၁၉၉၀ ခုနှစ်မှစ၍ နှစ်စဉ်ရွေးချယ်နေကြ TC Candler ရဲ့ ၂၀၂၁ခုနှစ် ကမ္ဘာ့ရုပ်အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား အယောက် ၁၀၀ စာရင်း (The 100 Most Handsome Faces Of 2021) မှာ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်က နံပါတ် (၁) နေရာ ရရှိသွားပါတယ်။

ကမ္ဘာတဝန်း နာမည်စာရင်းတင်သွင်းထား အယောက် ၂ သိန်းကျော် ထဲကနေ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပိုင်တံခွန်ဟာ နံပါတ် (၁) နေရာကနေ ရွေးချယ် ဖော်ပြခြင်း ခံရတာဖြစ်ပါတယ်။
ညှိငင်နိုင်လွန်းတဲ့ မျက်ဝန်း ၊ မိမိုက်တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်နဲ့ မြန်မာပရိတ်သတ်သာမက ကမ္ဘာကပရိတ်သတ်တွေရဲ့ အသည်းနှလုံးကိုပါခြွေယူထားသူကတော့ ပြည်သူ့မင်းသားချောပိုင်တံခွန်ဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံးလို သတ်မှတ်ခံထားရတဲ့ ပိုင်တံခွန်ဟာဆိုရင် (၂၀၂၂) ခုနှစ်ရဲ့ ဇကာတင်စာရင်းထဲ ပထမဆုံး ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

TC Candler ရဲ့ (၂၀၂၂) ခုနှစ်အတွက် ကမ္ဘာ့အလှဆုံးနဲ့ အချောဆုံး စာရင်းများကို စတင်ဖော်ပြရာ (၂၀၂၁) မှာ နံပါတ်(၁)ရခဲ့တဲ့ ပိုင်တံခွန် နဲ့ LISA က ပထမဆုံး ဇကာတင်စာရင်းထဲ ပါဝင်လာပါတယ်။ ပိုင်တံခွန်တစ်ယောက်ခုလိုဆက်လက်အောင်မြင်နိုင်ပြီး ပြည်သူတွေနဲ့အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို ဆုတောင်းလိုက်ရပါတယ်။
Credit Proud of Myanmar,
Zawgyi
၁၉၉၀ ခုႏွစ္မွစ၍ ႏွစ္စဥ္ေ႐ြးခ်ယ္ေနၾက TC Candler ရဲ႕ ၂၀၂၁ခုႏွစ္ ကမ႓ာ့႐ုပ္အေခ်ာဆုံး မ်က္ႏွာပိုင္႐ွင္ အမ်ိဳးသား အေယာက္ ၁၀၀ စာရင္း (The 100 Most Handsome Faces Of 2021) မွာ ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္က နံပါတ္ (၁) ေနရာ ရ႐ွိသြားပါတယ္။
ကမ႓ာတဝန္း နာမည္စာရင္းတင္သြင္းထား အေယာက္ ၂ သိန္းေက်ာ္ ထဲကေန အေခ်ာဆုံးမ်က္ႏွာပိုင္႐ွင္ အေယာက္ ၁၀၀ စာရင္းကို ဒီဇင္ဘာ ၂၈ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ပိုင္တံခြန္ဟာ နံပါတ္ (၁) ေနရာကေန ေ႐ြးခ်ယ္ ေဖာ္ျပျခင္း ခံရတာျဖစ္ပါတယ္။

ညႇိငင္ႏိုင္လြန္းတဲ့ မ်က္ဝန္း ၊ မိမိုက္ေတာင့္ေျဖာင့္တဲ့ ခႏၶာကိုယ္နဲ႔ ျမန္မာပရိတ္သတ္သာမက ကမ႓ာကပရိတ္သတ္ေတြရဲ႕ အသည္းႏွလုံးကိုပါေႁခြယူထားသူကေတာ့ ျပည္သူ႕မင္းသားေခ်ာပိုင္တံခြန္ျဖစ္ပါတယ္။ (၂၀၂၁) ခုႏွစ္ရဲ႕ ကမ႓ာ့အေခ်ာဆုံးလို သတ္မွတ္ခံထားရတဲ့ ပိုင္တံခြန္ဟာဆိုရင္ (၂၀၂၂) ခုႏွစ္ရဲ႕ ဇကာတင္စာရင္းထဲ ပထမဆုံး ျပန္လည္ပါဝင္လာခဲ့တာျဖစ္ပါတယ္။
TC Candler ရဲ႕ (၂၀၂၂) ခုႏွစ္အတြက္ ကမ႓ာ့အလွဆုံးနဲ႔ အေခ်ာဆုံး စာရင္းမ်ားကို စတင္ေဖာ္ျပရာ (၂၀၂၁) မွာ နံပါတ္(၁)ရခဲ့တဲ့ ပိုင္တံခြန္ နဲ႔ LISA က ပထမဆုံး ဇကာတင္စာရင္းထဲ ပါဝင္လာပါတယ္။ ပိုင္တံခြန္တစ္ေယာက္ခုလိုဆက္လက္ေအာင္ျမင္ႏိုင္ၿပီး ျပည္သူေတြနဲ႔အျမန္ဆုံးျပန္လည္ဆုံစည္းႏိုင္ပါေစလို ဆုေတာင္းလိုက္ရပါတယ္။
Credit Proud of Myanmar,



