မိုးလေဝသ ဆရာမလေး စုစုစံ သတိပေးလာတဲ့ နွေမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ရာသီဥတုဆိုးရွားပြင်းထန်လာနိုင်ကာ မိုးကြီးရေလျှံနိုင်သော တိုင်းဒေသကြီးများ…
လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းတောင်ပိုင်း အနောက်ဖက် ကပ္ပလီပင်လယ်ပြင်တွင် summer storm ဖြစ်ပေါ်လာနိုင်ပြီး ရာသီဥတုဆိုးရွားပြင်းထန်လာနိုင်တဲ့အတွက် မိုးလေဝသ ဆရာမလေး စုစုစံမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ” Summer Storm၊ ၂၀၂၂ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းတောင်ပိုင်းအနောက်ဖက် ကပ္ပလီပင်လယ်ပြင်တွင် summer storm ဖြစ်ပေါ်မှာဖြစ်ပြီး ၁၆ ရက်နေ့ ၁၇ ရက်နေ့ ၁၈ရက်နေ့တွေမှာရာသီဥတုဆိုးရွားပြင်းထန်နိုင်ပါတယ်။
တနင်္သာရီတိုင်းကြီးတွင်မိုးကြီးနိုင်ပါတယ်။အဆိုပါရက်များအတွင်း ကပ္ပလီပင်လယ်အတွင်းသို့ ငါးဖမ်းထွက်ခြင်း အပျော်ခရီးသွားခြင်းမလုပ်သင့်ပါဘူး အန္တရာယ်ရှိပါတယ်။ အဆိုပါ နွေမုန်တိုင်း (Summer Storm) ဟာ ကြောင့် ကပ္ပလီပင်လယ်ပြင်အရှေ့တောင်ပိုင်းတွင်လေဖိအားနည်း tropical low pressure cell များစုဖွဲ့နေမှာဖြစ်ပြီးတနင်္သာရီတိုင်းမိုးများစွာရွာသွန်းနိုင်ပါတယ်။
၁၇ ရက် ၁၈ ရက်နေ့မှာတော့ ပိုမိုးအားကောင်းလာနိုင်ပြီးသေးငယ်တဲ့ နွေမုန်တိုင်းဖြစ်နိုင်ပါတယ်။ မုန်တိုင်းကြီးအဆင့်ဖြစ်နိုင်ခြေမရှိပေမယ့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးတွေရွာနိုင်ပါတယ်။ ၁၇ ရက်နေ့ ၁၈ ရက်နေ့တွေမှာ တနင်္သာရီတိုင်းမိုးကြီးရေလျှံနိုင်ပြီး ကပ္ပလီပင်လယ်အတွင်းကို လှေသင်းဘောများလုံးဝမသွားသင့်ပါဘူး အန္တရာယ်ရှိပါတယ်။ ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းနှင့် ကယားပြည်နယ်တွေမှာ မိုးတွေရွာမှာဖြစ်ပြီး တနင်္သာရီတိုင်းမိုးကြီးရေလျှံနိုင်ပါတယ်။
၂၀၂၂ဖေဖော်ဝါရီလ ၁၇ရက်နေ့မှ၂၀ရက်နေ့အတွင်း သိမ်ဆိပ် ဒုံးဝန်း ဘီးလင်း သထုံ ကျိုက်ထို ဘားအံ ချောင်းနှစ်ခွ မိုးတွေရွာနိုင်ပါတယ်။ ရာဘာလုပ်ငန်း အုတ်လုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ ပျက်စီးမှုမရှိအောင် စီမံခန့်ခွဲလုပ်ဆောင်နိုင်ကြစေရန်အတွက် ရက်ဝေးခန့်မှန်းပေးရခြင်းဖြစ်ပါတယ်။ နွေရာသီပျောက်ဆုံးနိုင်တယ်ပြောခဲ့သလို နွေမကူးနိုင်ပဲ ဆောင်းမှာမိုးတွေရွာဦးမယ်။
၂၀၂၂ဖေဖော်ဝါရီလ ၁၇ရက်နေ့မှ ၂၀ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာမိုးတွေရွာနိုင်ပြန်ပါတယ်။ ၁၇ ရက်နေ့မှ၁၉ ရက်နေ့အတွင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။ ဆောင်းမိုးတွေရွာမယ် Climate Change။
၂၀၂၂ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၁၈ရက်နေ့ ၁၉ရက်နေ့တွေမှာ ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်း ဒေသတွေမှာ မိုးတွေရွာပါမယ် ငပုတော လပွတ္တာ ဒေသတွေက ဆားလုပ်ငန်းလုပ်ဆောင်နေကြသူတွေ ၁၆ ရက်နေ့မတိုင်မှီ ပျက်စီးမှုမရှိအောင် ဆားကြုံးထားကြပါ ဆားကြုံးချိန်ရရှိအောင် ရက်ကြိုခန့်မှန်းပေးထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေလည်း ပျက်စီးမှုမရှိအောင်ပြင်ဆင်ကြပါ အုတ်လုပ်ငန်းသမားတွေလည်း ပျက်စီးမှုမရှိအောင်စီမံဆောင်ရွက်နိုင်ကြပါစေ။
ပဲခူးခရိုင် သာယာဝတီခရိုင် ညောင်လေးပင်ခရိုင် တောင်ငူခရိုင် နေပြည်တော်နှင့် ကယားပြည်နယ်တွေမှာ အချိန်အခါမဟုတ်ဆောင်းမိုးတွေရွာနိုင်ပါတယ်။ 13/02/2022 ရက်နေ့ မူဆယ်ခရိုင် ဗန်းမော်ခရိုင် မြစ်ကြီးနားခရိုင် မိုးညှင်းခရိုင်တွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ် ၂၀၂၂ ၁၇ ရက် ၁၈ ရက်နေ့တွေမှာ လပွတ္တာ ဘိုကလေး မော်ကျွန်း ဒေးဒရဲ ဖျာပုံ ကျိုက်လတ် မအူပင် တွံတေး ကော့မှူး ကွမ်းခြံကုန်း ဒလ ရန်ကုန် သံလျင် ကျောက်တန်း တံတားမြို့ သုံးခွ ခရမ်း ဒါးပိန် သက္ကလ ကဝ သနပ်ပင် ပဲခူး ဝေါ ဒေသတွေမှာမိုးရွာနိုင်ပါတယ်။
၂၀၂၂ဖေဖော်ဝါရီလ ၁၉ ရက် ၂၀ ရက်တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်တွင် မိုးတွေရွာနိုင်ပါတယ်” ဆိုပြီး ကြိုတင်ခန့်မှန်း သတိပေးထားပါတယ်။
အားလုံး သဘာဝဘေးမှ ကင်းဝေးနိုင်ကြပါစေ။
Zawgyi
မိုးေလဝသ ဆရာမေလး စုစုစံ သတိေပးလာတဲ့ ေႏြမုန္တိုင္း ျဖစ္ေပၚလာႏိုင္ၿပီး ရာသီဥတုဆိုး႐ြားျပင္းထန္လာႏိုင္ကာ မိုးႀကီးေရလွ်ံႏိုင္ေသာ တိုင္းေဒသႀကီးမ်ား…
လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွ ၁၈ ရက္ေန႔အတြင္း တနသၤာရီတိုင္းေတာင္ပိုင္း အေနာက္ဖက္ ကပၸလီပင္လယ္ျပင္တြင္ summer storm ျဖစ္ေပၚလာႏိုင္ၿပီး ရာသီဥတုဆိုး႐ြားျပင္းထန္လာႏိုင္တဲ့အတြက္ မိုးေလဝသ ဆရာမေလး စုစုစံမွ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။ ထုတ္ျပန္ခ်က္မွာ ” Summer Storm၊ ၂၀၂၂ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွ ၁၈ ရက္ေန႔အတြင္း တနသၤာရီတိုင္းေတာင္ပိုင္းအေနာက္ဖက္ ကပၸလီပင္လယ္ျပင္တြင္ summer storm ျဖစ္ေပၚမွာျဖစ္ၿပီး ၁၆ ရက္ေန႔ ၁၇ ရက္ေန႔ ၁၈ရက္ေန႔ေတြမွာရာသီဥတုဆိုး႐ြားျပင္းထန္ႏိုင္ပါတယ္။
တနသၤာရီတိုင္းႀကီးတြင္မိုးႀကီးႏိုင္ပါတယ္။အဆိုပါရက္မ်ားအတြင္း ကပၸလီပင္လယ္အတြင္းသို႔ ငါးဖမ္းထြက္ျခင္း အေပ်ာ္ခရီးသြားျခင္းမလုပ္သင့္ပါဘူး အႏၲရာယ္ရွိပါတယ္။ အဆိုပါ ေႏြမုန္တိုင္း (Summer Storm) ဟာ ေၾကာင့္ ကပၸလီပင္လယ္ျပင္အေရွ႕ေတာင္ပိုင္းတြင္ေလဖိအားနည္း tropical low pressure cell မ်ားစုဖြဲ႕ေနမွာျဖစ္ၿပီးတနသၤာရီတိုင္းမိုးမ်ားစြာ႐ြာသြန္းႏိုင္ပါတယ္။
၁၇ ရက္ ၁၈ ရက္ေန႔မွာေတာ့ ပိုမိုးအားေကာင္းလာႏိုင္ၿပီးေသးငယ္တဲ့ ေႏြမုန္တိုင္းျဖစ္ႏိုင္ပါတယ္။ မုန္တိုင္းႀကီးအဆင့္ျဖစ္ႏိုင္ေျခမရွိေပမယ့္ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသေတြမွာမိုးေတြ႐ြာႏိုင္ပါတယ္။ ၁၇ ရက္ေန႔ ၁၈ ရက္ေန႔ေတြမွာ တနသၤာရီတိုင္းမိုးႀကီးေရလွ်ံႏိုင္ၿပီး ကပၸလီပင္လယ္အတြင္းကို ေလွသင္းေဘာမ်ားလုံးဝမသြားသင့္ပါဘူး အႏၲရာယ္ရွိပါတယ္။ ဧရာဝတီတိုင္း ရန္ကုန္တိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ ပဲခူးတိုင္းႏွင့္ ကယားျပည္နယ္ေတြမွာ မိုးေတြ႐ြာမွာျဖစ္ၿပီး တနသၤာရီတိုင္းမိုးႀကီးေရလွ်ံႏိုင္ပါတယ္။
၂၀၂၂ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔မွ၂၀ရက္ေန႔အတြင္း သိမ္ဆိပ္ ဒုံးဝန္း ဘီးလင္း သထုံ က်ိဳက္ထို ဘားအံ ေခ်ာင္းႏွစ္ခြ မိုးေတြ႐ြာႏိုင္ပါတယ္။ ရာဘာလုပ္ငန္း အုတ္လုပ္ငန္း ေရထိမခံႏိုင္ေသာလုပ္ငန္းလုပ္ေဆာင္ေနၾကသူမ်ား ပ်က္စီးမႈမရွိေအာင္ စီမံခန႔္ခြဲလုပ္ေဆာင္ႏိုင္ၾကေစရန္အတြက္ ရက္ေဝးခန႔္မွန္းေပးရျခင္းျဖစ္ပါတယ္။ ေႏြရာသီေပ်ာက္ဆုံးႏိုင္တယ္ေျပာခဲ့သလို ေႏြမကူးႏိုင္ပဲ ေဆာင္းမွာမိုးေတြ႐ြာဦးမယ္။
၂၀၂၂ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔မွ ၂၀ရက္ေန႔အတြင္း ဧရာဝတီတိုင္း ရန္ကုန္တိုင္း ပဲခူးတိုင္းအေရွ႕ပိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ေတြမွာမိုးေတြ႐ြာႏိုင္ျပန္ပါတယ္။ ၁၇ ရက္ေန႔မွ၁၉ ရက္ေန႔အတြင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ ေဒသေတြမွာ မိုးႀကီးႏိုင္ပါတယ္။ ေဆာင္းမိုးေတြ႐ြာမယ္ Climate Change။
၂၀၂၂ေဖေဖာ္ဝါရီလ ၁၇ရက္ေန႔ ၁၈ရက္ေန႔ ၁၉ရက္ေန႔ေတြမွာ ဧရာဝတီတိုင္းေတာင္ပိုင္း ရန္ကုန္တိုင္း ေဒသေတြမွာ မိုးေတြ႐ြာပါမယ္ ငပုေတာ လပြတၱာ ေဒသေတြက ဆားလုပ္ငန္းလုပ္ေဆာင္ေနၾကသူေတြ ၁၆ ရက္ေန႔မတိုင္မွီ ပ်က္စီးမႈမရွိေအာင္ ဆားႀကဳံးထားၾကပါ ဆားႀကဳံးခ်ိန္ရရွိေအာင္ ရက္ႀကိဳခန႔္မွန္းေပးထားတာျဖစ္ပါတယ္။ ေတာင္သူလယ္သမားေတြလည္း ပ်က္စီးမႈမရွိေအာင္ျပင္ဆင္ၾကပါ အုတ္လုပ္ငန္းသမားေတြလည္း ပ်က္စီးမႈမရွိေအာင္စီမံေဆာင္႐ြက္ႏိုင္ၾကပါေစ။
ပဲခူးခ႐ိုင္ သာယာဝတီခ႐ိုင္ ေညာင္ေလးပင္ခ႐ိုင္ ေတာင္ငူခ႐ိုင္ ေနျပည္ေတာ္ႏွင့္ ကယားျပည္နယ္ေတြမွာ အခ်ိန္အခါမဟုတ္ေဆာင္းမိုးေတြ႐ြာႏိုင္ပါတယ္။ 13/02/2022 ရက္ေန႔ မူဆယ္ခ႐ိုင္ ဗန္းေမာ္ခ႐ိုင္ ျမစ္ႀကီးနားခ႐ိုင္ မိုးညႇင္းခ႐ိုင္ေတြမွာ မိုးအသင့္အတင့္႐ြာႏိုင္ပါတယ္ ၂၀၂၂ ၁၇ ရက္ ၁၈ ရက္ေန႔ေတြမွာ လပြတၱာ ဘိုကေလး ေမာ္ကြၽန္း ေဒးဒရဲ ဖ်ာပုံ က်ိဳက္လတ္ မအူပင္ တြံေတး ေကာ့မႉး ကြမ္းၿခံကုန္း ဒလ ရန္ကုန္ သံလ်င္ ေက်ာက္တန္း တံတားၿမိဳ႕ သုံးခြ ခရမ္း ဒါးပိန္ သကၠလ ကဝ သနပ္ပင္ ပဲခူး ေဝါ ေဒသေတြမွာမိုး႐ြာႏိုင္ပါတယ္။
၂၀၂၂ေဖေဖာ္ဝါရီလ ၁၉ ရက္ ၂၀ ရက္ေတြမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္တြင္ မိုးေတြ႐ြာႏိုင္ပါတယ္” ဆိုၿပီး ႀကိဳတင္ခန႔္မွန္း သတိေပးထားပါတယ္။
အားလုံး သဘာဝေဘးမွ ကင္းေဝးႏိုင္ၾကပါေစ။
Zawgyi