ဗဟုသုတ

ဘဝဆက်တိုင်း ကင်းမြီးကောက်နဲ့ တူတဲ့ သားသမီးတွေ မဖြစ်ကြပါစေနဲ့









ဝေဒင်္ဂ

ကင်းမြီးကောက်ပမာ သားသမီးတွေ မဖြစ်ပါစေနဲ့

ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝ က ကလေးပေါက်ဖွားပြီးတဲ့နောက်မှာ မိမိ ကလေးတွေကို မိမိ ခန္ဓာကိုယ်မှာ တက်ခိုင်း

ထားတာပါပဲ…. ကင်းမြီးကောက် အပေါက်လေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်မှာ နေရင်းနဲ့ ကင်းမြီးကောက်မိခင်ရဲ့ ကိုယ်ကအသားတွေကိုပါ တဖြေးဖြေး စားလိုက် ကြတယ်..

သူတို့ အမေလည်းသေရော သူတို့လေးတွေ လည်း ကြီးလာရောပေါ့.. သူတို့ကိုယ်တိုင် လည်း သွားနိုင် လာနိုင်ရုံမက ရှာဖွေ စားသောက်

နိုင်နေပြီပေါ့… ‌ဘယ်လောက်ထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့..

ယနေ့ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း အဲ့ကင်းမြီးကောက်ပေါက်လေးတွေလို ဖြစ်နေတယ်… မိဘဖြစ်သူက ဘဝတလျှောက်လုံး

ကိုယ့် သားတွေ သမီးတွေအတွက် မိမိဘဝကို သွေး ချွေးရင်းပြီး ပြုစုပျိုးထောင် ကြတယ်… ဒါပေမယ့် သားတွေ သမီးတွေ ကြီးလာတဲ့အခါ ကိုယ်စီကိုယ်စီ အိမ်ထောင်ပြု လိုက်ကြတယ်… အဲ့အချိန် မိဘ‌တွေက အိုနေပြီလေ….

ထိုအခါ တချို့ သားသမီးတွေက မိဘတွေကို ပြောကြသေးတယ်.. အမေတို့ အသုံးမကျလို့ အဖေတို့ အသုံးမကျ လို့ ကျနော် ကျမတို့ဘဝဒီလိုဖြစ်နေတာတဲ့.. သနားစရာ အသက်ရွယ်ကြီးလာတဲ့ မိဘတွေ ကို ပြန်လည်မစောင့်ရှောက်တဲ့အပြင် ပြစ်ထားလိုက်ကြတယ်.. အဲ့လိုသားသမီးတွေဟာ ကင်းမြီး‌ကောက်တွေ နဲ့ ပမာတူညီပါတယ်..

ဝေဒင်္ဂ