“နွေဦးတော်လှန်ရေး နှစ်ပတ်လည်”ဗိုလ်နဂါးမှအသံတိတ်သပိတ်အား ပါဝင်ကြဖို့တိုက်တွန်း
ငါန်းဇွန်းမြို့နယ်တွင် စစ်ကားတစ်စီးကို မိုင်းဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံးဟုဆို
မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်မှ တံတားဦးဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီကားတစ်စီးကို သေနတ်စစ်ရွာအနီးတွင် ဒေသကာကွယ်ရေးတပ်များက မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
ထို မိုင်းဖောက်ခွဲမူကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR)နှင့်ငါန်းဇွန်ပကဖတို့ဦးဆောင်၍ NZ FIVE STARအဖွဲ့၊တော်ဝင်ဒေဝီ(ငါန်းဇွန်)၊ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊
Young Fighters People’s Defence Force of Myaung(YFPDF)၊ တို့ ပူးပေါင်းဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။