အသည္းကြဲရင္ေပ်ာက္တယ္ဆိုတဲ့ေဆးက တကယ္ရွိပါတယ္။
ငါဒီအခ်ိန္ႀကီးကိုရေအာင္ေက်ာ္ျဖတ္မယ္ဆိုတဲ့ “ခိုင္မာတဲ့ဆုံးျဖတ္ခ်က္” ရယ္၊ ဘာအခက္အခဲပဲရွိရွိတကယ္ကိုႀကိဳးစားမယ္ဆိုတဲ့ “သတၱိ” ရယ္ရွိရင္ရၿပီ။
ႀကိဳးစားေနတဲ့အခ်ိန္မွာ “သူျပန္မလာခဲ့ရင္တို႔၊ သူျပန္လာပါ့မလား” တို႔ဆိုတဲ့အေတြးေတြထက္ “ငါဘယ္လိုေနရင္ပိုအဆင္ေျပလာမလဲ” ဆိုတဲ့အေတြးေတြကိုပိုၿပီးေတြးၾကည့္ပါ။
လူတစ္ေယာက္ကိုေမ့ဖို႔က ခ်က္ခ်င္းႀကီးဝုန္းခနဲ ဒိုင္းခနဲမေမ့သြားဘူး။ သူ႔ကိုကိုယ္ဘယ္ေလာက္ခ်စ္ခဲ့သလဲဆိုတာရယ္၊ အခ်ိန္ဘယ္ေလာက္ၾကာၾကာခ်စ္ခဲ့ရလဲဆိုတာရယ္ ေပၚမွာမူတည္ၿပီး healing လုပ္ရတဲ့အခ်ိန္ကြာသြားတာေတာ့ရွိမွာေပါ့။
အဲ့လိုႀကိဳးစားေနတဲ့အခ်ိန္ေတြအတြင္းမွာ ခဏခဏအေႏွာင့္အယွက္ေပၚလာလိမ့္မယ္။
ဥပမာ – တစ္လေလာက္၊ ႏွစ္လေလာက္အဆက္အသြယ္မလုပ္ဘဲအဆင္ေျပေနရာကေန ဖုန္းထဆက္ခ်င္လာတာတို႔၊ သူ႔အေကာင့္ကိုဝင္ၾကည့္မိတာတို႔၊ သူရည္းစားရတာပဲျဖစ္ျဖစ္၊ တျခားလူေတြနဲ႔ေပ်ာ္ေနတဲ့သတင္းေတြၾကားရတာတို႔လိုမ်ိဳးေပါ့။
အဲ့လိုေတြျဖစ္လာခဲ့ရင္ စိတ္ကိုေလၽွာ့မခ်ပစ္လိုက္နဲ႔။
အေပၚမွာေျပာခဲ့သလိုပဲ…သတၱိရွိရွိနဲ႔ ဆက္အားတင္းၿပီးရေအာင္ေက်ာ္ျဖတ္ရင္ တစ္ေန႔ထက္တစ္ေန႔ပိုအဆင္ေျပလာလိမ့္မယ္ဆိုတာကိုယုံၾကည္ေပးပါ။
အမလည္းတစ္ခ်ိန္က အဲ့ဒီအသည္းကြဲတယ္ဆိုတဲ့ကာလႀကီးကို ေက်ာ္ျဖတ္ခဲ့ဖူးလို႔ အမေျပာတဲ့စကားကိုယုံပါ…”တစ္ေန႔ေန႔မွာေတာ့…တကယ္ အဆင္ေျပသြားမွာပါ” ❤
#Met
unicode
အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးက တကယ်ရှိပါတယ်။
ငါဒီအချိန်ကြီးကိုရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ “ခိုင်မာတဲ့ဆုံးဖြတ်ချက်” ရယ်၊ ဘာအခက်အခဲပဲရှိရှိတကယ်ကိုကြိုးစားမယ်ဆိုတဲ့ “သတ္တိ” ရယ်ရှိရင်ရပြီ။
ကြိုးစားနေတဲ့အချိန်မှာ “သူပြန်မလာခဲ့ရင်တို့၊ သူပြန်လာပါ့မလား” တို့ဆိုတဲ့အတွေးတွေထက် “ငါဘယ်လိုနေရင်ပိုအဆင်ပြေလာမလဲ” ဆိုတဲ့အတွေးတွေကိုပိုပြီးတွေးကြည့်ပါ။
လူတစ်ယောက်ကိုမေ့ဖို့က ချက်ချင်းကြီးဝုန်းခနဲ ဒိုင်းခနဲမမေ့သွားဘူး။ သူ့ကိုကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာရယ်၊ အချိန်ဘယ်လောက်ကြာကြာချစ်ခဲ့ရလဲဆိုတာရယ် ပေါ်မှာမူတည်ပြီး healing လုပ်ရတဲ့အချိန်ကွာသွားတာတော့ရှိမှာပေါ့။
အဲ့လိုကြိုးစားနေတဲ့အချိန်တွေအတွင်းမှာ ခဏခဏအနှောင့်အယှက်ပေါ်လာလိမ့်မယ်။
ဥပမာ – တစ်လလောက်၊ နှစ်လလောက်အဆက်အသွယ်မလုပ်ဘဲအဆင်ပြေနေရာကနေ ဖုန်းထဆက်ချင်လာတာတို့၊ သူ့အကောင့်ကိုဝင်ကြည့်မိတာတို့၊ သူရည်းစားရတာပဲဖြစ်ဖြစ်၊ တခြားလူတွေနဲ့ပျော်နေတဲ့သတင်းတွေကြားရတာတို့လိုမျိုးပေါ့။
အဲ့လိုတွေဖြစ်လာခဲ့ရင် စိတ်ကိုလျှော့မချပစ်လိုက်နဲ့။
အပေါ်မှာပြောခဲ့သလိုပဲ…သတ္တိရှိရှိနဲ့ ဆက်အားတင်းပြီးရအောင်ကျော်ဖြတ်ရင် တစ်နေ့ထက်တစ်နေ့ပိုအဆင်ပြေလာလိမ့်မယ်ဆိုတာကိုယုံကြည်ပေးပါ။
အမလည်းတစ်ချိန်က အဲ့ဒီအသည်းကွဲတယ်ဆိုတဲ့ကာလကြီးကို ကျော်ဖြတ်ခဲ့ဖူးလို့ အမပြောတဲ့စကားကိုယုံပါ…”တစ်နေ့နေ့မှာတော့…တကယ် အဆင်ပြေသွားမှာပါ” ❤
#Met