ၾကားသိရသမွ်

ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည့် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်

ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည့် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်

မိမိတို့ AAC (ငွေတိုက်စာချုပ် ကိုယ်စားလှယ်အမှတ် AL 002) မှာ ယနေ့ အချိန်ထိ ငွေတိုက်စာချုပ်များကို လူဦးရေး စုစုပေါင်း (၃၄၅)ယောက်တိတိဝယ်ယူခဲ့ပြီးဖြစ်ပါသည်။ ပြည်သူများကို AAC အနေဖြင့် ကူညီဝယ်ယူပေးခဲ့သည့်ငွေတိုက်စာချုပ်တန်ဖိုးငွေစုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ 109,100 USD (ထိုင်းဘတ်ငွေအားဖြင့် တွက်မည်ဆိုကပါ 3,639,182.6 THB / ဘတ် ၃ သန်းခွဲကျော်) ဖြစ်ပါသည်။

AAC (ငွေတိုက်စာချုပ် ကိုယ်စားလှယ်အမှတ် AL 002) က ကူညီဝယ်ယူ ပေးခဲ့တဲ့ အထဲမှာ ဘယ်လိုလူတွေ ပါသလဲ? (ကိုယ်ရေး အချက်အလက်တွေက အထူးလျှို့ဝှက်မို့ အကုန်မသိပါ။

ပုံစံဖြည့်ဖို့ အခက်အခဲရှိတဲ့သူတွေကို ဖြည့်ပေးရတဲ့က မှတ်မိတာလေးတွေက…..

♦️ အသက်အရွယ်
မိဘတွေက ကလေးနာမည်နဲ့ ဝယ်ပေးတာကို ဖယ်လိုက်ရင်၊ ကိုယ့်စိတ်နဲ့ ကိုယ် ဝယ်တာ အငယ်ဆုံးက အသက် ၁၆ နှစ် အကြီးဆုံးက အသက် ၈၂နှစ်

♦️ နေရာဒေသ
မြန်မာပြည်အနှံ့၊ ကမ္ဘာ့နိုင်ငံတွေ အနှံ့ပါပဲ။

♦️ လူမျိုးဘာသာ
မှတ်ပုံတင်အမှတ် ၁/ ကနေစလို့ ၁၄/ အထိ ဆိုမှတော့ လူမျိုးဘာသာ အစုံပေါ့။ (နိုင်) တင်မက (ဧည့်) တို့ (ပြု) တို့က ပါသေးတယ်။ အခြားနိုင်ငံသား ဖြစ်နေသူတွေလည်း မနည်းပါ။

♦️ ဘာလို့ဝယ်ကြတာလဲ
အတိုးတစ်ပြားမှ မရ၊ ငွေလွှဲခက အိတ်စိုက်ရသေး၊ ဗဟိုဘဏ်တစ်ခုက အာမခံထားတာလည်း မဟုတ်၊ တချို့တွေက အဆင့်ဆင့် မေးမြန်းစုံစမ်းပြီး ခက်ခက်ခဲခဲဝယ်ယူခဲ့ကြရပါတယ်။ ဒါပေမဲ့ ဘာလို့ ဝယ်ကြလဲဆိုတာ နိုင်ငံခြားသား တစ်ယောက်ကို ရှင်းပြရင် ခက်ခဲ နိုင်ပါတယ်။
ကိုယ်တွေချင်းကတော့ ဘာမှ ရှင်းမပြဘဲ သိကြတယ်။ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ အတွက် ငွေလိုမှန်းလည်းသိ၊ အရေးတော်ပုံ အောင်ကို အောင်ရမယ် ဆိုတာလည်း သိနေလို့ပေါ့။

♦️ ထူးခြားတဲ့ ဝယ်ယူသူ
ထိုင်းနိုင်ငံရောက် အိမ်အကူလေး မိန်းခလေး ၁ယောက်ပေါ့။ သူတို့ အလုပ်ရှင်ကနေ တဆင့် ဝယ်တာ။ စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ တစ်ရာဖိုး။ မှတ်ပုံတင် မရှိလို့ “ထုတ်မရရင်လည်း နေပါစေ”တဲ့။

မိမိအနေဖြင့် ပြည်တွင်း ပြည်ပမှာ ငွေတိုက်စာချုပ်ဝယ်ယူသူတို့အား အဆင်ပြေ ချောမွေ့စွာ လွယ်ကူစေရန်အတွက်၊ ဆောင်ရွက်လျက်ရှိရာ၊ ယခုလို မိမိတို့ AAC ထံမှတစ်ဆင့် ငွေတိုက်စာချုပ်ဝယ်ယူကြသူများအတွက် AAC အနေဖြင့် အသိပေးလိုပါတယ်။
တစ်ကယ်တော့..

ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ငွေရေးကြေးရေး တာဝန်ခံမှုမှာ အရမ်းထိလွယ်ရှလွယ်ဖြစ်ပါသည်။ အင်မတန်သတိထားရပါသည်။
AAC အနေနဲ့ အခုလိုကိုယ်စားလှယ်တာဝန်ယူရခြင်းအကြောင်းရဲ့ အဓိကအချက်ကတော့..

ငွေတိုက်စာချုပ်ဝယ်ယူသူတို့အတွက် အခကြေးငွေသက်သာစေဖို့၊ ဘဏ်၏ဝန်ဆောင်မှုအခကြေးငွေကို မပေးရတဲ့ ငွေလွှဲတဲ့စနစ်တစ်ခုကို လက်ဝယ်ထားရှိထားတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။

ငွေတိုက်စာချုပ် (ချေးငွေစာချုပ်) များကို နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်က ငွေကြေးလိုအပ်သည့်အချိန်တွင် ငွေတိုက်စာချုပ်များကို ပြည်သူများအား ထုတ်ရောင်းကာ ပြည်သူများထံက ချေးငွေယူသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စာချုပ်ပါ သတ်မှတ်ကာလ ပြည့်ပါက ထိုစာချုပ်တန်ဖိုးကို အစိုးရက ပြန်လည်ပေးချေရသည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကမ္ဘာစစ်အသုံးစရိတ် ပြင်ဆင်ရန်အတွက် အစိုးရက ပြည်သူ့ထံမှ ငွေချေးယူသည့်သဘောဖြင့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းလေ့ရှိပြီး NUG အစိုးရက တော်လှန်ရေးကာလ အတွက် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းသည် ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။

“အခုလိုမျိုး တော်လှန်ရေးကာလ အထူးငွေတိုက်စာချုပ်များကို ထုတ်ဝေရောင်းချရခြင်းက NUG အစိုးရရဲ့ အဓိက လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေများကို ပြည်သူနဲ့အတူ လက်တွဲပြီး ပြည်သူ့ဆီကနေပြီးတော့ အစိုးရတစ်ရပ်က တရားဝင် ငွေချေးယူတဲ့သဘောဖြစ်ပါတယ်။

တော်လှန်ရေး ရန်ပုံငွေလိုအပ်ချက်အရ ရောင်းချမည့် ငွေတိုက်စာချုပ် ဒေါ်လာသန်း ၁,၀၀၀ ဖိုးကို အသုတ်လိုက် ရောင်းချသွားမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် R စီးရီး ကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်စာချုပ် များကို မိမိတို့ AAC (ငွေတိုက်စာချုပ် ကိုယ်စားလှယ်အမှတ် AL 002) မှာ ဝယ်ယူအားပေးခဲ့ကြတာကို အဖွဲ့သားများအားလုံးက အထူးကျေးဇူးတင်ရပါတယ်။

#ထိုင်းရောက်ရွှေမြန်မာများအလွယ်တကူဘွန်းဝယ်ယူနိုင်စေဖို့အတွက်
NUGအစိုးရရဲ့တရားဝင်ကိုယ်စားလှယ်တယောက်အဖြစ် AAC (ငွေတိုက်စာချုပ် ကိုယ်စားလှယ်အမှတ် AL 002) မှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

၁။ ပြည်သူတွေသာ ညီညာရင်၊ စည်းလုံးရင် ဘယ်အောင်ပွဲမဆို အရ ယူနိုင်ပါတယ်။
၂ ။ မုန်တိုင်းကြားမှာ ဆက်လက် ဖြတ်သန်းကြပါစို့။

၃။ ပြည်သူထက် ကြီးမြတ်သော အရာ မရှိပါ ။
၄ ။ မြန်မြန် အောင်ချင်ရင် များများ မြန်မြန် ဝယ်ကြပါ။

၅ ။ ဘယ်လောက် မြန်မြန် အောင်ပွဲခံနိုင်မလဲဆိုတာ…
မိမိတို့ ငွေတိုက်စာချုပ် ဘယ်လောက် များများ မြန်မြန် ဝယ်ယူကြမလဲ ဆိုတာနဲ့ တိုက်ရိုက် အချိုးကျပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။

AAC (ငွေတိုက်စာချုပ် ကိုယ်စားလှယ်အမှတ် AL 002)

ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)
၃၁.၀၁.၂၀၂၂