zawgyi
unicode
မင်းသားကြင်စိုးခေါငင်းဆောင်ပါဝင်သော မစခင်ကရှုံးနှင့်ပြီဇာတ်ကားကြီး ဖေဖော်ဝါရီ ၁ ရက်နေ့ရုံတင်ပြသပါမည်
Silent Strike နေ့မှာ ရပ်ကွက်တွေမှာ မြောင်းဖော်ရမယ်။ ဆုပေးမယ်တဲ့။ ဝန်ထမ်းတွေကို မနက်၁၂ နာရီမှ ရုံးလာရမယ်တဲ့။ ၁၀နာရီနောက်ပိုင်း လမ်းပေါ် လူစည်နေအောင်ပေါ့။
နေပူကျဲတဲမှာ စက်ဘီးစီးပြိုင်ပွဲ၊ ထမင်းနှဲပွဲတဲ့။ Non CDM တွေကို ဈေးဝယ်ထွက်ခိုင်းသတဲ့။ စက်ရုံထုတ်ပစ္စည်းတွေ အလကားနီးပါးဈေးနဲ့ ရောင်းပေးဦးမတဲ့။ နဂိုမူရင်း နေ့လယ်၁၂ ပိတ်တဲ့ဈေးတောင် ၄ နာရီထိ ဖွင့်ကို ဖွင့်ရမယ်တဲ့။
ဂေါင်းကြီးတို့အနေနဲ့ ဒါမျိုးတွေ လုပ်နေတာဟာ ပြည်သူဟာ ဂေါင်းကြီးတို့ဘက်မှာ လုံးဝရှိမနေဘူးဆိုတာ ဂေါင်းကြီးတို့ကိုယ်တိုင် သိရှိနေကြောင်း ပြသဝန်ခံနေတာပဲ။ ဒီလိုမှ လိုက်မလုပ်ရင် ရှုံးကို ရှုံးမှာမို့ ဒါမျိုးတွေ လိုက်လုပ်နေတာပါကွာဆိုတာကို စာတစ်တန်ပေတစ်တန် သက်သေအထောက်အထားနဲ့တကွ ပြသနေတာမျိုး။
လပ်တီးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ မပြိုင်မီက ရှုံးနှင့်သည် ဇာတ်ကားကြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရုံတင်ပြသမည်ဆိုပါတော့။