ၾကားသိရသမွ်

နေ့စဥ် Facebook သုံးစွဲသူတွေ ကျဆင်းလာခဲ့လို့ နေ့ချင်းညချင်း ဒေါ်လာ ၃၂ ဘီလီယံ အရှုံးပေါ်ခဲ့တဲ့ Mark Zuckerberg

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတော့ရှယ်ယာများ သမိုင်းဝင်ကျဆင်းမှုဟာ ၂၆% ကျော်ခဲ့တယ်လို့ ဆိုပါတယ်။ Meta ရဲ့ CEO ဖြစ်သူ Mark Zuckerberg ကတော့ ရှယ်ယာများ ကျဆင်းမှုကြောင့် ဒေါ်လာ ၃၂ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလအတွင်းကလည်း Meta ရဲ့ အမြတ်ငွေနှင့် သုံးစွဲသူများ သိသိသာသာ ကျဆင်းခဲ့တာကြောင့် စျေးကွက်အရင်းအနှီးဟာ ဒေါ်လာ ၆၆၁ ဘီလီယံက ဒေါ်လာ ၂၃၀ ဘီလီယံကျော် ကျဆင်းသွားခဲ့ပါတယ်။ ကြာသပတေးနေ့က ကုမ္ပဏီရဲ့ စျေးကွက်အရင်းအနှီးဟာ ဒေါ်လာ ၈၉၈.၅ ဘီလီယံရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/bc/bc96007dc2ac518639cf34161a01dbcc2a0f9daa.jpg

အဆိုပါ ဆုံးရှုံးမှုကို အမေရိကန်သမိုင်းမှာ တစ်ရက်တာ အကြီးမားဆုံး ကျဆင်းမှုဖြစ်ကြောင်း The Wall Street Journal က ဖော်ပြခဲ့ပါတယ်။ Facebook ကုမ္ပဏီကို လူသိများလာတဲ့ အချိန်တုန်းက ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁ ထရီလျံကျော်အထိ ရရှိခဲ့တဲ့အတွက် အမေရိကန်မှာ ပဉ္စမမြောက် ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အခြားကုမ္ပဏီ တွေကတော့ Apple၊ Microsoft၊ Amazon နှင့် Google တို့ဖြစ်ပါတယ်။ Meta Platforms ရဲ့ ရှယ်ယာများဟာ ကြာသပတေးနေ့က ဒေါ်လာ ၂၃၇.၇၆ ဖြင့်ပိတ်ခဲ့ပြီး ၂၆ % ခန့်ကျဆင်းသွားခဲ့ပါတယ်။ စျေးကွက်အတွင်း ရောင်းဝယ်တဲ့ စတော့စျေးနှုန်းဟာ ဒေါ်လာ ၂၄၀.၆၀ အထိရှိခဲ့လို့ ၁ % ကျော်တက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/86/863f21d44e1e3ed174e43e2e106601a7d8be221f.jpg

Mark Zuckerberg ရဲ့ ရှယ်ယာများကတော့ ကြာသပတေးနေ့ ဈေးကွက်မဖွင့်မီမှာ ဒေါ်လာ ၁၂၁ ဘီလီယံထိ ချမ်းသာခဲ့ပါတယ်။ စျေးကွက်ပိတ်တဲ့အခါမှာ သူရဲ့ရှယ်ယာပိုင်ဆိုင်မှုဟာ ဒေါ်လာ ၈၉.၁ ဘီလီယံပဲရှိခဲ့ပါတယ်။Zuckerberg ဟာ Bloomberg ရဲ့ ဘီလီယံနာများစာရင်းမှာတော့ နံပါတ် (၇) နေရာမှာ ရပ်တည်နေပြီး ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၄.၉ ဘီလီယံအထိ ကျဆင်းသွားတာကို တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ Facebook အသုံးပြုတဲ့လူငယ်တွေဟာ အခြားဟာတွေ သုံးတာများလာတဲ့အတွက် Meta ရဲ့ CEO Mark Zuckerberg ဟာ နေ့ချင်းညချင်း ဒေါ်လာ ၃၂ ဘီလီယံဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ နေ့စဉ် Facebook သုံးသူ (၁•၉၂၉) ဘီလီယံထဲက လူအယောက် ၁ သန်းပဲ လျော့သွားတာဖြစ်ပါတယ်။ Mark Zuckerberg ရဲ့ ဝင်ငွေကျဆင်းမှုကိုတော့ ကြာသပတေးနေ့က မှတ်ချက်တစ်ခုအနေနဲ့ Michael Nathanson က ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။