လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ် ၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။
လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။
ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ်အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။
ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။
မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။
လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။
Credit
zawgyi
လျပည့္ေန႔တိုင္း ျပဳလုပ္နိင္သည့္ ဆန္ဆီေဆးဆား အလႉေတာ္
လျပည့္ေန႔အခါသမယ မွာ ဆန္ဆီေဆးဆား လႉဒါန္းကုသိုလ္ျပဳႏိုင္မယ့္ နည္းလမ္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။
လျပည့္ေန႔ မနက္ ၉ နာရီ (သို႔) ၉ နာရီ ၄၅ မိနစ္တြင္ အိမ္၏ ဘုရားေက်ာင္းေဆာင္၌ ဆန္၊ ဆီ၊ ေဆး၊ ဆား တို႔ကို လႉဒါန္းၿပီး ေမတၱာသုတ္ (၁၀) ေခါက္၊ သမၺဳေဒၶ (၁၀) ေခါက္၊ ဒိဝါတပတိ (၁၀) ေခါက္ ႐ြတ္ဖတ္ပူေဇာ္ပါ။ ကုသိုလ္ ၏ အဖို႔ဘာဂကို ေမတၱာပို႔၊ အမွ်ေဝပါ။
လႉဒါန္းရာတြင္ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးႏွင့္တကြ သံဃာေတာ္မ်ားအတြက္ ရည္စူးကာ မိမိတတ္ႏိုင္သေလာက္ ဆန္အျပည့္၊ ဆီအျပည့္ ၊ေဆးပစၥည္းအျပည့္၊ ဆားအျပည့္ထည့္ကာ ကပ္လႉထားရွိေပးပါ။ ျပည့္ဝျခင္းသေဘာကိုေဆာင္တဲ့ အဓိပၸာယ္ပါ။
ဆန္ ဆီ ဆားေဆး လႉဒါန္းရျခင္းအက်ိဳးမွာ အက်ပ္အတည္းမ်ား ရင္ဆိုင္ေနရေသာအခါ၊ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေရေသာအခါမ်ားတြင္ အရံသင့္ေပးမည့္၊ ေကြၽးမည့္ လက္တစ္စုံ အမွီရေစ၏။ လုပ္ငန္းစီးပြားမ်ား တိုးတက္ေစ၏။
က်န္းမာေရး ခ်ိဳ႕ယြင္းသူမ်ား က်န္းမာလာေစ၏။ မိမိအိမ္တြင္ လိုအပ္ခ်က္ မွန္သမွ်ျပည့္စုံလာေစ၏။ မိမိအိမ္တြင္ မရွိစကား၊ ေပးပါေတာင္းပါဟု ေျပာဆိုေနစရာမလိုဘဲ လိုအပ္တာမ်ားျပည့္စုံလာေစ၏။
မိမိတို႔၏ အိမ္မီးဖိုေခ်ာင္သည္ စားစရာမ်ားျဖင့္ ျပည့္စုံေနျခင္း၊ စိတ္ဝမ္းကြဲေနေသာ မိတ္ေဆြ ညီအကိုေမာင္ႏွမမ်ားလည္း ျပန္လည္သင့္ျမတ္ပါလိမ့္မည္။
လႉၿပီး ေန႔လည္ ၁၂ နာရီ ၊ ၁ နာရီေလာက္ ျပန္စြန႔္ေပးပါ။ စြန႔္ၿပီးသား ဆန္ကို သံဃာေတာ္မ်ား၊ သီလရွင္မ်ားအား ေလာင္းလႉျခင္း၊ ဆြမ္းခ်က္၍ သံေဃာ္ေတာ္မ်ားအား လႉဒါန္းျခင္း၊ မရွိႏြမ္းပါးသူမ်ားအား ျပန္လည္ လႉဒါန္းျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။
အခါႀကီးရက္ႀကီးတိုင္း ပုံမွန္လုပ္ေပးျခင္းျဖင့္ ကုသိုလ္လည္းရ ဝမ္းလည္းဝၿပီး ေကာင္းက်ိဳးမ်ားျဖင့္ ျပည့္စုံႏိုင္ၾကပါေစ။
Credit