ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ဖျော်ဖြေပေးခဲ့ပြီး ရယ်မောပျော်ရွှင်ခဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့မှ လူရွှင်တော်များပဲဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ကို ဝိုင်းကျော်၊တိုင်းကျော်၊တိုးကျော်၊ပိုးလေး၊ပြည်ကျော် စတဲ့လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်လေ့ရှိတာကို မြင်ကြရလိမ့်မယ်ထင်ပါတယ်။
ဟာသဇာတ်ကားတွေ တော်တော်များများမှာ ဝင်ရောက်သရုပ်ဆောင်ပြီး ဇာတ်သဘင်လောကမှာလဲနာမည်ကြီးလူရွှင်တော်တွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ ညီအစ်ကိုတွေလိုပဲအရမ်းကိုချစ်ခင်ကြပါတယ်နော်။
ဒါကြောင့်လဲ အမှန်တရားဘက်တော်သား ညီအစ်ကိုချင်း ရင်ဘတ်ချင်းတူတာကြောင့် လွတ်မြောက်နယ်မြေကို တူတူသွားရောက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုစစ်အာဏာသိမ်းခဲ့တာဟာဆိုရင်တော့ ဆယ်လကျော်ကြာမြင့်ခဲ့ပဲဖြစ်ပါတယ်။ ဟားကငါးကောင်အဖွဲ့ဟာ အာဏာစသိမ်းခဲ့တဲ့ အချိန်ကစပြီးတော့ ပြည်သူတွေနဲ့အစောဆုံးရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။
ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ကြိုးစားနေတာလဲ ဖြစ်ပါတယ်။
စိတ်ဓာတ်ခိုင်မာတဲ့ သူတို့အဖွဲ့ကတော့ တိုက်ပွဲအတွက် ကြိုးစားတဲ့အပြင် ပြည်သူတွေကို ဟာဒယရွှင်ဆေးဖြစ်တဲ့ ရယ်စရာဟာသလေးတွေကိုလဲလွတ်မြောက်နယ်မြေမှာ ရှိနေစဉ်အတွင်း အွန်လိုင်းပေါ်မှတစ်ဆင့် ကြိုးစားဖျော်ဖြေကြပါသေးတယ်။ ဟားငါးကောင်အဖွဲ့ထဲမှာ လူရွှင်တော် တိုင်းကျော် ကတော့တ်ောလှန်ရေးနဲ့ပတ်သတ်ပြီး အခုလိုပဲရေးသားထားပါတယ်။
” ကြာ ပါစေ နာတာရှည်အဖြစ်မခံဘူးအမြစ်လှန် မှာ . ….. .” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
ဟားငါးကောင် ရဲ့ဟာသပျက်လုံးကို ကြိုက်တဲ့ ပရိသတ်ကြီးရှိလာ??ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ကြီးအတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
Credit
zawgyi
Credit