ခေတ်ပေါ် နွားနို့ အတုလုပ်နည်း နှင့် နွားနို့ထဲကို ဘာတွေ ရောနှောတတ်သလဲ ဆိုတာ
နွားနို့ထဲကို ဝိသမလောဘသား ထုတ်လုပ်သူတွေက ဘာတွေ ရောနှောတတ်သလဲ ဆိုတာလေးကို အရင်တင်ပြပါရစေ။
ပထမဆုံး အရာကတော့ နွားနို့ အတုဖြစ်ပါတယ်။ နွားနို့လုံးဝ မပါတဲ့အတွက် ဈေးအပေါဆုံးနည်းမို့ အသုံးအများဆုံး ဖြစ်ပါတယ်။
နွားနို့ အတုအထဲမှာ ဘာတွေပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ Starch (ကော်မှုန့်)၊ ပေါင်ဒါသကြား၊ ဆော်ဒါ၊ စားအုန်းဆီ၊ အဖြူရောင်ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထည့်ကြပါတယ်။ ထည့်ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ်အပေးဆုံးမို့ အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ ရေရောတာဘဲ ဖြစ်ပါတယ်။ ဒီနည်းက နွားနို့များများ ပွားစေပြီး ရောတဲ့ ရေမသန့်ပါက လူကို အန္တရာယ်ပေးပါတယ်။
နောက်တစ်နည်းကတော့ အဝတ်လျှော် ဆပ်ပြာရည် ရောတာဘဲ ဖြစ်ပါတယ်။ အဲဒီနည်းက အမြှုပ်ထစေတဲ့အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါတယ်။ များများ စားသုံးမိပါက အဝတ်လျှော် ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါတယ်။
နောက်တစ်မျိုးကတော့ နွားနို့ကို အထားခံအောင် Benzoin Acid, Salicylic Acid နဲ့ ဖော်မလင် (Formalin) စတာတွေကို ထည့်တာပါဘဲ။
နောက်ဆုံးတစ်မျိုးကတော့ နွားနို့ထဲကို အမိုးနီယား (Ammonium Sulphate) ထည့်တာပါဘဲ။ ဒီနည်းက နွားနို့ကို ပျစ်စေ၊ လေးစေပြီး နွားနို့စံချိန် စစ်တဲ့ ကိရိယာ (Lactometer) ကတောင် ရံဖန်ရံခါ ဖတ်ဖို့ ခက်ခဲတဲ့အတွက် ခွဲခြားဖို့ အခက်ခဲဆုံးအရာဘဲ ဖြစ်ပါတယ်။ (နွားနို့ရောင်းချသူ အားလုံးကို မဆိုလိုပါဘူး)
အခုနွားနို့ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာလေးကို တင်ပြသွားပါမယ်။
အများစုသောအရာတွေက ဓါတ်ခွဲစစ်ဆေးမှ သိနိုင်တာမို့ ဓါတ်ခွဲခန်းသုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့ မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ်။
ပထမဆုံးနည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ကို ရေရော မရောသိချင်ရင်တော့ နွားနို့ကို ချောတဲ့ မျက်နှာပြင် မှန်လိုဟာမျိုးပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွား တယ်ဆိုရင်တာ့ ရေပါပြီပေါ့ရှင်။
နွားနို့အစစ်က ရေထက်လေးတော့ ချက်ချင်းမစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ။ အဲဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင်။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင်။
နောက်တစ်နည်းဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ကို လက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချောကျိကျိ နေတာကို တွေ့ရပါလိမ့်မယ်။
နောက်ဆုံးနည်းကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေးခင်မှာ နည်းနည်းဖယ်ထားပြီး ကျန်တာကို အပူပေးပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ။ လိုအပ်တာထက်ပိုတဲ့ အဝါရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီပေါ့ရှင်။
Crd
ေခတ္ေပၚ ႏြားနို႔ အတုလုပ္နည္း ႏွင့္ ႏြားနို႔ထဲကို ဘာေတြ ေရာေႏွာတတ္သလဲ ဆိုတာ
ႏြားနို႔ထဲကို ဝိသမေလာဘသား ထုတ္လုပ္သူေတြက ဘာေတြ ေရာေႏွာတတ္သလဲ ဆိုတာေလးကို အရင္တင္ျပပါရေစ။
ပထမဆုံး အရာကေတာ့ ႏြားနို႔ အတုျဖစ္ပါတယ္။ ႏြားနို႔လုံးဝ မပါတဲ့အတြက္ ေဈးအေပါဆုံးနည္းမို႔ အသုံးအမ်ားဆုံး ျဖစ္ပါတယ္။
ႏြားနို႔ အတုအထဲမွာ ဘာေတြပါသလဲဆိုေတာ့ အစစ္နဲ႔ တူေအာင္ ယူရီးယား၊ Starch (ေကာ္မႈန႔္)၊ ေပါင္ဒါသၾကား၊ ေဆာ္ဒါ၊ စားအုန္းဆီ၊ အျဖဴေရာင္ေရေဆးနဲ႔ ပ်စ္ေအာင္ ေခါင္းေလ်ာ္ရည္ကို အခ်ိန္နဲ႔ ထည့္ၾကပါတယ္။ ထည့္ထားတဲ့ ပစၥည္းေတြက လူကို ဥပါဒ္အေပးဆုံးမို႔ အႏၲရာယ္ အမ်ားဆုံးလဲ ျဖစ္ပါတယ္။
ေနာက္တစ္မ်ိဳးကေတာ့ ကၽြန္မတို႔ အေတာ္မ်ားမ်ား သိၾကတဲ့ ေရေရာတာဘဲ ျဖစ္ပါတယ္။ ဒီနည္းက ႏြားနို႔မ်ားမ်ား ပြားေစၿပီး ေရာတဲ့ ေရမသန႔္ပါက လူကို အႏၲရာယ္ေပးပါတယ္။
ေနာက္တစ္နည္းကေတာ့ အဝတ္ေလၽွာ္ ဆပ္ျပာရည္ ေရာတာဘဲ ျဖစ္ပါတယ္။ အဲဒီနည္းက အျမႇုပ္ထေစတဲ့အတြက္ ႏြားနို႔ကို ျပစ္သေရာင္ ထင္ရေအာင္ ျဖစ္ပါတယ္။ မ်ားမ်ား စားသုံးမိပါက အဝတ္ေလၽွာ္ ဆပ္ျပာေၾကာင့္ အူလမ္းေၾကာင္းနဲ႔ ေက်ာက္ကပ္ကို ဒုကၡေပးပါတယ္။
ေနာက္တစ္မ်ိဳးကေတာ့ ႏြားနို႔ကို အထားခံေအာင္ Benzoin Acid, Salicylic Acid နဲ႔ ေဖာ္မလင္ (Formalin) စတာေတြကို ထည့္တာပါဘဲ။
ေနာက္ဆုံးတစ္မ်ိဳးကေတာ့ ႏြားနို႔ထဲကို အမိုးနီယား (Ammonium Sulphate) ထည့္တာပါဘဲ။ ဒီနည္းက ႏြားနို႔ကို ပ်စ္ေစ၊ ေလးေစၿပီး ႏြားနို႔စံခ်ိန္ စစ္တဲ့ ကိရိယာ (Lactometer) ကေတာင္ ရံဖန္ရံခါ ဖတ္ဖို႔ ခက္ခဲတဲ့အတြက္ ခြဲျခားဖို႔ အခက္ခဲဆုံးအရာဘဲ ျဖစ္ပါတယ္။ (ႏြားနို႔ေရာင္းခ်သူ အားလုံးကို မဆိုလိုပါဘူး)
အခုႏြားနို႔ကို ဘယ္လို ေရာေႏွာတတ္တဲ့ အေၾကာင္းကို ေျပာၿပီးၿပီမို႔ သူတို႔ကို ဘယ္လို စစ္ေဆးနိုင္သလဲ ဆိုတာေလးကို တင္ျပသြားပါမယ္။
အမ်ားစုေသာအရာေတြက ဓါတ္ခြဲစစ္ေဆးမွ သိနိုင္တာမို႔ ဓါတ္ခြဲခန္းသုံး ပစၥည္းကိရိယာေတြ မပါဘဲ စားသုံးသူတို႔ မ်က္စိနဲ႔ စစ္ေဆးနိုင္တဲ့ နည္းလမ္းေတြကို ေရြးခ်ယ္ၿပီး တင္ျပလိုက္ပါတယ္။
ပထမဆုံးနည္းကေတာ့ ကိုယ္ဝယ္ထားတဲ့ ႏြားနို႔ကို ေရေရာ မေရာသိခ်င္ရင္ေတာ့ ႏြားနို႔ကို ေခ်ာတဲ့ မ်က္ႏွာျပင္ မွန္လိုဟာမ်ိဳးေပၚမွာ အစက္ခ်ၿပီး မွန္ကို နည္းနည္းမတ္လိုက္လို႔ ႏြားနို႔က ျမန္ျမန္ ေရလို စီးသြား တယ္ဆိုရင္တာ့ ေရပါၿပီေပါ့ရွင္။
ႏြားနို႔အစစ္က ေရထက္ေလးေတာ့ ခ်က္ခ်င္းမစီးဘဲ ေျဖးေျဖးခ်င္း စီးရမယ္ေလ။ အဲဒီလို မစီးရင္ေတာ့ ေရေရာၿပီေပါ့ရွင္။ စီးက်ႏႈန္းကို ၾကည့္ၿပီး ေရာတဲ့ေရ အနည္းအမ်ားကို ခန႔္မွန္းလို႔ ရနိုင္ပါတယ္ရွင္။
ေနာက္တစ္နည္းျဖစ္တဲ့ ဆပ္ျပာရည္ ေရာထားတဲ့ ႏြားနို႔ကေတာ့ ေသာက္ရင္ ခါးသက္သက္ အရသာရွိၿပီး ႏြားနို႔ကို လက္ညႇိုးနဲ႔ လက္မၾကား ပြတ္ၾကည့္ရင္ ဆပ္ျပာလို ေခ်ာက်ိက်ိ ေနတာကို ေတြ႕ရပါလိမ့္မယ္။
ေနာက္ဆုံးနည္းကေတာ့ ဝယ္ထားတဲ့ ႏြားနို႔ကို အပူမေပးခင္မွာ နည္းနည္းဖယ္ထားၿပီး က်န္တာကို အပူေပးၿပီးရင္ အေရာင္ခ်င္း ယွဥ္ၾကည့္ပါ။ လိုအပ္တာထက္ပိုတဲ့ အဝါေရာင္ကို ေျပာင္းသြားရင္ေတာ့ ႏြားနို႔ မစစ္တာ ေသခ်ာၿပီေပါ့ရွင္။
Crd