Zawgyi
အတိုင္ပင္ခံပုဂၢိဳလ္၏ ကိုယ္ရံေတာ္ ခ်ယ္ရီထက္ တရားရံုးမွာ ပြဲၾကမ္းျပီ…..
နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ကိုယ္ရံေတာ္ ဒုရဲအုပ္ ခ်ယ္ရီထက္က ၎ စြဲဆိုခံထားရသည့္ ၅၀၅ (က) အမွု အျပစ္မရွိဟု ယေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔တြင္ သက္ေသ ထြက္ဆိုခဲ့ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သူထံက သိရသည္။
ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔သို့ ခ်ိန္းဆိုထားၿပီး အဆိုပါ ႐ုံးခ်ိန္း၌ ဒုရဲအုပ္ ခ်ယ္ရီထက္ ဘက္က တင္သြင္းထားသည့္ သက္ေသမ်ားကို စစ္ေဆးမည္ ျဖစ္ၿပီး ၎က ခံျပသက္ေသ ၁၁ ေယာက္ တင္သြင္းထားသည္ဟု သိရသည္။
ဒုရဲအုပ္ ခ်ယ္ရီထက္သည္ ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္းက ေနျပည္ေတာ္၌ ဖမ္းဆီးခံလိုက္ရျခင္း ျဖစ္ၿပီး ရဲတရား႐ုံးက ခ်မွတ္ထားသည့္ ရဲဝန္ထမ္းဆိုင္ရာ ဥပေဒႏွင့္လည္း ေထာင္ သုံးႏွစ္ မတရား ခ်မွတ္ခံထားရသည္။
ယခု တရား ရင္ဆိုင္ေနရသည့္ ၅၀၅ (က) အမွုမွာ ၎၏ လူမွုကြန္ရက္ စာမ်က္ႏွာတြင္ ၂၀၂၁ ခုႏွစ္ မတ္လ ၆ ရက္၊ ၇ ရက္ႏွင့္ ၁၄ ရက္ေန႔တို့တြင္ ေရးသားခဲ့သည့္ အေၾကာင္းအရာမ်ား၊ ဇြန္လတြင္ NLD အမတ္ ေဒၚသီရိရတနာ ႏွင့္
ဆက္သြယ္ခဲ့ျခင္း၊ အမ်ိဳးသားညီညြတ္ေရး အစိုးရ (NUG) ၏ သတင္း ထုတ္ျပန္ခ်က္မ်ားကို ေပးပို့ျခင္း၊ ျပည္ပ သတင္းဌာနမ်ား၏ သတင္း ႐ုပ္သံဖိုင္မ်ား အျပန္အလွန္ ေပးပို့ျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းတို့ႏွင့္ ဆက္စပ္ၿပီး မတရား စြပ္စြဲ ခံထားရသည့္ အမွု ျဖစ္သည္။
Unicode
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ရံတော် ချယ်ရီထက် တရားရုံးမှာ ပွဲကြမ်းပြီ…..
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက်က ၎င်း စွဲဆိုခံထားရသည့် ၅၀၅ (က) အမှု အပြစ်မရှိဟု ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သက်သေ ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။
နောက်တစ်ကြိမ် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့သို့ ချိန်းဆိုထားပြီး အဆိုပါ ရုံးချိန်း၌ ဒုရဲအုပ် ချယ်ရီထက် ဘက်က တင်သွင်းထားသည့် သက်သေများကို စစ်ဆေးမည် ဖြစ်ပြီး ၎င်းက ခံပြသက်သေ ၁၁ ယောက် တင်သွင်းထားသည်ဟု သိရသည်။
ဒုရဲအုပ် ချယ်ရီထက်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး ရဲတရားရုံးက ချမှတ်ထားသည့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနှင့်လည်း ထောင် သုံးနှစ် မတရား ချမှတ်ခံထားရသည်။
ယခု တရား ရင်ဆိုင်နေရသည့် ၅၀၅ (က) အမှုမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အကြောင်းအရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့်
ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့နှင့် ဆက်စပ်ပြီး မတရား စွပ်စွဲ ခံထားရသည့် အမှု ဖြစ်သည်။