ဗေဒင်

2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း စနေ သားသမီးများ

2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း စနေ သားသမီးများ

စနေ သားသမီးများ ယခု ဖေဖော်ဝါရီလတွင် အပေါင်းအသင့်မိတ်ဆွေများဖြင့် အတူတကွ ကုသိုလ်အလှူများပြုလုပ်ပါ။

ကျန်းမာရေး ချိူ့တဲ့နေသူများကိုတတ်နိုင်သမျှကူညီပါ။

လူမူရေးကိစ္စရပ်များကိုလည်း တတ်နိုင်သလို ဆောင်ရွက်ပါ။

သို့သော် မိမိအကျိုးထိပါးမှုမရှိအောင် ဦးစားပေးနေထိုင်ရမည်။

စားဝတ်နေရေအခက်အခဲရောက်နေသောလူသာမန်၊လူဆင်းရဲများ ပြန်ကောင်းမွန်လာပါလိမ့်မည်။

စီးပွားရေး

လုပ်ငန်းနှင်ပတ်သက်၍ အကျိုးမြတ်ကောင်းသတင်းစကားကောင်းရမည်။

လုပ်ငန်းရှင်များနှင့် အသေးစားကိုယ်ပိုင်လုပ်ငန်းများအတွက် အထူးအောင်မြင်မှုပြန်လည်ခေါင်းထောင်လာမည်။ရပ်နေသောလုပ်ငန်းများပြန်လည် စတင်လုပ်ကိုင်ရမည်။

ဦးစီး၊ ခေါင်းဆောင်များ အစားထိုးပြုပြင်ပြောင်းလဲခြင်းများ ဖြစ်လာတတ်သည်။

တနလ်ာ၊သောကြာနံလုပ်ငန်းနှင့် ထိုနေနံသားသမီးများ အကျိူးပေး၊လုပ်ငန်းသစ်လုပ်ခြင်း၊အလုပ်သစ်လျှောက်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ အကျိူးဖြစ်အံ့။

ပညာဆိုင်ရာလုပ်ငန်း၊ကွန်ပျူတာနှင့်ဆက်စပ်လုပ်ငန်း၊ကားစင်တာ၊ကားအအရောင်းအဝယ်၊ခြံအရောင်းအဝယ်၊ကြေးလုပ်ငန်း၊ကျောက်ဆစ်လုပ်ငန်း၊​ငွေဝန်ဆောင်မှုလုပ်ငန်း၊ကျောက်မျက်

ရတနာနှင့်၊ ရေလုပ်ငန်း၊သစ်၊သစ်စက်၊ပရိဘောဂလုပ်ငန်း၊ပြန်ကြားရေးငြာနနှင့်သက်ဆိုင်ရာလုပ်ငန်းများ အကျိူးထူးပေးမည်။

(ရွှေ၊ငွေ၊ပုလဲ၊အထည်ရတနာများ လှည်း၊ ရတနာ၊ဝက်မွေးမြူရေးလုပ်ငန်း၊ယဉ်၊ ရွှေ ၊ လူ ၊ အနုပညာ ၊ အလှပညာ) လုပ်ငန်းများနှင့် ပါတ်သက်၍ အတိုက်အခံ၊လုယှက် အပျောက်၊ အပျက်အစီး၊ အလိမ့်ခံရမှုကြုံတွေ့ရအံ့။

အရှေ့ အရပ် လာဘ်ရအံ့။ ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်း၊စာပေကိရိယာဖြန့်ချီ့ခြင်း၊ ရတနာစူးစမ်းရှာဖွေ့ခြင်း အထူးကောင်း၏။

ပညာရေး

ပညာရေး ရာထူးပြောင်းခြင်း၊ဂုဏ်ထူးတတ်ခြင်း၊နေရာပြောင်းရွှေ့ခြင်းရှိမည်။

ပြည်ပသို့လေ့လာရေးခရီးသွားလာရကိန်းရှိသည်။

ဝန်ထမ်းလုပ်ကိုင်သော မိတ်ဆွေများ(ပုဂ္ဂလိက အစိုးရ) အလုပ်နေရာရခြင်း ရာထူးတိုးခြင်း အခွင့်ရေးရခြင်းများနှင့် လုပ်ပိုင်ခွင့်များအတော်ရမည့်လဖြစ်သည်။

အချစ်ရေးနှင့်အိမ်ထောင်းရေး

စနေ သားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် တနလ်ာ၊သောကြာ၊ဗုဒ္ဓဟူး၊ရာဟု ဖြစ်နေလျှင်

ငယ်ရွယ်သူများအတွက် အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းမွန်လှသည်။

စန်းပွင့်ခြင်း နှင့် ချစ်သူနှင့် ပြေလည်ခြင်း ရည်ရွယ်ချက်ရည်မှန်းချက်များ အောင်မြင်နိုင်မည်။ အချစ်ဟောင်း Ex များလဲပြန်လာတက်ပါသည်။ချစ်သူနဲ့ အဆင်မပြေဖြစ်နေသူများ ပြန်အဆင်ပြေလာတက်ပါသည်။

အိမ်ထောင်ဘက်၏ ယုယမှု ကြင်နာမှုကို ပြန်လည်ရရှိမည်။

အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်၏။

ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည်။

မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။

ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။

ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။

စနေ သားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက်တနဂ်နွေ၊စနေ၊အဂ်ါ ဖြစ်နေလျှင်

အချစ်ရေး ဝမ်းနည်းစရာနဲ့ အတိတ်၏နာကျည်းစရာတွေကိုမတွေးတောပဲ ရှေ့ဆက်ဝဘကိုသာကောင်းကောင်းလျှောက်ပါလို့ဆရာအကြံပြုပါရစေ။

အိမ်ထောင်ရေးမှာ ဘာမဟုတ်တဲ့ စကားတခွန်ကို အကျယ်ချဲ့ပြီး ရန်ဖြစ်ရတတ်သည်၊အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ညစ်ရမည်။

ထိုပြင် မိမိအိမ်ထောင်ဖတ်ကို လိုင်းပေါ်မှာရော့၊ အပြင်မှာရော့ အထူး မျက်စိဒေါက်ထောက်ကြည့် နေသင့်၏။

ကျန်းမရေး

ကျန်းမားရေးလည်း ညံ့ဖျင်း၍ ဆေးဝါကုသရတတ်သော ကာလာဖြစ်သည်။

အဆုတ်၊ဒူး၊ခါး၊အကြောအဆစ်ကိုယ်ခန္ဓာအရမ်းကိုက်ခဲမှုများ ကြုံတွေ့ရမည်။ ဂရုစိုက်ပါ။

အထူးအဟော

စက်ပစ္စည်းမောင်းနှင်းခြင်း၊ ကိုယ်တွယ်ခြင်းများနှင့် ဒုတ်၊ဓား၊လက်နက် သဘာဝဘေးအန္တရယ်များ တွေ့ကြုံရတတ်ခြင်းကြောင့် အထူးဂရုစိုက်ပေးပါ။

လူယုံလွယ်မှုကို သတိဆင်ခြင်သင့်၏။ တစ်ပါးသူ၏အနှောက်အယှက်ကြောင့် ဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။

ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စ အဆင်ပြေစေရန်အတွက်

ဘုရားတွင် ဒန်ညွန့် (၇)ညွန့် ကပ်လှူ၍ ဒန်(သို့)နှင်းဆီ ရွက် ပေါ်တွင် “ရ”အက္ခရာရေးပြိး ဆောင်သွားပါ။

အကျိူးပေးဂဏန်း (၂.၀.၆.၄)

အကျိူးပေးနေနံ တနလျာ၊သောကွာ၊ရာဟု

အရှေ့ အရပ် ခရီးသွား၊လုပ်ငန်းဖြန့်ချီခြင်းများ၊ငွေလုပ်ငန်း၊ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။

အကျိူးမပေးနေနံ တနဂ်နွေ၊စနေ၊အဂ်ါ

ကံကောင်းစေသောအရောင် မီးခိုရောင်၊လိမ္မာ်ရောင်၊အသားရောင်

ယတြာ ➖ မိမိနေနံဂြိဟ်ဘုရား စနေနံနေ့ မိမိမွေးနေ့မှ ဂန္ဓာပန်း၊ငွေပန်း၊လသာညွန့်တို့ကိုပေါင်းပြိး ကြွေပန်းအိုးဖြင့် ဘုရားပူဇော် လိုရာဆုတောင်းပါ။ မြတ်စွာဘုရားကို နေ့စဉ်သောက်တော် ရေကပ်လှုပေးပါ

Sayar Minthura MDY 09-751089826 09-767817917