ၾကားသိရသမွ်

လိုလေသေးမရှိအောင် အားသွင်းနိုင်မဲ့ 27,000,000mAh အားပါရှိသည့် ဧရာမအိတ်ဆောင် Power Bank တစ်ခုကို ဖန်တီးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ဘက်ထရီနည်းပညာဟာ photography lights မီးများကို ပါဝါပေးနိုင်သည့် သေးငယ်သောအထုပ်များအပါအဝင် သမားရိုးကျ နံရံပလပ်ပေါက်များမှ စွမ်းအင်ရယူရန် နည်းလမ်းများစွာကို ပံ့ပိုးပေးထားပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ သာမန်မဟုတ်ဘဲ လူ့အရွယ်အစားထက်ကြီးမားနေတဲ့ 27,000,000mAh အားပါရှိတဲ့ “အိတ်ဆောင်” power bank တစ်ခုကို တည်ဆောက်ခြင်းဖြင့် ထိုအယူအဆကို လွန်ကဲစွာ အသုံးချပြခဲ့ပါတယ်။ Hong Kong ရှိ Handy Geng အမည်ရှိအမျိုးသားတစ်ဦးဟာ ဘက်စုံသုံး အဖျော်ယမကာဦးထုပ်၊ ဘီးတပ်ကုလားထိုင် မြက်ရိတ်စက်၊ ရေခဲသေတ္တာသော့ခတ်ရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် လိုအပ်သည့် အဓိပ္ပါယ်မဲ့စက်ပစ္စည်းများကို ဒီဇိုင်းဆွဲကာ တီထွင်ဖန်တီးခြင်းအတွက် နာမည်ကြီး YouTube ချန်နယ်တစ်ခုကို ဖွင့်ထားပါတယ်။

.

သို့ပေမဲ့ Geng ရဲ့ နောက်ဆုံးတီထွင်ဖန်တီးမှုကတော့ စွမ်းရည်မြင့် power bank ရဲ့အယူအဆကို အဆုံးစွန်ထိကျော်လွန်သွားဖို့ ခံယူထားပုံပါဘဲ။ Geng ဟာ လျှပ်စစ်ကားတစ်စီးရဲ့ဘက်ထရီယူနစ်ဖြစ်ဟန်တူသည့်အရာကိုယူကာ အီလက်ထရွန်နစ်စက်ပစ္စည်းအများအပြားကို တစ်ပြိုင်နက်တည်း စွမ်းအင်ပေးနိုင်သည့် ဧရာမ power bank တစ်ခုအဖြစ်သို့ ပြောင်းလဲပေးခဲ့ပါတယ်။ ၎င်းပေါ့ပါးသောပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ သူဟာ ၎င်း power bank ကို ပုံမှန် power bank များရဲ့ ပုံပန်းသဏ္ဍာန်ထက်ကျော်လွန်နေတဲ့ အတိုင်းအတာတစ်ခုအထိ အချောထည်ဗားရှင်းကိုတောင် ပြုလုပ်ခဲ့ပါတယ်။

.

ထို့ပြင် Geng က သူ့ရဲ့“ mega power bank ” လို့အမည်ပေးထားတဲ့ ၎င်း power bank မှာ ဘက်ထရီအား 27,000,000 mAh လောက် စွမ်းရည်ရှိကြောင်းလည်း ဆိုခဲ့ပါတယ်။ မှတ်စုတစ်ခုအနေဖြင့်၊ ဤစွမ်းရည်ရဲ့ဘက်ထရီများကို mAh (milliamp-hour) ဖြင့်ဖော်ပြခဲ့ပေမဲ့လည်း Geng က ပုံမှန်အိတ်ဆောင်ဘက်ထရီအထုပ်များနှင့် နှိုင်းယှဉ်ရလွယ်ကူစေရန်အတွက် ဤအထူးယူနစ်ကို ရွေးချယ်ခဲ့ပုံရပါတယ်။ ဒီ DIY power bank ရဲ့ပန်းတိုင်က ဟာသတစ်ခုလိုဖြစ်နိုင်ပေမယ့် Geng က သူ့ရဲ့ဖန်တီးမှုဟာ ဆဲလ်ဖုန်းများ ၊ လက်ပ်တော့တစ်လုံးနဲ့အတူ တခြား power bank အများအပြားကို တပြိုင်နက်တည်း စွမ်းအင်ပေးနိုင်ကြောင်း သက်သေပြခဲ့ပါသေးတယ်။

.

၎င်း power bank ဟာ လျှပ်စစ်စကူတာတစ်စီးကိုအားသွင်းရင်း ၊ TV ဖွင့်ထားနိုင်တဲ့အပြင် ဖျော်ရည်ဖျော်စက် နှင့် လျှပ်စစ်အိုးတစ်လုံးတို့ကို တစ်ချိန်တည်းလုပ်ဆောင်နိုင်တဲ့အထိ အလုံအလောက် စွမ်းအင်ပေးနိုင်ပါတယ်။

အခြေခံအားဖြင့်၊ သူ့ဖန်တီးမှုက သူ့ရဲ့ ဧရာမဘက်ထရီရဲ့အလေးချိန်ကို ခံနိုင်ရည်ရှိသရွေ့သူနှစ်သက်သည့်နေရာသို့သွားတိုင်း အိမ်တစ်လုံးကဲ့သို့ သက်တောင့်သက်သာရှိမှုအားလုံးကို စွမ်းဆောင်ပေးနိုင်ပါတယ်။

Mia (KB Chimmy one)

Reference : petapixel