အရှက်တွေကို ဘေးချိတ်ပြီး မိမိတို့ လောကအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ ကေတီဗွီက ကောင်မလေး
ပုခုံးတွေ ခါးတွေ ဟိုပွတ် ဒီပွတ်နဲ့ ခုကျွေးမလို တော်ကြာ ကျွေးမလို မာယာ များရတာပေါ့နော်။ သစ္စာမေတ္တာ ဆိုတာ ကေတီဗီလောကမှာ မရှိဘူး။
” ကေတီဗီ နွား ”
ဘိုးတော်ရောက်ပြီ … ဝိတ်တာလေး လာအော်တော့မှ ဘောင်းဘီတို ကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို ဆက်စီ ဖြစ်အောင် ဖွပြီး Room A7 ကို သွားပြီ။
ဒီနေ့တော့ ဘိုးတော် တစ်ပွေတည်း ဂေါက် မရိုက်ဖြစ်လို့ စောလာတာတဲ့လေ။ ဘိုးတော်က ဆရာကြီး စတိုင်နဲ့ ထိုင်နေပြီ။ အမှန်တော့ အာပလာကြီး ဖြစ်နေပြီရယ်။
ဘာဖြစ်ဖြစ် ကိုယ့် ကာစတမ်မာကို အပြုံး းမပျက်ရဘူးလေ။ သူ့အတွက် သောက်စရာ စားစရာမှာ ကိုယ့်အတွက် ကျွဲရိုင်းနဲ့ သီးစုံတစ်ပွဲပေါ့။
ထုံးစံအတိုင်း ဘိုးတော်က ရူးကြောင် မူးကြောင်နဲ့ လေတွေ စွတ်တိုက်နေပြန်တာ အခုပဲ တိုက်ခန်း ဝယ်ပေးတော့မှာလို နိုင်ငံခြားအလည် ခေါ်တော့မှာလို ကိုယ်တွေကလည်း ဒါမျိုးတွေ ရိုးလို့ရှင် … ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်။
စီးပွားရေး အောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင်။ ဘောလုံးပွဲ လောင်းတာ တော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင်။
လူတိုင်းက ဒီနေရာ ရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေ။ ကိုယ်တွေကတော့ သနားအောင် ဇာတ်ကွက်ဆင်ရတာပေါ့။ ပထွေးနဲ့ နေရတာတို့ မောင်နှမ များတာတို့ အမေ နေမကောင်းတာတို့ အကြွေး တင်နေတယ်တို့ ဘာတို့ ညာတို့ ကဗျာဆရာ စာရေးဆရာတွေနဲ့ တွေ့ရင် ပိုပိုသာသာ အိုက်တင် လုပ်ပြရသေးတယ်ရှင်။
ဒါမှ အပို ဆာဒါးတွေကို သူတို့က သနားအောင် ဝါဒ ဖြန့်ပေးမှာ။
ဒီလိုပါပဲ… အများသူငါ ကေတီဗီ ထုံးစံအတိုင်းပေါ့။ ငယ်ကျွမ်းဆွေနဲ့ စမယ်၊ မူးလာရင် နဂါးနီ ပြီးရင် မြနန္ဒာနဲ့ သိမ်းကြတာပေါ့။
ကိုယ်တွေက မြနန္ဒာနား ရောက်လာရင် ပစ်ချွဲချွဲနဲ့ အစ်ကိုကြီးခေါ် မုန့်ဖိုး တောင်းပေါ့။
ဆင်ဘယ်နှစ်ကောင် ထွက်မလဲ ဆိုတာ အဓိကလေ။ များရင် တခြား ကောင်မတွေကို ကြွားရဦးမှာ။
ငွေကလည်း ရှာမှ ဖြစ်မယ်။ ယောက်ျားက အလုပ် မရှိဘူး။ သားကို ပညာတတ် ဖြစ်စေချင်တယ်။ အမေလည်း ရှိသေးတယ်။ အိမ်လခ ရှိသေးတယ်။ ဒီဘိုးတော်နဲ့ ဆုံတော့ အဆင်ပြေပါတယ်။
လက်ဝတ်လက်စား အစုံနဲ့ ဟမ်းဆက် အမိုက်စားနဲ့ အဖတ်တင်လာတယ်။ ဇာတ်လမ်း မေးရင် ကေတီဗီ ထုံးစံအတိုင်းပါပဲ… ။
ချူဆီ ထည့်တဲ့ ဇာတ်လမ်းပါပဲ။ အိမ်လခ မရှိဘူး၊ မောင်လေး ကျောင်းစရိတ် လိုတယ်၊ ဘာညာပေါ့ ကျေးဇူးရှင်ကြီးပါပေါ့။
သူစားချင်တာကိုတော့ ခုကျွေးမလို တော်ကြာ ကျွေးမလို မာယာ များရတာပေါ့နော်။
သူငွေရှင်းပြီး ပြန်သွားရင် ကိုယ်လည်း တခြားအခန်း ကူးသွားတာပဲလေ။ ပုခုံးတွေ ခါးတွေ ဟိုပွတ် ဒီပွတ်တွေတော့ ရူပါ ဒါန ပြုရတာပေါ့။ သစ္စာမေတ္တာ ဆိုတာ ကေတီဗီလောကမှာ မရှိဘူး။ တင်မောင်ဆန်းမင်းဝင်းဆီမှာပဲ ရှိလိမ့်မယ်။
ဒီဘိုးတော်လည်း ကြွားသာ ကြွားနေတာ အရင်လို ရေ မလျှံတော့ဘူးရှင့်။ ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာ စာမဖွဲ့တော့ဘူးလေ။
အလုပ်ထဲ ငွေကွာလို့ ပြဿနာ တက်တယ် ကြားတယ်။ ဘောလုံးပွဲတွေ ရှုံးတယ် ကြားတယ်။ ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာ အတန်းတူတယ်။
ဘိုးတော်သားက တစ်နေ့ မုန့်ဖိုးငါးရာ ရတယ်။ ကိုယ်တွေသားကို အောက်ကျမှာ စိုးလို့ မုန့်ဖိုး တစ်နေ့ ထောင့်ငါးရာ ပေးတယ်။
နောက်လဆို အခု ကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင် ထပ်ဖွင့်တော့မှာ၊ ကိုယ်တွေ ဆိုင်သစ်ကို ပြောင်းမှာ။ ဘိုးတော်ကိုတော့ အကွက် ရွှေ့ရမှာပေါ့ရှင် … ။
အကွက်ရွှေ့တာ လွယ်ပါတယ်။ သူ့မိန်းမနဲ့အတူ ရှိချိန် မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ။ ကိုယ်လည်း ထိုက်သလောက် ရပြီးပြီဆိုတော့ သူတို့လင်မယား သတ်ကြပါလေ့စေလေ။
ကိုယ်တွေက လန်ခရူဆာနဲ့ အမှန်အကန် စပွန်ဆာ တစ်ယောက် ကြိုချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ် ဖြစ်နေပြီလေ။
အဲလို ဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ခေါ်တယ်။ ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာက လွဲရင် ဘာမှ စောက်ဂရုမစိုက်တာ ဒီလောကရဲ့ စည်းမျဉ်းပါရှင်။
Credit – စုမောင်မောင်
Zawgyi
အရွက္ေတြကို ေဘးခ်ိတ္ၿပီး မိမိတို႔ ေလာကအေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာျပလာတဲ့ ေကတီဗြီကေကာင္မေလး
ပုခုံးေတြခါးေတြ ဟိုပြတ္ဒီပြတ္နဲ႔ ခုေကြၽးမလို ေတာ္ၾကာေကြၽးမလို မာယာမ်ားရတာေပါ့ေနာ္။ သစၥာေမတၱာဆိုတာ ေကတီဗီေလာကမွာမရွိဘူး။
” ေကတီဗီ ႏြား ”
“ဘိုးေတာ္ေရာက္ၿပီ” ဝိတ္တာေလးလာေအာ္ေတာ့မွ ေဘာင္းဘီတိုေကာက္လဲ ႏူတ္ခမ္းေလး သပ္ရပ္ေအာင္ဆိုး ဆံပင္ကို ဆက္စီ ျဖစ္ေအာင္ဖြၿပီး Room A7 ကိုသြားၿပီ။
ဒီေန႔ေတာ့ ဘိုးေတာ္တစ္ေပြတည္း ေဂါက္မ႐ိုက္ျဖစ္လို႔ ေစာလာတာတဲ့ေလ။ ဘိုးေတာ္က ဆရာႀကီးစတိုင္နဲ႔ ထိုင္ေနၿပီ။ အမွန္ေတာ့ အာပလာႀကီးျဖစ္ေနၿပီရယ္။
ဘာျဖစ္ျဖစ္ ကိုယ့္ကာစတမ္မာကို အၿပဳံးမပ်က္ရဘူးေလ။ သူ႔အတြက္ ေသာက္စရာ စားစရာမွာ ကိုယ့္အတြက္ ကြၽဲ႐ိုင္းနဲ႔သီးစုံတစ္ပြဲေပါ့။
ထုံးစံအတိုင္း ဘိုးေတာ္က႐ူးေၾကာင္မူးေၾကာင္နဲ႔ ေလေတြစြတ္တိုက္ေနျပန္တာ အခုပဲ တိုက္ခန္းဝယ္ေပးေတာ့မွာလို ႏိုင္ငံျခားအလည္ေခၚေတာ့မွာလို ကိုယ္ေတြကလည္း ဒါမ်ိဳးေတြ႐ိုးလို႔ရွင္ ယုံခ်င္ေယာင္ေတာ့ ေဆာင္ျပရတာေပါ့ရွင္။ စီးပြားေရးေအာင္ျမင္ေၾကာင္း ပင့္ေပးရတာေပါ့ရွင္။ ေဘာလုံးပြဲေလာင္းတာေတာ္ေၾကာင္း ဘုံေျမႇာက္ရတာေပါ့ရွင္။
လူတိုင္းက ဒီေနရာေရာက္လာရင္ ေဘာစိလို႔ အထင္ခံရတာကို ဂုဏ္ယူၾကတယ္ေလ။ ကိုယ္ေတြကေတာ့ သနားေအာင္ ဇာတ္ကြက္ဆင္ရတာေပါ့။ ပေထြးနဲ႔ေနရတာတို႔ ေမာင္ႏွမမ်ားတာတို႔ အေမေနမေကာင္းတာတို႔ အေႂကြးတင္ေနတယ္တို႔ ဘာတို႔ ညာတို႔ ကဗ်ာဆရာ စာေရးဆရာေတြနဲ႔ေတြ႕ရင္ ပိုပိုသာသာအိုက္တင္ လုပ္ျပရေသးတယ္ရွင္။ ဒါမွ အပိုဆာဒါးေတြကို သူတို႔က သနားေအာင္ ဝါဒျဖန႔္ေပးမွာ။
ဒီလိုပါပဲ အမ်ားသူငါ ေကတီဗီထုံးစံအတိုင္းေပါ့။ ငယ္ကြၽမ္းေဆြနဲ႔ စမယ္၊ မူးလာရင္ နဂါးနီဉ ၿပီးရင္ ျမနႏၵာနဲ႔သိမ္းၾကတာေပါ့။ ကိုယ္ေတြက ျမနႏၵာနားေရာက္လာရင္ ပစ္ခြၽဲခြၽဲနဲ႔ အစ္ကိုႀကီးေခၚ မုန႔္ဖိုးေတာင္းေပါ့။
ဆင္ဘယ္ႏွစ္ေကာင္ ထြက္မလဲဆိုတာ အဓိကေလ။ မ်ားရင္ တျခားေကာင္မေတြကို ႂကြားရဦးမွာ။
ေငြကလည္း ရွာမွျဖစ္မယ္။ ေယာက္်ားက အလုပ္မရွိဘူး။ သားကို ပညာတတ္ျဖစ္ေစခ်င္တယ္။ အေမလည္းရွိေသးတယ္။ အိမ္လခရွိေသးတယ္။ ဒီဘိုးေတာ္နဲ႔ဆုံေတာ့ အဆင္ေျပပါတယ္။
လက္ဝတ္လက္စားအစုံနဲ႔ ဟမ္းဆက္အမိုက္စားနဲ႔ အဖတ္တင္လာတယ္။ ဇာတ္လမ္းေမးရင္ ေကတီဗီထုံးစံအတိုင္းပါပဲ၊ ခ်ဴဆီထည့္တဲ့ဇာတ္လမ္းပါပဲ။ အိမ္လခမရွိဘူး၊ ေမာင္ေလးေက်ာင္းစရိတ္လိုတယ္၊ ဘာညာေပါ့ ေက်းဇူးရွင္ႀကီးပါေပါ့။
သူစားခ်င္တာကိုေတာ့ ခုေကြၽးမလိုေတာ္ၾကာေကြၽးမလို မာယာမ်ားရတာေပါ့ေနာ္။ သူေငြရွင္းၿပီး ျပန္သြားရင္ ကိုယ္လည္း တျခားအခန္းကူးသြားတာပဲေလ။ ပုခုံးေတြ ခါးေတြ ဟိုပြတ္ဒီပြတ္ေတြေတာ့ ႐ူပဒါနျပဳရတာေပါ့။ သစၥာေမတၱာဆိုတာ ေကတီဗီေလာကမွာ မရွိဘူး။ တင္ေမာင္ဆန္းမင္းဝင္းဆီမွာပဲ ရွိလိမ့္မယ္။
ဒီဘိုးေတာ္လည္း ႂကြားသာႂကြားေနတာ အရင္လို ေရမလွ်ံေတာ့ဘူးရွင့္။ ေ႐ႊငါးေလာက္စီးတာေတာ့ ဒီေခတ္မွာစာမဖြဲ႕ေတာ့ဘူးေလ။ အလုပ္ထဲ ေငြကြာလို႔ ျပႆနာတက္တယ္ ၾကားတယ္။ ေဘာလုံးပြဲေတြ ရႈံးတယ္ၾကားတယ္။ ဘိုးေတာ္သားနဲ႔ ကိုယ္ေတြသားက ေက်ာင္းမွာအတန္းတူတယ္။ ဘိုးေတာ္သားက တစ္ေန႔မုန႔္ဖိုးငါးရာရတယ္။ ကိုယ္ေတြသားကို ေအာက္က်မွာ စိုးလို႔ မုန႔္ဖိုး တစ္ေန႔ေထာင့္ငါးရာေပးတယ္။
ေနာက္လဆို အခုေကတီဗီပိုင္ရွင္က ေနာက္တစ္ဆိုင္ထပ္ဖြင့္ေတာ့မွာ၊ ကိုယ္ေတြ ဆိုင္သစ္ကိုေျပာင္းမွာ။ ဘိုးေတာ္ကိုေတာ့ အကြက္ေ႐ႊ႕ရမွာေပါ့ရွင္၊ အကြက္ေ႐ႊ႕တာလြယ္ပါတယ္။ သူ႔မိန္းမနဲ႔အတူ ရွိခ်ိန္မွန္းၿပီး ေလးငါးခါ ၾကဴလိုက္႐ုံပဲ။ ကိုယ္လည္း ထိုက္သေလာက္ ရၿပီးၿပီဆိုေတာ့ သူတို႔လင္မယား သတ္ၾကပါေလ့ေစေလ။
ကိုယ္ေတြက လန္ခ႐ူဆာနဲ႔ အမွန္အကန္ စပြန္ဆာတစ္ေယာက္ ႀကိဳခ်ဥ္းထားၿပီးၿပီ။ ခုဘိုးေတာ္က ခ်ီးထုပ္ျဖစ္ေနၿပီေလ။
အဲလိုဘိုးေတာ္မ်ိဳးကို ကိုယ္ေတြက ကြယ္ရာမွာ ႏြားလို႔ေခၚတယ္။ ေကတီဗီက ေဆာ္ဆိုတာ ကိုယ့္မိသားစုမ်က္ႏွာကလြဲရင္ ဘာမွေစာက္ဂ႐ုမစိုက္တာ ဒီေလာကရဲ႕စည္းမ်ဥ္းပါရွင္။
Credit – စုေမာင္ေမာင္