ရမယ့္တာဝန္ေတြေနာ္ လခေတြေတာ့ မေပါင္းျပေတာ့ဘူး အျပင္ကလူေခၚၿပီး လုပ္ခိုင္းမယ္ဆိုရင္ ခန႔္မွန္းၾကည့္ယုံနဲ႔တင္ ဒီတာဝန္အားလုံးအတြက္ သိန္းေပါင္းေျမာက္မ်ားစြာ ေပးရမယ္ဆိုတာ ေျပာစရာမလိုေတာ့ဘူး…
အျပင္ကဝန္ထမ္းဆိုရင္ လခမွန္မွန္ေပးေတာင္ ကာလအားလုံးအတြက္ အားလပ္ရက္မရွိ bonus မရွိဘဲ ေသတဲ့အထိလုပ္ရမယ္ဆို အေမတစ္ေယာက္လို လခတစ္ျပားမွမရတာေတာင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ မညည္းမညဴလုပ္နိုင္တဲ့သူရွိမွာမဟုတ္ဘူး…
ဒါေၾကာင့္ ဒီဥပမာေလးနဲ႔ တြက္ခ်က္ျပထားတာကို ၾကည့္မိရင္ ဘယ္သူမွမလုပ္နိုင္တဲ့ အလုပ္ေတြကို ပိုက္ဆံမရေတာင္ ျပဳံးျပဳံးႀကီးလုပ္နိုင္တဲ့ ကိုယ့္ရဲ့တန္ဖိုးႀကီးလွတဲ့ အိမ္သူသက္ထား ခ်စ္ဇနီးမယား ေနာင္မိခင္ေလာင္းအတြက္ ဂုဏ္ယူမိၾကမယ္လို႔ ေမၽွာ္လင့္ရပါတယ္ အိမ္ေထာင္ျပဳထားၾကတဲ့ အမ်ိဳးေကာင္းသားအေပါင္းတို႔ ကိုယ္လက္ထပ္ယူထားတဲ့ မိန္းမကို တန္ဖိုးထားၾကပါ သူက သင့္အတြက္နဲ႔ အရာအားလုံးကို စြန႔္လႊတ္ၿပီး သင့္ေနာက္လိုက္ကာ သင့္အတြက္ ေပးဆက္ခဲ့သူပါ
သူ႔ကိုခ်စ္ခင္ပါ ၾကင္နာပါ သူႀကိဳးစားအားထုတ္ခဲ့သမၽွကို အေကာင္းမျမင္နိုင္ေတာင္ လုပ္ခဲ့သမၽွတိုင္းအတြက္ ေနာက္ဆုံးမွာ စကားတစ္ခြန္းေလးနဲ႔ပဲ အားေပးလိုက္ပါ
ခ်စ္ကိုယ့္အတြက္ ေပးဆက္ခဲ့သမၽွ အရာအားလုံးအတြက္ ေက်းဇူးပါ ခ်စ္ပင္ပန္းသြားၿပီ
အားလုံးကို ေလးစားလၽွက္ သိန္းေမာင္ေမာင္



