ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ငယ်စဉ်ကဆင်းရဲချို့တဲ့လွန်းတဲ့ဘဝမှာ နေထိုင်ခဲ့ရသူဖြစ်ပြီး ဘယ်သူကမှယနေ့အချိန်မှာလို အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြမှာ မဟုတ်ပါဘူး။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနိုင်ငံ၊ မဒေရာကျွန်းက၎င်းတို့ရဲ့သေးငယ်လှတဲ့ မိသားစုအိမ်လေးမှာမွေးချင်းတွေနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် နေထိုင်ခဲ့ရပြီး အကြိမ်ပေါင်းများစွာဆာလောင်ငတ်မွတ်ခြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာဖြစ်ပါတယ်။
စပို့တင်း လစ္စဘွန်းအသင်းကို ပြောင်းရွှေ့ခွင့် ရရှိခဲ့ခြင်းက ရော်နယ်လ်ဒိုရဲ့ကစားသမားဘဝထိပ်ဆုံးကိုရောက်ရှိနိုင်မယ့် လမ်းကြောင်းအစဖြစ်ခဲ့ပေမယ့်အဲဒီအချိန်အထိငွေကြေးလုံ လောက်ခြင်းမရှိဘဲဒုက္ခဆင်းရဲတွေ ဆက်လက်ခံစားရဆဲ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာဟာဖခင်ဖြစ်သူလူငယ်ကစားသမားဘဝတုန်းက နေထိုင်ခဲ့တဲ့ အိမ်ကိုမြင်တွေ့ရတဲ့အချိန်မှာမယုံနိုင်ဘဲအံ့အားသင့် တုန်လှုပ်ခဲ့ပါတယ်။ “ကျွန်တော့်သားကကျွန်တော့်ကို လှည့်ကြည့်ပြီး ‘အဖေဒီမှာ တကယ်ပဲနေခဲ့တာလား’လို့ ပြောခဲ့ပါတယ်။သူတို့တွေက ဒီကမ္ဘာကြီးမှာအကုန်လုံးကလွယ်ကူနေတယ်လို့ ထင်နေတာ။သူတို့တွေက လိုချင်တာအားလုံးသူတို့ရှေ့အလိုလို ရောက်လာလိမ့်မယ်လို့ ထင်နေတာပါ”

ရော်နယ်လ်ဒိုဟာ ၂၀၁၉ ခုနှစ်တုန်းက ပီယာစ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာ၎င်းရဲ့ရင်နင့်ဖွယ် ကလေးဘဝနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးပေါ်တူဂီကြယ်ပွင့်ဟာ ဒေသတွင်းမက်ဒေါ်နယ်စားသောက်ဆိုင်ကို ဘာဂါသွားတောင်းစားခဲ့ရတဲ့အကြောင်း ထုတ်ဖော်ပြောကြားရင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့တာဖြစ်ပါတယ်။
အမေ့အိမ်မှာမဟုတ်ရင် ငတ်ပြတ်နေတဲ့ ကမ္ဘာပေါ်က အခြားသား၊သမီးတွေရဲ့ ထုံးစံအတိုင်းပဲခရစ္စတီယာနို ရော်နယ်လ်ဒိုဟာအဲဒီအချိန်တုန်းကမိသားစုနဲ့ အဝေး လစ္စဘွန်းမှာတစ်ဦးတည်း နေထိုင်ခဲ့ရတာဖြစ်ပြီးအဲဒီအချိန်ဟာ၎င်းရဲ့ဘဝမှာ အရမ်းခက်ခဲတဲ့အချိန်ကာလဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်တာာဗျူးမှာ ရော်နယ်လ်ဒိုက ၎င်းကို ဘာဂါလက်ကျန်တွေကို ကျွေးမွေးခဲ့တဲ့ အက်ဒ်နာလို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးအပါအဝင်အခြားအမျိုးသမီး ၂ ဦးကိုလည်းငတ်မွတ်နေချိန်မှာစားစရာတွေ ပေးခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်ချင်တာကြောင့် ရှာဖွေပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “ညဘက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ဆိုကျွန်တော်တို့နည်းနည်းဗိုက်ဆာတတ်ပါတယ်။
ကျွန်တော်တို့ နေခဲ့တဲ့ကွင်းရဲ့ရှေ့မှာ မက်ဒေါ်နယ်ဆိုင်ရှိတယ်။ကျွန်တော်တို့အဲဒီကို အနောက်တံခါးကနေသွားပြီးတံခါးခေါက်ပြီး ‘ဟိတ် ဘာဂါလေးများကျန်သေးလားမသိဘူးဗျ’လို့ သွားတောင်းနေကျပါ။အက်ဒ်နာနဲ့နောက်ထပ်ကောင်မလေး ၂ ယောက် ။သူတို့ကမယုံနိုင်စရာပါပဲ။ကျွန်တော်ဒီကောင်မလေးတွေကိုနောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ပါဘူး”
“ကျွန်တော် ပေါ်တူဂီမှာရှိတဲ့လူအချို့နဲ့ ဒီကောင်မလေးတွေကိုရှာဖို့စကားပြောခဲ့ပေမယ့်သူတို့တွေမက်ဒေါ်နယ်ဆိုင် ပိတ်သွားခဲ့ပါတယ်။ဒါပေမယ့် ဒီအင်တာဗျူးကသူတို့ကို ရှာတွေ့နိုင်ဖို့အကူအညီဖြစ်မယ်ဆိုရင်ကျွန်တော်အရမ်းပျော်ရွှင်မိမှာပါ။
ကျွန်တော်သူတို့ကို တူရင် သို့မဟုတ် လစ္စဘွန်းက ကျွန်တော့်အိမ်ကိုလာဖို့ ဖိတ်ချင်တယ်။ကျွန်တော်နဲ့အတူ ညစာလာစားဖို့ဖိတ်ခေါ်ချင်ပြီး ရိုးရိုးသားသားပြောရရင်ဒီကောင်မလေးတွေကို ကျွန်တော်ရှာတွေ့ချင်ပါတယ်။ကျွန်တော် သူတို့ကိုတစ်ခုခု ပြန်ပေးချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Givemesport
Credit Kwee
ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ငယ္စဥ္က ဆင္းရဲခ်ိဳ႕တဲ့လြန္းတဲ့ဘဝမွာ ေနထိုင္ခဲ့ရသူျဖစ္ၿပီး ဘယ္သူကမွ ယေန႕အခ်ိန္မွာလို ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေဘာလုံးသမားတစ္ဦးျဖစ္လာလိမ့္မယ္လို႔ ထင္မွတ္ခဲ့ၾကမွာ မဟုတ္ပါဘူး။
ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီနိုင္ငံ၊ မေဒရာကြၽန္းက၎တို႔ရဲ႕ေသးငယ္လွတဲ့ မိ သားစုအိမ္ေလးမွာေမြးခ်င္းေတြနဲ႕ က်ဥ္းက်ဥ္းၾကပ္ၾကပ္ ေနထိုင္ခဲ့ရၿပီး အႀကိမ္ေပါင္းမ်ားစြာဆာေလာင္ငတ္မြတ္ျခင္းဒဏ္ကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတာျဖစ္ပါတယ္။

စပို႔တင္းလစၥဘြန္းအသင္းကို ေျပာင္းေ႐ႊ႕ခြင့္ ရရွိခဲ့ျခင္းက ေရာ္နယ္လ္ဒိုရဲ႕ကစားသမားဘဝ ထိပ္ဆုံးကို ေရာက္ရွိနိုင္မယ့္ လမ္းေၾကာင္းအစျဖစ္ခဲ့ေပမယ့္ အဲဒီအခ်ိန္အထိေငြေၾကးလုံေလာက္ျခင္းမရွိဘဲဒုကၡဆင္းရဲေတြ ဆက္လက္ခံစားရဆဲ ျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုရဲ႕သားျဖစ္သူ ခရစၥတီယာနို ဂ်ဴနီယာဟာဖခင္ျဖစ္သူလူငယ္ကစား သမားဘဝတုန္းက ေနထိုင္ခဲ့တဲ့ အိမ္ကို ျမင္ေတြ႕ရတဲ့အခ်ိန္မွာမယုံနိုင္ဘဲ အံ့အားသင့္ တုန္လႈပ္ခဲ့ပါတယ္။ “ကြၽန္ေတာ့္သားကကြၽန္ေတာ့္ကို လွည့္ၾကည့္ၿပီး ‘အေဖ ဒီမွာ တကယ္ပဲ ေနခဲ့တာလား’လို႔ ေျပာခဲ့ပါတယ္။သူတို႔ေတြကဒီကမာၻႀကီးမွာအကုန္လုံးကလြယ္ကူေနတယ္လို႔ထင္ေနတာ။သူတို႔ေတြကလိုခ်င္တာအားလုံးသူတို ႔ေရွ႕အလိုလို ေရာက္လာလိမ့္မယ္လို႔ ထင္ေနတာပါ”
ေရာ္နယ္လ္ဒိုဟာ ၂၀၁၉ ခုႏွစ္တုန္းက ပီယာစ္ ေမာ္ဂန္နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ၎ရဲ႕ ရင္နင့္ဖြယ္ ကေလးဘဝနဲ႕ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီးေပၚတူဂီၾကယ္ပြင့္ဟာ ေဒသတြင္းမက္ေဒၚနယ္စားေသာက္ဆိုင္ကို ဘာဂါသြားေတာင္းစားခဲ့ရတဲ့အေၾကာင္း ထုတ္ ေဖာ္ေျပာၾကားရင္း မ်က္ရည္မဆည္နိုင္ေအာင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အေမ့အိမ္မွာမဟုတ္ရင္ ငတ္ျပတ္ေနတဲ့ ကမာၻေပၚက အျခားသား၊သမီးေတြရဲ႕ ထုံးစံအတိုင္းပဲ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာအဲဒီအခ်ိန္တုန္းကမိသားစုနဲ႕ အေဝး လစၥဘြန္းမွာတစ္ဦးတည္း ေနထိုင္ခဲ့ရတာျဖစ္ၿပီးအဲဒီအခ်ိန္ဟာ၎ရဲ႕ဘဝမွာ အ ရမ္းခက္ခဲတဲ့အခ်ိန္ကာလျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အင္တာာဗ်ဴးမွာ ေရာ္နယ္လ္ဒိုက၎ကိုဘာဂါလက္က်န္ေတြကို ေကြၽးေမြးခဲ့တဲ့အက္ဒ္နာလို႔အမည္ရတဲ့ အမ်ိဳးသမီးတစ္ဦးအပါအဝင္အျခားအမ်ိဳးသမီး ၂ ဦးကိုလည္းငတ္မြတ္ေနခ်ိန္မွာစားစရာေတြ ေပးခဲ့တဲ့အတြက္ ေက်းဇူးျပန္ဆပ္ခ်င္တာေၾကာင့္ ရွာေဖြေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။“ညဘက္ ၁၀ နာရီခြဲ၊ ၁၁ နာရီေလာက္ဆို ကြၽန္ေတာ္တို႔နည္းနည္းဗိုက္ဆာတတ္ပါတယ္။
ကြၽန္ေတာ္တို႔ ေနခဲ့တဲ့ကြင္းရဲ႕ေရွ႕မွာ မက္ေဒၚနယ္ဆိုင္ရွိတယ္။ကြၽန္ေတာ္တို႔အဲဒီကို အေနာက္တံခါးကေနသြားၿပီးတံခါးေခါက္ၿပီး‘ဟိတ္ ဘာဂါေလးမ်ားက်န္ေသးလားမသိဘူးဗ်’လို႔သြားေတာင္းေနက်ပါ။အက္ဒ္နာနဲ႕ ေနာက္ထပ္ေကာင္ မေလး ၂ ေယာက္။သူတို႔ကမယုံနိုင္စရာပါပဲ။ကြၽန္ ေတာ္ဒီေကာင္မေလးေတြကို ေနာက္ထပ္ဘယ္ေတာ့မွမေတြ႕ရေတာ့ပါဘူး”
“ကြၽန္ေတာ္ ေပၚတူဂီမွာရွိတဲ့လူအခ်ိဳ႕နဲ႕ ဒီေကာင္မေလးေတြကိုရွာဖို႔စကားေျပာခဲ့ေပမယ့္သူတို႔ေတြ မက္ေဒၚနယ္ဆိုင္ ပိတ္သြားခဲ့ပါတယ္။ဒါေပမယ့္ ဒီအင္တာဗ်ဴးကသူတို႔ကို ရွာေတြ႕နိုင္ဖို႔အကူအညီျဖစ္မယ္ဆိုရင္ကြၽန္ေတာ္အရမ္းေပ်ာ္႐ႊင္မိမွာပါ။
ကြၽန္ေတာ္သူတို႔ကိုတူရင္ သို႔မဟုတ္ လစၥဘြန္းက ကြၽန္ေတာ့္အိမ္ကိုလာဖို႔ဖိတ္ခ်င္တယ္။ကြၽန္ေတာ္နဲ႕အတူ ညစာလာစားဖို႔ဖိတ္ေခၚခ်င္ၿပီး ရိုးရိုးသားသားေျပာရရင္ဒီေကာင္မေလးေတြကိုကြၽန္ေတာ္ရွာေတြ႕ခ်င္ပါတယ္။ကြၽန္ေတာ္ သူတို႔ကိုတစ္ခုခု ျပန္ေပးခ်င္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Featured Photo: Givemesport
Credit Kwee



