ေဒၚေအာင္ဆန္းစုၾကည္၏ ထမင္းအစစ္စားခ်င္တယ္လို႔ ေျပာစကားႏွင့္ပတ္သတ္၍ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ရွင္းလင္းေျပာၾကား
ေဒၚေအာင္ဆန္းစုၾကည္က သူ၏ေရွ႕ေနမ်ားႏွင့္ေတြ႕ဆုံစကားေျပာခြင့္ရခ်ိန္ ေရွ႕ေနမ်ားကအခုလိုအခ်ဳပ္က်ေနစဥ္ ဘာလိုအပ္ခ်က္မ်ားရွိပါသလဲဟု ေမးျမန္းသည့္အခါ ေဒၚေအာင္ဆန္းစုၾကည္က ထမင္းအစစ္စားခ်င္တယ္လို႔ ေျပာၾကားခဲ့သည္။
ထိုကိစၥႏွင့္ပတ္သတ္၍ ျပန္ၾကားေရးဒုဝန္ႀကီးဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မိမိတို႔ နစက အစိုးရအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အား အက်ဥ္းသားကိုေကြၽးသလို ဆန္ၾကမ္းနဲ႔ ေကြၽးေနတာမဟုတ္၊ ေ႐ႊဘိုေပၚဆန္းကို အိတ္လိုက္ေထာင္ေပးထားတာဟုေျပာဆိုသည္။
သူ႔ဘာသာ ထမင္းအစစ္စားခ်င္တယ္လို႔ေျပာတာ ကြၽန္ေတာ္ကေတာ့နားမလည္ဘူး၊ ေ႐ႊဘိုေပၚဆန္းကို ထမင္းအစစ္မဟုတ္ဘူးဆိုေတာ့ ဂ်ဳံနဲ႔လုပ္တဲ့ေပါင္မုန္႔တို႔ ဘာတို႔မွ ထမင္းအစစ္လို႔ထင္ေနလားမသိပါဘူး၊ ပုဂၢိဳလ္ေရးအရ ေဝဖန္မေျပာလိုပါဘူး၊ အစြန္းေရာက္ျပည္သူေတြက ေဒၚေအာင္ဆန္းစုၾကည္ ဘာေျပာေျပာ နစက အစိုးရကိုဆက္ဆက္ထိမခံ ေဝဖန္တိုက္ခိုက္ေနၾကလို႔ ကြၽန္ေတာ္ အခုလို ျပန္လည္ေျဖရွင္းျပရျခင္းျဖစ္တယ္။
ကြၽန္ေတာ္တို႔တပ္မေတာ္ အႀကီးအကဲတပ္ခ်ဳပ္ႀကီးဆိုရင္ ေပၚဆန္းဆန္ကိုေတာင္မစားဘူး၊ လုံးတီးဆန္လိုမ်ိဳး ဆန္ၾကမ္းလည္းစားတာပဲ၊ ဘာဆန္ ညာဆန္ေ႐ႊးခ်ယ္ေနတာမရွိဘူး၊ တပ္မေတာ္သားပီပီ ႀကဳံရာနဲ႔စားႏိုင္တယ္ဟုေျပာဆိုသည္။
ေရွ႕ေနေတြကလည္းအပိုေတြလုပ္တယ္၊ အစြန္းေရာက္ ျပည္သူေတြကလည္း အားယားၿပီးအပို ထလုပ္ၾကတယ္၊ အဲ့ဒီေတာ့ ဘာမွမဟုတ္တဲ့ အေရးမပါတဲ့ ထမင္းအစစ္စားခ်င္တယ္ ဆိုတဲ့စကားက ေရးႀကီးခြင္က်ယ္စကားျဖစ္လာတယ္၊ အဲ့ဒါပါပဲ
ဒေါ်အောင်ဆန်းစုကြည်၏ ထမင်းအစစ်စားချင်တယ်လို့ ပြောစကားနှင့်ပတ်သတ်၍ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား
ဒေါ်အောင်ဆန်းစုကြည်က သူ၏ရှေ့နေများနှင့်တွေ့ဆုံစကားပြောခွင့်ရချိန် ရှေ့နေများကအခုလိုအချုပ်ကျနေစဉ် ဘာလိုအပ်ချက်များရှိပါသလဲဟု မေးမြန်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ထမင်းအစစ်စားချင်တယ်လို့ ပြောကြားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သတ်၍ ပြန်ကြားရေးဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ နစက အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းသားကိုကျွေးသလို ဆန်ကြမ်းနဲ့ ကျွေးနေတာမဟုတ်၊ ရွှေဘိုပေါ်ဆန်းကို အိတ်လိုက်ထောင်ပေးထားတာဟုပြောဆိုသည်။
သူ့ဘာသာ ထမင်းအစစ်စားချင်တယ်လို့ပြောတာ ကျွန်တော်ကတော့နားမလည်ဘူး၊ ရွှေဘိုပေါ်ဆန်းကို ထမင်းအစစ်မဟုတ်ဘူးဆိုတော့ ဂျုံနဲ့လုပ်တဲ့ပေါင်မုန့်တို့ ဘာတို့မှ ထမင်းအစစ်လို့ထင်နေလားမသိပါဘူး၊ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မပြောလိုပါဘူး၊ အစွန်းရောက်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ဘာပြောပြော နစက အစိုးရကိုဆက်ဆက်ထိမခံ ဝေဖန်တိုက်ခိုက်နေကြလို့ ကျွန်တော် အခုလို ပြန်လည်ဖြေရှင်းပြရခြင်းဖြစ်တယ်။
ကျွန်တော်တို့တပ်မတော် အကြီးအကဲတပ်ချုပ်ကြီးဆိုရင် ပေါ်ဆန်းဆန်ကိုတောင်မစားဘူး၊ လုံးတီးဆန်လိုမျိုး ဆန်ကြမ်းလည်းစားတာပဲ၊ ဘာဆန် ညာဆန်ရွှေးချယ်နေတာမရှိဘူး၊ တပ်မတော်သားပီပီ ကြုံရာနဲ့စားနိုင်တယ်ဟုပြောဆိုသည်။
ရှေ့နေတွေကလည်းအပိုတွေလုပ်တယ်၊ အစွန်းရောက် ပြည်သူတွေကလည်း အားယားပြီးအပို ထလုပ်ကြတယ်၊ အဲ့ဒီတော့ ဘာမှမဟုတ်တဲ့ အရေးမပါတဲ့ ထမင်းအစစ်စားချင်တယ် ဆိုတဲ့စကားက ရေးကြီးခွင်ကျယ်စကားဖြစ်လာတယ်၊ အဲ့ဒါပါပဲ