ၾကားသိရသမွ်

ယနေ့နံနက် သူ့ရဲ့ ပုဇွန်တောင်တိုက်ခန်းမှာ အဖမ်းခံလိုက်ရတဲ့ ဒါရိုက်တာ “ဝိုင်း”

ကိုဝိုင်း (ဒါရိုက်တာ ဝိုင်း) ကိုယခု နေ့လည် ၁၁နာရီခွဲခန့်အချိန်က
ပုဇွန်တောင်မြို့နယ်၊ မဟာဇေယျလမ်းရှိ
သူ့နေအိမ်တိုက်ခန်းမှ
ဖမ်းဆီးသွားကြောင်း သိရ။

သူ ရှောင်နေရာမှ နေအိမ်တိုက်ခန်းသို့
ခေတ္တပြန်ရောက်ချိန် နာရီဝက်အတွင်း
ရဲကား ၂စီးဖြင့် လာရောက်
ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း။
(ကျန်းမာရေးမကောင်းသဖြင့်
အိမ်ခဏပြန်သည်ဟုလည်း ကြားရ)

အိမ်နေရင်း အဝတ်အစားနှင့်ပင်
ဖမ်းဆီးရာသို့ ပါသွားရာတွင်
လူက ပိန်နေကာ အသားအရည်ညိုမည်းသွားပြီး
မျက်နှာ နွမ်းနေဟန်ရှိကြောင်း
မျက်မြင်တွေ့လိုက်သူများက ပြောကြားကြသည်။

ဒါရိုက်တာဝိုင်းမှာ
လွန်ခဲ့သော နှစ်အနည်းငယ်ကမှ
လေဖြန်းထားသူဖြစ်၍
ယခုလို ဖမ်းဆီးသွားခြင်းအတွက်
သူ့ကျန်းမာရေး စိုးရိမ်စရာဖြစ်နေကြောင်း

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…
W3Schools

 

ယခုအချိန်အထိလည်း သူ့ကျန်းမာရေးမှာ
အပြည့်အ၀ မကောင်းမွန်သေးကြောင်း
ကြားသိရပါသည်။

ဝိုင်းဟာ အနုပညာဖန်တီးမှုတွင် အလွန်တော်သူတစ်ဦးဖြစ်ပြီး ရိုက်ကူးလိုက်တဲ့ ရုပ်ရှင်ဇာတ် ကားကြီးတွေကလည်း ပရိသတ်တွေ ရင်ထဲကို ထိမိတဲ့ ဇာတ်ကားတွေပဲဖြစ်ပါ

တယ်။ဒါရိုက်တာ ဝိုင်းရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကယ်ဒမီရခဲ့တဲ့ အနုပညာရှင်များလည်း ရှိတာကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ အနု ပညာ ရှင်တစ်ဦးပဲ ဖြစ်ပါတယ်။