ၾကားသိရသမွ်

ေရႊက်ီးသာနိမိတ္အေဟာႏွင့္ အလြန္မွန္သည့္ သာဓကမ်ား

ေရႊက်ီးသာနိမိတ္အေဟာႏွင့္ အလြန္မွန္သည့္ သာဓကမ်ား
ေရႊက်ီးသာနိမိတ္အေဟာႏွင့္ အလြန္မွန္သည့္ သာဓကမ်ားပဲျဖစ္ပါတယ္ … ။

မဂၤလာပါ လူေတြအျမဲတမ္း သတိျပဳထားသင့္ကာ ေလ့လာမွတ္သား သိထားသင့္တ့ဲ အတိတ္နိမ္ိတ္ စနည္းတေဘာင္မ်ားစြာထဲမွ ေရႊက်ီးသာနိမိတ္အေဟာကို မ်ွေဝေပးလိုက္ပါတယ္ခင္ဗ်ာ။

“က်ီးးး”လူတိုင္းလူတိုင္း ငယ္စဥ္က ဆိုခ့ဲႀကဘူးမွာပါ။

မိုးေလဝသ​ေဗဒင္ေဟာ ေတာက္တ့ဲကိုလူေခ်ာ ေရႊက်ီးညိဳ သာပါေပါ့ ဧည့္သည္လာပါေတာ့။ ဒါေတြက အေႀကာင္းမ့ဲမဟုတ္ဘူးဆိုတာ အတိတ္နိမိတ္ကို လက္ခံယံုႀကည္ႀကသူတိုင္း သိႀကမွာပါ။

ရတနာပံုေနျပည္ေတာ္ ပ်က္သုဥ္းျပီး သီေပါပါေတာ္မူဖို႔

ရက္တရာအလိုမွာေသာ္လည္းေကာင္း၊ ဗိုလ္ခ်ဴပ္ေအာင္ဆန္းလုပ္ႀကံခံရဖို႔ ရက္ပိုင္းအလိုမွာေသာ္လည္းေကာင္း ထင္ရွားတ့ဲမ်ားစြာေသာ နိမိတ္မ်ားထဲမွ က်ီးသာ သို႔မဟုတ္၊ က်ီးျပိဳ -အလြန္မ်ားေသာက်ီးတို႔ တျမိဳ႕လံုးတနယ္လံုး နားမခံသာေအာ္ျမည္ျခင္း။

ထိုသို႔ေသာ က်ီးသာနိမိတ္နဲ႔စပ္ေသာ အထင္ရွားမ်ားစြာ ရွ္ိခ့ဲႀကပါသည္။ ထိုေႀကာင့္ က်ီးသာနိမိတ္နဲ႔ အဆိုးအေကာင္းကို ထင္ျမင္သာစြာ သိစိမ့္ေသာငွာ မ်ွေဝေပးလိုက္ပါတယ္ခင္ဗ်ာ။

က်ီးသည္ အေရွ႕အရပ္သာေသာ္ ခ်စ္ရခင္ရေသာ၏မိတ္ေဆြအေပါင္းသင္း သိုမဟုတ္ ခ်စ္သူ​ေရာက္လာတတ္ ​ေတြ႔ဆံုတတ္ပါသည္။

က်ီးသည္ အေရွ႔ေတာင္ေဒါင့္အရပ္မွာသာေသာ္ မိသားစုအပူႀကီးျဖစ္အ့ံ မီးေဘးေသာ္လည္းသင့္နိုင္ပါသည္။

က်ီးသည္ ေတာင္အရပ္မွသာေသာ္ လာတ္လာဘရမည္ .. ။

တူ-တူမမ်ား အိမ္ေရာက္လာတတ္ပါသည္။ က်ီးသည္ အေနာက္ေတာင္ေဒါင့္မွသာေသာ္ အိမ္တြင္းသို႔ သူခိုးသူဝွက္ ႀကံစည္ခံရတတ္သည္။

က်ီးသည္ အေနာက္အရပ္မွသာေသာ္ ဒါဏ္သင့္ျခင္း ဥပါဒ္ေရာက္ျခင္း အပူေသာကေရာက္ရျခင္းေတြ ျဖစ္ေစတတ္ပါသည္။

က်ီးသည္ အေနာက္ေျမာက္ေဒါင့္မွသာေသာ္ က်ြဲ ႏြား ဆင္ ျမင္း ​ေက်းက်ြန္အခိုင္းေစမ်ား ရေစတတ္ပါသည္။

က်ီးသည္ ေျမာက္အရပ္မွသာေသာ္ သတင္းေကာင္းသတင္းထူး ႀကားရတတ္ပါသည္။

က်ီးသည္အေရွ႕ေျမာက္ေဒါင့္ အရပ္မွသာေသာ္ ႀကီးသူငယ္သူလူအမ်ားနဲ႔ သူတစ္ပါးတို႔၏ ပူေဇာ္ျခင္းကိုခံရပါမည္။ ဗဟုသုတ-ပညာစာေပကို ေလ့လာလိုက္စားႀကေသာ အမ်ိဳးသားသမီးေကာင္းတို႔အတြက္ ဇလြန္ျမိဳ႕အဗ်င္းရြာမွ

နႏၵဝန္ေက်ာင္းႀကီး ဆရာေတာ္ ေရးစပ္ေပးထားေသာ က်ီးသာနိမိတ္ေတးထပ္ေလးကိုပါ မ်ွေဝေပးလိုက္ပါတယ္။ ေရႊက်ီးညိဴနုတ္သာစြရယ္နဲ႔ ျဗဳဗၺာကလွစ္ႀကဴ။ မုခ်ာပ ခ်စ္သူငယ္ ေရာက္ယူမယ္မွတ္သား။

ဒါဏ္ဥပါဒ္အေနာက္ေထြတယ္ ေျမာက္ရပ္ေလ​ေကာင္းတ့ဲစကား။ ကိုယ့္တူေရာက္ေတာင္ခြင္ ​ေရွ႕ေျမာက္တြင္လာဘ္မ်ား။ ေရွ႕ေတာင္ခြင္သတိထားပါေတာ့ ေလာင္လိမ့္ျငားမီးေတြ။ ​

ေနာက္ေျမာက္ခြင္က်ြန္လာတတ္ ေနာက္ေတာင္ရပ္ခိုးသူ႔ရန္ေမႊ။ ဖြံ႔ျဖိဴးမႈမွန္မေသြသည္။ ညာဏ္အေျခ ​ေဖြေဖြမွီးပါေတာ့ ေရႊ-ေရႊက်ီးနဳတ္ကခ်ိဳသာ ထုတ္ဟဆိုလာ။

နိမိတ္ထြန္းက်ြန္းလက္ယာမွာ ညႊန္းျမြတ္ပါေရႊက်ီးသာတ့ဲကိန္း။ မေကာင္းက်ိဴးေပ်ာက္ ​ေကာင္းက်ိဳးေရာက္ ထြန္းေတာက္ဘုန္းကံျမင့္ပါေစ။

Credit

Unicode

ရွှေကျီးသာနိမိတ်အဟောနှင့် အလွန်မှန်သည့် သာဓကများ
ရွှေကျီးသာနိမိတ်အဟောနှင့် အလွန်မှန်သည့် သာဓကများပဲဖြစ်ပါတယ် … ။

မင်္ဂလာပါ လူတွေအမြဲတမ်း သတိပြုထားသင့်ကာ လေ့လာမှတ်သား သိထားသင့်တဲ့ အတိတ်နိမ်ိတ် စနည်းတဘောင်များစွာထဲမှ ရွှေကျီးသာနိမိတ်အဟောကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

“ကျီး”လူတိုင်းလူတိုင်း ငယ်စဉ်က ဆိုခဲ့ကြဘူးမှာပါ။

မိုးလေဝသ​ဗေဒင်ဟော တောက်တဲ့ကိုလူချော ရွှေကျီးညို သာပါပေါ့ ဧည့်သည်လာပါတော့။ ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ အတိတ်နိမိတ်ကို လက်ခံယုံကြည်ကြသူတိုင်း သိကြမှာပါ။

ရတနာပုံနေပြည်တော် ပျက်သုဉ်းပြီး သီပေါပါတော်မူဖို့

ရက်တရာအလိုမှာသော်လည်းကောင်း၊ ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရဖို့ ရက်ပိုင်းအလိုမှာသော်လည်းကောင်း ထင်ရှားတဲ့များစွာသော နိမိတ်များထဲမှ ကျီးသာ သို့မဟုတ်၊ ကျီးပြို -အလွန်များသောကျီးတို့ တမြို့လုံးတနယ်လုံး နားမခံသာအော်မြည်ခြင်း။

ထိုသို့သော ကျီးသာနိမိတ်နဲ့စပ်သော အထင်ရှားများစွာ ရှ်ိခဲ့ကြပါသည်။ ထိုကြောင့် ကျီးသာနိမိတ်နဲ့ အဆိုးအကောင်းကို ထင်မြင်သာစွာ သိစိမ့်သောငှာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ကျီးသည် အရှေ့အရပ်သာသော် ချစ်ရခင်ရသော၏မိတ်ဆွေအပေါင်းသင်း သိုမဟုတ် ချစ်သူ​ရောက်လာတတ် ​တွေ့ဆုံတတ်ပါသည်။

ကျီးသည် အရှေ့တောင်ဒေါင့်အရပ်မှာသာသော် မိသားစုအပူကြီးဖြစ်အံ့ မီးဘေးသော်လည်းသင့်နိုင်ပါသည်။

ကျီးသည် တောင်အရပ်မှသာသော် လာတ်လာဘရမည် .. ။

တူ-တူမများ အိမ်ရောက်လာတတ်ပါသည်။ ကျီးသည် အနောက်တောင်ဒေါင့်မှသာသော် အိမ်တွင်းသို့ သူခိုးသူဝှက် ကြံစည်ခံရတတ်သည်။

ကျီးသည် အနောက်အရပ်မှသာသော် ဒါဏ်သင့်ခြင်း ဥပါဒ်ရောက်ခြင်း အပူသောကရောက်ရခြင်းတွေ ဖြစ်စေတတ်ပါသည်။

ကျီးသည် အနောက်မြောက်ဒေါင့်မှသာသော် ကျွဲ နွား ဆင် မြင်း ​ကျေးကျွန်အခိုင်းစေများ ရစေတတ်ပါသည်။

ကျီးသည် မြောက်အရပ်မှသာသော် သတင်းကောင်းသတင်းထူး ကြားရတတ်ပါသည်။

ကျီးသည်အရှေ့မြောက်ဒေါင့် အရပ်မှသာသော် ကြီးသူငယ်သူလူအများနဲ့ သူတစ်ပါးတို့၏ ပူဇော်ခြင်းကိုခံရပါမည်။ ဗဟုသုတ-ပညာစာပေကို လေ့လာလိုက်စားကြသော အမျိုးသားသမီးကောင်းတို့အတွက် ဇလွန်မြို့အဗျင်းရွာမှ

နန္ဒဝန်ကျောင်းကြီး ဆရာတော် ရေးစပ်ပေးထားသော ကျီးသာနိမိတ်တေးထပ်လေးကိုပါ မျှဝေပေးလိုက်ပါတယ်။ ရွှေကျီးညိူနုတ်သာစွရယ်နဲ့ ဗြုဗ္ဗာကလှစ်ကြူ။ မုချာပ ချစ်သူငယ် ရောက်ယူမယ်မှတ်သား။

ဒါဏ်ဥပါဒ်အနောက်ထွေတယ် မြောက်ရပ်လေ​ကောင်းတဲ့စကား။ ကိုယ့်တူရောက်တောင်ခွင် ​ရှေ့မြောက်တွင်လာဘ်များ။ ရှေ့တောင်ခွင်သတိထားပါတော့ လောင်လိမ့်ငြားမီးတွေ။ ​

နောက်မြောက်ခွင်ကျွန်လာတတ် နောက်တောင်ရပ်ခိုးသူ့ရန်မွှေ။ ဖွံ့ဖြိူးမှုမှန်မသွေသည်။ ညာဏ်အခြေ ​ဖွေဖွေမှီးပါတော့ ရွှေ-ရွှေကျီးနုတ်ကချိုသာ ထုတ်ဟဆိုလာ။

နိမိတ်ထွန်းကျွန်းလက်ယာမှာ ညွှန်းမြွတ်ပါရွှေကျီးသာတဲ့ကိန်း။ မကောင်းကျိူးပျောက် ​ကောင်းကျိုးရောက် ထွန်းတောက်ဘုန်းကံမြင့်ပါစေ။