” အင္တာပိုက ျငင္း ၊ တ႐ုတ္က ေနာက္ဆုတ္ ၊ PDF က အားေကာင္းလာတဲ့ ေႏြဦးေတာ္လွန္ေရး ”
ဒီေန႔အတြက္ ထူးျခားတဲ့ သတင္းႏွစ္ပုဒ္ကေတာ့
” ႏိုင္ငံတကာရဲတပ္ဖြဲ႕ အင္တာပို ( INTERPOL ) ကို ျပည္တြင္းမတည္ၿငိမ္မႈ႕ေတြ အကူအညီေပးဖို႔ စစ္ေကာင္စီရဲ႕ ေတာင္းခံမႈ႕ကို ပယ္ခ်ခံလိုက္ရပါတယ္ ။. ”
” ေနာက္သတင္းကေတာ့ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ျပည္သူေတြကို အႏိုင္က်င့္သတ္ျဖတ္ေနတဲ့ စစ္ေကာင္စီကို ဖိအားေပးဖို႔ ၊ တ႐ုတ္အစိုးရကို ေတာင္းခံလိုက္ပါတယ္ ။ ”
အာဏာသိမ္းၿပီးကတည္းက အၾကမ္းဖက္မႈ႕ေတြ တိုးပြားေနတဲ့ ျမန္မာ့ေတာ္လွန္ေရးသမားေတြကို ႏွိမ္နင္းတဲ့ေနရာမွာ ႏိုင္ငံတကာရဲတပ္ဖြဲ႕က အကူအညီေပးဖို႔ကို စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္က ေတာင္းခံခဲ့ပါတယ္ ။
သို႔ေပမယ့္ ႏိုင္ငံတကာရဲတပ္ဖြဲ႕ ( INTERPOL ) ျငင္းဆန္လိုက္ပါတယ္ ။ အင္တာပိုက မည္သည့္ႏိုင္ငံရဲ႕ ျပည္တြင္းေရးကိုမဆို ဝင္ေရာက္စြက္ဖက္မွာမဟုတ္ဘူးလို႔ အေၾကာင္းျပန္ခဲ့တာပါ ။
စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူက ကုလအရာရွိမ်ားနဲ႔ ႏိုင္ငံတကာသံအမတ္ေတြကို သတင္းစာရွင္းလင္းပြဲ ျပဳလုပ္တုန္းက အကူအညီေတာင္းခံခဲ့တာပါ ။ ဒီအထဲမွာ ႏိုင္ငံတကာရဲတပ္ဖြဲ႕ကိုလည္း အကူအညီေတာင္းခံခဲ့ပါတယ္ ။
ဝဏၰေမာင္လြင္က ေတာ္လွန္ေရးသမားေတြကို ေက်ာင္း ၊ ေဆး႐ုံ ၊ တံတားနဲ႔ ျပည္သူ႔အိုးအိမ္ေတြကို ဖ်က္စီးတဲ့ အၾကမ္းဖက္သမားမ်ားအျဖစ္ စြပ္စြဲခဲ့ပါတယ္ ။ ကုလသမဂၢ ၊ အာဆီယံအၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕ ၊ အာဆီယံရဲခ်ဳပ္မ်ားနဲ႔ အင္တာပိုရဲတပ္ဖြဲ႕ကို အေရးယူေပးဖို႔ ေတာင္းဆိုခဲ့တာပါ ။
သို႔ေပမယ့္ NUG အစိုးရကေတာ့ စစ္ရာဇဝတ္မႈ႕ေတြအတြက္ ဥပေဒေၾကာင္းအရ အေရးယူေပးဖို႔ ႏိုင္ငံတကာတရား႐ုံးကို ေတာင္းဆိုထားပါတယ္ ။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္တပ္က ျပည္သူ ၁၅၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့ပါတယ္ ။
တဆက္တည္းမွာပဲ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ျမန္မာစစ္တပ္ကို ဖိအားေပးဖို႔ တရတ္အစိုးရကို ေတာင္းဆိုလိုက္ပါတယ္ ။ ေဒၚဇင္မာေအာင္က လက္နက္ကူညီစရာမလိုပဲ ျမန္မာစစ္တပ္ရဲ႕ စစ္ရာဇဝတ္မႈ႕ေတြကို မေထာက္ခံဖို႔ကိုသာ ေတာင္းဆိုထားတာပါ ။
ျပည္တြင္း ေတာ္လွန္ေရးဟာ ျပည္သူေတြဘက္က အားသာေနတဲ့အတြက္ တ႐ုတ္အစိုးရအေနနဲ႔ အိမ္နီးျခင္းေကာင္းပီသစြာ ျမန္မာျပည္သူေတြဘက္မွာရပ္တည္ေပးဖို႔ ေတာင္းဆိုတာပါ ။
တ႐ုတ္ရဲ႕ အေျခအေနက NUG နဲ႔ ဆက္ဆံေရးမွာ သိသိသာသာ အေပါင္းလကၡဏာ ေဆာင္လာတယ္လို႔ ေဒၚဇင္မာေအာင္က ေျပာၾကားထားပါတယ္ ။
သုံးသပ္ရရင္ ….၊MRTV နဲ႔ ျမဝတီ႐ုပ္ျမင္သံၾကားလို ေျပာခ်င္ရာေျပာလို႔ရမယ္အထင္နဲ႔ ႏိုင္ငံတကာကို ေျဗာင္လိမ္လိုက္ပါတယ္ ။ အင္တာပိုကေတာ့ ျပည္တြင္းေရး ဝင္မစြက္ဘူးလို႔ ျငင္းပယ္လိုက္ပါတယ္ ။
တ႐ုတ္ကေတာ့ အိမ္နီးျခင္းျဖစ္တဲ့အတြက္ မ်ားမ်ားေမွ်ာ္လင့္လို႔မရေပမယ့္ စစ္ေကာင္စီကို မေထာက္ခံဖို႔ေတာ့ ေတာင္းဆိုသင့္ပါတယ္ ။ တ႐ုတ္ရဲ႕အေျခအေနဟာ သိသိသာသာ ဝင္ပါတာ မေတြ႕ရေတာ့ပါဘူး ။
NUG အႏိုင္ရတဲ့အခါ မိတ္မပ်က္ေအာင္ ခပ္တန္းတန္းလုပ္လာတယ္လို႔ ခန္႔မွန္းရပါတယ္ ။
ကမာၻႀကီးထဲမွာရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံေတြနဲ႔ ကင္းကြာေနလို႔မရပါဘူး ။ သာဓက ျပရရင္ ထိုင္းႏိုင္ငံဟာ ကိုလိုနီမျဖစ္ခဲ့ပါဘူး ။
ဘယ္ႏိုင္ငံရဲ႕ လက္ေအာက္ကိုမွ မေရာက္ခဲ့ပါဘူး ။ ထိုင္းႏိုင္ငံသမိုင္းမွာ ျမန္မာရဲ႕ က်ဳးေက်ာ္စစ္ကိုပဲ ကာကြယ္ခဲ့ရပါတယ္ ။ ဆိုလိုတာက ထိုင္းဘုရင္ ၊ ေခါင္းေဆာင္ေတြနဲ႔ ျပည္သူေတြဟာ ကမာၻႀကီးနဲ႔ အဆင္ေျပေအာင္ ေနထိုင္ပါတယ္ ။
ဒါဟာ ျပည္တြင္းေရးအတြက္ အေရးႀကီးပါတယ္ ။ ထိုင္းကေလးငယ္ေတြ ဂူထဲမွာပိတ္မိေတာ့ ကမာၻႀကီးတစ္ခုလုံး စိုးရိမ္ၾက ၊ ကူညီၾကပါတယ္ ။
ဒါဟာ ေခတ္အဆက္ဆက္ ႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ ေပါင္းသင္းဆက္ဆံေရး ျပယုဘ္ပါ ။ ယူကရိန္းအေရးမွာ ေနတိုးအဖြဲ႕ဝင္ေတြ စည္းလုံးၾကပါတယ္ ။
ျမန္မာမွာ အာဏာသိမ္းေတာ့ ႏိုင္ငံတကာရဲ႕ စတိတ္မန္႔ေတြနဲ႔ပဲ ေက်နပ္ေနရပါတယ္ ။ ဘယ္ေန႔ကူညီမလဲလို႔ ေမွ်ာ္ေတာ္ေဇာနဲ႔ ေစာင့္ၾကည့္ေနမိတဲ့ စာေရးသူဟာ ေဒါက္တာဆာဆာကို အရမ္း ကိုယ္ခ်င္းစာမိပါတယ္ ။
PDF လူငယ္ေတြသာ သတၱိမရွိခဲ့ရင္ ဒီေတာ္လွန္ေရးဟာ ဒီအဆင့္အထိ ေရာက္လာဖို႔ မလြယ္ပါဘူး ။ သို႔့ေပမယ့္ ဒီလိုမကူညီလို႔ ” ႏိုင္ငံတကာကို ေသာက္ဂ႐ုမစိုက္ဘူး ” ဆိုရင္ေတာ့ မွားပါမယ္ ။ ေခတ္အဆက္ဆက္မွာ ဒီလိုေနခဲ့ၾကလို႔ တကယ္ျဖစ္တဲ့အခါ ကိုယ့္အားကိုယ္ကိုးေနရတာပါ ။
ဒီအေျခအေနေတြကို နားလည္ထားတဲ့ ေဒၚဇင္မာေအာင္ဟာ တ႐ုတ္ကို မိတ္ေဆြအျဖစ္နဲ႔ ရပ္တည္ေပးဖို႔ တရားဝင္ ကမ္းလွမ္းလိုက္တယ္လို႔ ျမင္ပါတယ္ ။ NUG နဲ႔ ကမာၻႀကီးရဲ႕ ဆက္ဆံေရးကလည္း အဆင္ေျပေနပါတယ္ ။
ျမန္ မာ့အေရးမွာ ေျမာက္ကိုရီးယားက ဝင္မပါသလို ၊ ႐ုရွားကလည္း သူ႔ျပႆနာနဲ႔သူ ေန႔လား ညလား ဆိုသလိုပါပဲ ။ တ႐ုတ္ကေတာ့ မသိမသာေလး ေနာက္ဆုပ္ေနပါတယ္ ။ ဟြန္ဆန္ကေတာ့ အလိမ္ခံထိလို႔ အသံထြက္မလာေတာ့ပါဘူး ။
ဒီထက္အေကာင္းဆုံးကေတာ့ ေတာ္လွန္ေရးျပည္သူေတြကို အင္တာပိုရဲအဖြဲ႕ ၊ ကုလ ၊ အာဆီယံ ၊ အီးယူအဖြဲ႕ေတြက အၾကမ္းဖက္သမားလို႔ လုံးဝ မသတ္မွတ္ပါဘူး ။
PDF ေတြက အေတာင္စုံလာပါတယ္ ။ ေနရာစုံအုံႂကြတဲ့ေန႔မွာ င႐ုပ္က်ဥ္ေပြ႕ကလည္း PDF လက္နက္ပါဘဲ ။
ဘႀကီးေအာင္ LA
၁၀ ေဖေဖာ္ဝါရီ ၊ ၂၀၂၂
” အင်တာပိုက ငြင်း ၊ တရုတ်က နောက်ဆုတ် ၊ PDF က အားကောင်းလာတဲ့ နွေဦးတော်လှန်ရေး ”
ဒီနေ့အတွက် ထူးခြားတဲ့ သတင်းနှစ်ပုဒ်ကတော့
” နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို ( INTERPOL ) ကို ပြည်တွင်းမတည်ငြိမ်မှု့တွေ အကူအညီပေးဖို့ စစ်ကောင်စီရဲ့ တောင်းခံမှု့ကို ပယ်ချခံလိုက်ရပါတယ် ။. ”
” နောက်သတင်းကတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖိအားပေးဖို့ ၊ တရုတ်အစိုးရကို တောင်းခံလိုက်ပါတယ် ။ ”
အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်မှု့တွေ တိုးပွားနေတဲ့ မြန်မာ့တော်လှန်ရေးသမားတွေကို နှိမ်နင်းတဲ့နေရာမှာ နိုင်ငံတကာရဲတပ်ဖွဲ့က အကူအညီပေးဖို့ကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က တောင်းခံခဲ့ပါတယ် ။
သို့ပေမယ့် နိုင်ငံတကာရဲတပ်ဖွဲ့ ( INTERPOL ) ငြင်းဆန်လိုက်ပါတယ် ။ အင်တာပိုက မည်သည့်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမဆို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာပါ ။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ကုလအရာရှိများနဲ့ နိုင်ငံတကာသံအမတ်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တုန်းက အကူအညီတောင်းခံခဲ့တာပါ ။ ဒီအထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း အကူအညီတောင်းခံခဲ့ပါတယ် ။
ဝဏ္ဏမောင်လွင်က တော်လှန်ရေးသမားတွေကို ကျောင်း ၊ ဆေးရုံ ၊ တံတားနဲ့ ပြည်သူ့အိုးအိမ်တွေကို ဖျက်စီးတဲ့ အကြမ်းဖက်သမားများအဖြစ် စွပ်စွဲခဲ့ပါတယ် ။ ကုလသမဂ္ဂ ၊ အာဆီယံအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ၊ အာဆီယံရဲချုပ်များနဲ့ အင်တာပိုရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ တောင်းဆိုခဲ့တာပါ ။
သို့ပေမယ့် NUG အစိုးရကတော့ စစ်ရာဇဝတ်မှု့တွေအတွက် ဥပဒေကြောင်းအရ အရေးယူပေးဖို့ နိုင်ငံတကာတရားရုံးကို တောင်းဆိုထားပါတယ် ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ပြည်သူ ၁၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ် ။
တဆက်တည်းမှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာစစ်တပ်ကို ဖိအားပေးဖို့ တရတ်အစိုးရကို တောင်းဆိုလိုက်ပါတယ် ။ ဒေါ်ဇင်မာအောင်က လက်နက်ကူညီစရာမလိုပဲ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု့တွေကို မထောက်ခံဖို့ကိုသာ တောင်းဆိုထားတာပါ ။
ပြည်တွင်း တော်လှန်ရေးဟာ ပြည်သူတွေဘက်က အားသာနေတဲ့အတွက် တရုတ်အစိုးရအနေနဲ့ အိမ်နီးခြင်းကောင်းပီသစွာ မြန်မာပြည်သူတွေဘက်မှာရပ်တည်ပေးဖို့ တောင်းဆိုတာပါ ။
တရုတ်ရဲ့ အခြေအနေက NUG နဲ့ ဆက်ဆံရေးမှာ သိသိသာသာ အပေါင်းလက္ခဏာ ဆောင်လာတယ်လို့ ဒေါ်ဇင်မာအောင်က ပြောကြားထားပါတယ် ။
သုံးသပ်ရရင် ….၊MRTV နဲ့ မြဝတီရုပ်မြင်သံကြားလို ပြောချင်ရာပြောလို့ရမယ်အထင်နဲ့ နိုင်ငံတကာကို ဗြောင်လိမ်လိုက်ပါတယ် ။ အင်တာပိုကတော့ ပြည်တွင်းရေး ဝင်မစွက်ဘူးလို့ ငြင်းပယ်လိုက်ပါတယ် ။
တရုတ်ကတော့ အိမ်နီးခြင်းဖြစ်တဲ့အတွက် များများမျှော်လင့်လို့မရပေမယ့် စစ်ကောင်စီကို မထောက်ခံဖို့တော့ တောင်းဆိုသင့်ပါတယ် ။ တရုတ်ရဲ့အခြေအနေဟာ သိသိသာသာ ဝင်ပါတာ မတွေ့ရတော့ပါဘူး ။
NUG အနိုင်ရတဲ့အခါ မိတ်မပျက်အောင် ခပ်တန်းတန်းလုပ်လာတယ်လို့ ခန့်မှန်းရပါတယ် ။
ကမ္ဘာကြီးထဲမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ကင်းကွာနေလို့မရပါဘူး ။ သာဓက ပြရရင် ထိုင်းနိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့ပါဘူး ။
ဘယ်နိုင်ငံရဲ့ လက်အောက်ကိုမှ မရောက်ခဲ့ပါဘူး ။ ထိုင်းနိုင်ငံသမိုင်းမှာ မြန်မာရဲ့ ကျုးကျော်စစ်ကိုပဲ ကာကွယ်ခဲ့ရပါတယ် ။ ဆိုလိုတာက ထိုင်းဘုရင် ၊ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ ကမ္ဘာကြီးနဲ့ အဆင်ပြေအောင် နေထိုင်ပါတယ် ။
ဒါဟာ ပြည်တွင်းရေးအတွက် အရေးကြီးပါတယ် ။ ထိုင်းကလေးငယ်တွေ ဂူထဲမှာပိတ်မိတော့ ကမ္ဘာကြီးတစ်ခုလုံး စိုးရိမ်ကြ ၊ ကူညီကြပါတယ် ။
ဒါဟာ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်တွေရဲ့ ပေါင်းသင်းဆက်ဆံရေး ပြယုဘ်ပါ ။ ယူကရိန်းအရေးမှာ နေတိုးအဖွဲ့ဝင်တွေ စည်းလုံးကြပါတယ် ။
မြန်မာမှာ အာဏာသိမ်းတော့ နိုင်ငံတကာရဲ့ စတိတ်မန့်တွေနဲ့ပဲ ကျေနပ်နေရပါတယ် ။ ဘယ်နေ့ကူညီမလဲလို့ မျှော်တော်ဇောနဲ့ စောင့်ကြည့်နေမိတဲ့ စာရေးသူဟာ ဒေါက်တာဆာဆာကို အရမ်း ကိုယ်ချင်းစာမိပါတယ် ။
PDF လူငယ်တွေသာ သတ္တိမရှိခဲ့ရင် ဒီတော်လှန်ရေးဟာ ဒီအဆင့်အထိ ရောက်လာဖို့ မလွယ်ပါဘူး ။ သို့့ပေမယ့် ဒီလိုမကူညီလို့ ” နိုင်ငံတကာကို သောက်ဂရုမစိုက်ဘူး ” ဆိုရင်တော့ မှားပါမယ် ။ ခေတ်အဆက်ဆက်မှာ ဒီလိုနေခဲ့ကြလို့ တကယ်ဖြစ်တဲ့အခါ ကိုယ့်အားကိုယ်ကိုးနေရတာပါ ။
ဒီအခြေအနေတွေကို နားလည်ထားတဲ့ ဒေါ်ဇင်မာအောင်ဟာ တရုတ်ကို မိတ်ဆွေအဖြစ်နဲ့ ရပ်တည်ပေးဖို့ တရားဝင် ကမ်းလှမ်းလိုက်တယ်လို့ မြင်ပါတယ် ။ NUG နဲ့ ကမ္ဘာကြီးရဲ့ ဆက်ဆံရေးကလည်း အဆင်ပြေနေပါတယ် ။
မြန် မာ့အရေးမှာ မြောက်ကိုရီးယားက ဝင်မပါသလို ၊ ရုရှားကလည်း သူ့ပြဿနာနဲ့သူ နေ့လား ညလား ဆိုသလိုပါပဲ ။ တရုတ်ကတော့ မသိမသာလေး နောက်ဆုပ်နေပါတယ် ။ ဟွန်ဆန်ကတော့ အလိမ်ခံထိလို့ အသံထွက်မလာတော့ပါဘူး ။
ဒီထက်အကောင်းဆုံးကတော့ တော်လှန်ရေးပြည်သူတွေကို အင်တာပိုရဲအဖွဲ့ ၊ ကုလ ၊ အာဆီယံ ၊ အီးယူအဖွဲ့တွေက အကြမ်းဖက်သမားလို့ လုံးဝ မသတ်မှတ်ပါဘူး ။
PDF တွေက အတောင်စုံလာပါတယ် ။ နေရာစုံအုံကြွတဲ့နေ့မှာ ငရုပ်ကျဉ်ပွေ့ကလည်း PDF လက်နက်ပါဘဲ ။
ဘကြီးအောင် LA
၁၀ ဖေဖော်ဝါရီ ၊ ၂၀၂၂