တပို့တွဲလအတွက် အကောင်းဆုံးယတြာ
တပို့တွဲလဆန်း(၁)ရက်နေ့ (1.2.2022) မှ တပို့တွဲလကွယ်(1.3.2022)အထိ တစ်လတာလုံး
“ကြွေပန်းကန်ပြားတစ်ချပ်ထဲတွင် အနာအဆာကင်း၍သန့်စင်ထားသော ကွမ်းရွက်အသန့်နှစ်ရွက် တို့ကို ပုံပါအတိုင်း ဖြန့်ခင်းပေးလိုက်ပါ။
ထိုနောက် ကွမ်းရွက် တစ်ရွက်ပေါ်တွင် ဆန်အနည်းငယ် တင်ပေးရမည်။
နောက်ထပ်ကျန်ရှိနေသော ကွမ်းရွက်တစ်ရွက်ပေါ်မူ သကြားအနည်းငယ် ကို တင်ပေးလိုက်ရပါမည်။”
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား လှူဒါန်းပေးထားရပါမည်။
ယခုလတစ်လတာတွင် သံပုရာရည်တစ်ခွက်စီ ကိုနေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။ နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။
ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁ခေါက်
တပို့တွဲလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=အရှေ့မြောက်အရပ်
တနင်္လာနေ့=နောက်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=တောင်အရပ်
ကြာသပတေးနေ့=မြောက်အရပ်
သောကြာနေ့=အရှေ့အရပ်
စနေနေ့=အနောက်တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ
ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု တပို့တွဲလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို (၂)ရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် တပို့တွဲလ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။
ယတြာလုပ်ဆောင်ပြီး ပြန်လည်ချီးမြှင့်ထားသော ကွမ်းရွက် နှစ်ရွက်စလုံးကို အဆင်ပြေသလို စွန့်ပါ။ ဆန်များကို ခိုစာ၊ငှက်စာအဖြစ် ကျွေးပေးလိုက်ပါ။
သကြားများကို ပိုးပုရွက်စာအဖြစ် ဒါနပြုလိုက်ပါ။
ဤယတြာကို တပို့တွဲလ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် ရိုးရှင်း၍ အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက တပို့တွဲလတစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း 09776478912



