မီးပွိုင့်မှာ ဖုန်သုတ်၊ ရေဆေး၊ ကားခြစ် ခံနေရတဲ့ ပြည်သူတွေရဲ့ ရင်ထဲက အသံအစစ်အမှန်
မီးပွိုင့်တွေမှာ ကားမှန်ဆေးသလို၊ ဖုန်သုတ်သလို လုပ်ပြီး ပိုက်ဆံအတင်းတောင်း၊ မပေးရင် ကားကို ခြစ်သွားတဲ့ ကလေးတွေရဲ့ ဒုက္ခပေးခြင်းကို ခံရတဲ့ ခရီးသွားပြည်သူတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်- မီးပွိုင့်က ကလေးတွေအကြောင်းအပြောများနေလို့ ကျမကိုယ်တွေ့လေး ပြောပြချင်ပါတယ်။
သုဝဏ္ဏလမ်းဆုံမီးပွိုင့်မှာ ဖြစ်ဖူးတယ် ကလေးမလေး မီးပွိုင့် မိတော့ကားကိုအတင်းဖုန်လာသုတ်တာ ကျမကားက ဒဲ့လမ်းကြောမှာမီးပွိုင့်မိနေတာ ဘေးကကွေ့ကြောက စိမ်းနေတော့ကားတွေသွားနေကြတာ အဲ့ဒါကောင်မလေးက ကားရှေ့ဘယ်ဖက်မီးလုံးနားလောက်မှာ ရပ်ပီးဖုန်သုတ်တာ ဘေးကကွေ့ကြောက ကုန်တင်ကားကြီးကလာရော ကုန်တင်ကားက အရမ်းရှည်တော့ ကွေ့လိုက်တဲ့အခါ ကားဖင်က ကျမကားနားထိရောက်တယ် ကလေးမလေးရပ်နေတဲ့နေရာနဲ့ကွက်တိ အဲ့ကလေးမလေးအရပ်နဲ့ ကုန်ကားအောက်ခြေနဲ့အတိလေး ကားကအရှိန်နဲ့ကွေ့လိုက်တော့ အဲ့ကလေးမလေး ခေါင်းနဲ့ကုန်ကားရဲ့အောက်ခြေက သံနဲ့ဆောင့်မိသွားပီး အရှိန်ပါတော့ ကျမကားဘောနက်ဖုံးကိုပါ သူ့နှဖူးနဲ့လာဆောင့်ရော (ကုန်ကားကသိတောင်မသိလိုက်ဘူးမောင်းထွက်သွားတာ)
ကျမမှာ ရင်တွေတုန်ပီး အော်လိုက်ရတာ ကိုယ့်ကားကမီးပွိုင့်မိပီးရပ်နေတာနော်အဲ့ဒါ ပီးကြကလေးမလေးကအော်ငိုပါလေရော ကုန်ကားနဲ့ဆောင့်တဲ့နေရာကခေါင်းကွဲသွားပီး သွေးတွေတအားထွက်လာတာ အဲ့ဒါနဲ့ လမ်းဘေးကသူတို့အဖွဲ့လို့ ထင်ရတဲ့လူကြီးတွေကို လှမ်းအော်ခေါ်ပီး လာခေါ်ခိုင်းရတယ် တခြားဘေးက အနောက်က ကားတွေက ဆင်းလာပီး ကျမတို့ကားနဲ့မဆိုင်ကြောင်း ကုန်ကားနဲ့ထိတာဖြစ်ကြောင်းဝိုင်းပြောပေးကြလို့ တော်သေးတယ်
ကားကြီးလာတာကို လုံးဝမရှောင်ပဲရပ်နေတာနော် အဲ့နေရာမှာ ကျမကားရှေ့တည့်တည့်ကို ၁လှမ်းလောက်တိုးလိုက်ရင်တောင် သူလွတ်တယ် ဒါပေမဲ့လုံးဝမတိုးဘူး ကားကြီးလဲမကြောက်ဘူးသူတို့က ကိုယ့်မှာကြားထဲက အမှုပတ်တော့မလို့ (Hay Mann) မတင်စဖူး တင်လိုက်အုန်းမယ်။ မီးပွိုင့်မိပြီဟေ့ဆိုရင် အညောင်းဖြေကျတာပေါ့ သူတို့ကို စိတ်ထဲ မထည့်မိဘူး။ ဘယ်ဘက်ကို ဘယ်တုန်းက လာလုပ်မှန်းမသိလိုက်ဘူး။
ကိုယ့်ကား ညာဘက် ဘက်မှန်ကို လာလုပ်တော့မှာ သေချာကြည့်မိတယ်။ ဆပ်ပြာရည် ဘူးလေးနဲ့ တရှီးရှီးလုပ်တယ် ပြီးတော့ စုတ်တံနဲ့ ပွတ်တယ်။ ပြီးတောင် အ၀တ်ညစ်လပတ်နဲ့ သုတ်ပြီး ပိုက်ဆံအတင်းတောင်းတယ်။ စုတ်တံကို သေချာကြည့်ကြည့် ကော်အမျှင်နဲ့ဟာ ကော့်လံပြီး ဖြာထွက်နေပြီး အဲ့တော့ အထဲက လက်ကိုင်တုတ် တံက မှန်နဲ့ ထိမှာပေါ့ သူတို့ လုပ်ပုံနဲ့က ကိုယ်က အိမ်မှာ ဆေးရင်တောင် ရေမြှပ်နဲ့ ဖွဖွပွတ် micro fibreနဲ့ ပြန်သုတ် တယုတယ ပြုမူတာ ဗျာ။
ခုဟာက သူတို့ ဘတ်ဘတ်ဘတ် နဲ့ လာလုပ်နေတာ ကိုယ်ကားကို အခွင့်မရှိပဲ လုပ်ကိုင်နေတာတွေက ရပ်တန်းက ရပါသင့်တယ်။ ကိုယ့်ကားထဲ အတင်းချောင်းကြည့် privacy ထိတယ် နောက်ခန်းထဲ ပြူးတူးပြဲတဲနဲ့ ဝိုင်းအုံတာတွေ စိတ်တွေလဲ ညစ်ပါတယ်။ ခုကာလ က pandemic ကာလ သူတို့က maskမတပ် တပ်ရင်လဲ mask မှာက ပိုးက ပြန့်နေလောက် အစုံလျောက်ထိ လျောက်ကိုင်ပြီ mask ကို ချွတ်လိုက်တပ် လိုက်လုပ်နေတာ။
ကိုယ်က ကားစီးတာတောင် mask တပ်ထားတာ မတော် သူတို့ ဆီက နေ ကိုယ့်မိဘ ဘိုးဘွား ကူးမိရင် မသက်သာဘူး။ ဒီအခက်အခဲတွေက ကိုယ်တွေ့နဲ့ လူတိုင်း လမ်းပေါ်မှာ ကြုံတွေ့နေရမယ်လို့ထင်ပါတယ်။ (လှုရတန်းရတာ ကိုယ့်အတွက် နေ့စဉ်လုပ်နေတာပါ။ အဲ့လိုမျိုး တွေကျတော့ မေတ္တာတုံးတယ် မလှူချင်ဘူး။
ခြေလက်အကောင်းကြီးနဲ့ လူတိုင်းကို အနှောက်အယှက်လိုက်ပေးနေတာမျိုးတွေ သည်းမခံနိုင်လို့ပါ) (Park Minji) မေတ္တာရှင်တွေ နဲ့ အားတိုင်းမွေးဒဏ်တွေ ခံရဘူးသူ ဘယ်သူပိုများမလဲလို့…. (ခါတော်မှီလေး လာတင်တာ) မီးပွိုင့်မိလို့ ကားရပ်ထားရင် ချေးအထပ်ထပ်နဲ့သဘက်အစုတ်ကြီးကိုင်ပြီး လက်လှမ်းမီရာ မှန်ကို လက်ထဲကိုင်လာတဲ့ရေဗူးထဲက ရေနဲ့ပက်ပြီး ပြေးသုတ်တော့တာ…။
ဒင်းတို့လက်ချက်မိသွားရင် ကားမှန်လည်း ဆီတွေဝေ့ပြီး သက်တံ့တွေပါထွက်လာရော…. တစ်ခါတစ်လေ သဘက်ထဲမှာ ကျောက်ခဲစလေးများပါလို့ကတော့… ကားမှန်နဲ့ဘော်ဒီ တော့ လွမ်းစရာဖြစ်ပြီပဲ….။ မီးပွိုင့်စိမ်းလို့ ကားထွက်မယ်ကြံရင်လည်း ကားဘေးပတ်လည်ငုံ့ကြည့်ရသေးတယ်။
မတော်တဆ ကားအောက်ထဲ ညပ်ပါသွားရင် ယာဥ်မောင်းက ပဲဟင်းစားရဦးမယ်….။ ကိုယ့်ကားနားကပ်လာလို့ သွားမငေါက်လေနဲ့ ဘယ်ကထွက်လာမှန်းမသိတဲ့ အချွန်အတပ်တွေနဲ့ ကားဘော်ဒီကို မာကင်တွေပေးသွားလိမ့်မယ်။ မကျေနပ်လို့ နရင်းဆင်းအုပ်ရင်လည်း ဘယ်ပထွက်လာမှန်းမသိတဲ့ ခေါင်းကိုင်မိဘတွေက သူတို့လက်ထဲက ငွေအကြွေအုပ်နဲ့ ပစ်ပေါက်တာကို ခံရဦးမယ်။
(အကြွေအုပ်တင် သောင်းဂဏန်းရှိတယ် ဘာမှတ်) သက်ဆိုင်ရာက တစ်နေရာမှာရှင်းလည်း နောက်တစ်နေရာမှာ အုပ်လိုက်ကြီးပေါ်လာစမြဲ…. တစ်ချို့အခြေခံလူတန်းစားတွေဟာ ခရိုနီတွေလိုပဲ အခွင့်အရေးယူတတ်ကြတာပါပဲ….. (အကြီးကြီးယူတာနဲ့ ရသလောက်ယူတာ ပဲကွာတာ) ဆင်းရဲတယ်ဆိုပြီး သနားလို့မရသလို… ချမ်းသာတယ်ဆိုပြီးလည်း အားကျလို့မရကြောင်း…… တစ်ချို့ပတ်ဝန်းကျင်တွေက ကိုယ်တိုင်ကျင်လည်ဘူးမှ အနေအထားတွေကို သိရတာ….. (Min Soe)
အခုမီးပွိုင့်တွေမှာကားဖုန်သုတ်တာလိုလိုနဲ့ ပိုက်ဆံတောင်းပီး ပိုက်ဆံမပေးရင် ကားကိုသူတို့စိတ်မထင်ရင်မထင်သလိုလုပ်တဲ့ကိစ္စလေးပါ ကျနော်ကိုယ်တိုင်လဲအများကြီးကြုံခဲ့ရပါတယ် ကျနော့်တုန်းကဆို ကျနော်ကကိုယ့်ကားကိုချစ်တဲ့အထဲပါတယ်
ကားကိုအမြဲဆေး အမြဲတယုတယထားတာ တခါတလေ မအားရင်တောင် ဆိုင်မှာသေချာဆေးပီး အရိပ်တကြည့်ကြည့်နဲ့ ကျေနပ်နေတဲ့အမျိုးအစား တခေါက်ကဆို မဂ်လာစျေးမီးပွိုင့်မှာ အဘွားကြီးတယောက် ပိတ်ထားတဲ့ကားမှန်ကို တဘုန်းဘုန်းလာရိုက်ပီး တောင်းတာ ကျနော်ဆင်းပီးတော့ကို အော်ဆဲတာ ဟုတ်တယ်လေ ကားကအစ ကျနော် ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေထားတာ သူတို့တောင်းတာ ကျနော်ပိုင်တဲ့ပစ္စည်းကို ဘာမှလာထိလိုက်စရာမလိုဘူး သဒ္ဓါရင်လှူမှာပဲ ကိုယ်က ဘယ်သူ့မှ အားကိုးထားတာ မဟုတ်ဘူး
မီးပွိုင့်က ကလေးတွေသနားပါတယ်ဆိုပီး သနားနေတဲ့ နဲနဲဉာဏ်နဲတဲ့လူတွေကသပ်သပ်ရှိတယ် အမှန်က ကလေးတွေတင်မဟုတ်ဘူး သူတို့ရဲ့နောက်မှာ ထိုင်ခိုင်းနေတဲ့ အသက်ကြီးတဲ့ နလပိန်းတုန်းတွေရှိတယ်။ အခုဆို အုပ်စုလိုက် အုံနဲ့ကျင်းနဲ့ မီးပွိုင့်တော်တော်များများမှာ တာမွေအဝိုင်းမှာလဲ မီးပွိုင့်မှာလာသုတ်တယ် အဝတ်ကအဝတ်အခြောက် မာ ကြမ်းနေတဲ့အဝတ်နဲ့ သုတ်တာက သေချာသုတ်တာမဟုတ်ဘူး ၃ ၄ချက်ပွတ်ဆွဲတာ ပီးရင်တခြားကားဘက်လှည့်တာ တချို့ပွိုင့်တွေဆို အစင်းရာထင်အောင်တခုခုနဲ့ဆွဲသွားတာက ရှိတယ်
ပေးတဲ့လူတွေရှိတယ် အဲ့လိုရှိတော့ ရောင့်တက်ပီး ထပ်လုက်ကြတယ် လုပ်တဲ့လူပိုတိုးလာတယ် သူတို့ကိုပေးရတာ ဘယ်လောက်မှမဟုတ်တာသိတယ် ဒါပေမယ့် ဒါကြီးကထုံးစံဖြစ်လို့မရဘူး ကြာရင် မပေးရင်ကားကိုတခုခုလုပ်ခံရလိမ့်မယ်ဆိုတဲ့ ဆိုက်ကိုက ပိုဆိုးလာကြလိမ့်မယ် ပေးနေတဲ့လူတွေလဲသေချာစဉ်းစားကြ မပေးတဲ့လူတွေလဲ တယောက်ကားပေါ်ကဆင်းပီးဖြေရှင်းရင် ဝန်းရံပေးကြ ဒါကရေရှည်ပိုဆိုးလာမယ့် ပြသာနာကြီး (Zaw Myo Hlaing) အထက်ပါ အကြောင်းအရာတွေဟာ တကယ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အသံအစစ်ပါ။ တာဝန်ရှိသူတွေ (ကိုယ့်ဟာကိုယ် တာဝန်ယူချင်ပါတယ်ဆိုပြီး အတင်းသိမ်းထားတဲ့သူတွေ) ဖြေရှင်းပေးကြပါ။
မီးပြိဳင့္မွာ ဖုန္သုတ္၊ ေရေဆး၊ ကားျခစ္ ခံေနရတဲ့ ျပည္သူေတြရဲ့ ရင္ထဲက အသံအစစ္အမွန္
မီးပြိဳင့္ေတြမွာ ကားမွန္ေဆးသလို၊ ဖုန္သုတ္သလို လုပ္ၿပီး ပိုက္ဆံအတင္းေတာင္း၊ မေပးရင္ ကားကို ျခစ္သြားတဲ့ ကေလးေတြရဲ့ ဒုကၡေပးျခင္းကို ခံရတဲ့ ခရီးသြားျပည္သူေတြရဲ့ ရင္ထဲက ခံစားခ်က္ေတြကို ေဖာ္ၿပ ေပးလိုက္ပါတယ္- မီးပြိဳင့္က ကေလးေတြအေၾကာင္းအေျပာမ်ားေနလို႔ က်မကိုယ္ေတြ႕ေလး ေျပာျပခ်င္ပါတယ္။
သုဝဏၰလမ္းဆုံမီးပြိဳင့္မွာ ျဖစ္ဖူးတယ္ ကေလးမေလး မီးပြိဳင့္ မိေတာ့ကားကိုအတင္းဖုန္လာသုတ္တာ က်မကားက ဒဲ့လမ္းေၾကာမွာမီးပြိဳင့္မိေနတာ ေဘးကေကြ႕ေၾကာက စိမ္းေနေတာ့ကားေတြသြားေနၾကတာ အဲ့ဒါေကာင္မေလးက ကားေရွ႕ဘယ္ဖက္မီးလုံးနားေလာက္မွာ ရပ္ပီးဖုန္သုတ္တာ ေဘးကေကြ႕ေၾကာက ကုန္တင္ကားႀကီးကလာေရာ ကုန္တင္ကားက အရမ္းရွည္ေတာ့ ေကြ႕လိုက္တဲ့အခါ ကားဖင္က က်မကားနားထိေရာက္တယ္ ကေလးမေလးရပ္ေနတဲ့ေနရာနဲ႔ကြက္တိ အဲ့ကေလးမေလးအရပ္နဲ႔ ကုန္ကားေအာက္ေျခနဲ႔အတိေလး ကားကအရွိန္နဲ႔ေကြ႕လိုက္ေတာ့ အဲ့ကေလးမေလး ေခါင္းနဲ႔ကုန္ကားရဲ့ေအာက္ေျခက သံနဲ႔ေဆာင့္မိသြားပီး အရွိန္ပါေတာ့ က်မကားေဘာနက္ဖုံးကိုပါ သူ႔ႏွဖူးနဲ႔လာေဆာင့္ေရာ (ကုန္ကားကသိေတာင္မသိလိုက္ဘူးေမာင္းထြက္သြားတာ)
က်မမွာ ရင္ေတြတုန္ပီး ေအာ္လိုက္ရတာ ကိုယ့္ကားကမီးပြိဳင့္မိပီးရပ္ေနတာေနာ္အဲ့ဒါ ပီးၾကကေလးမေလးကေအာ္ငိုပါေလေရာ ကုန္ကားနဲ႔ေဆာင့္တဲ့ေနရာကေခါင္းကြဲသြားပီး ေသြးေတြတအားထြက္လာတာ အဲ့ဒါနဲ႔ လမ္းေဘးကသူတို႔အဖြဲ႕လို႔ ထင္ရတဲ့လူႀကီးေတြကို လွမ္းေအာ္ေခၚပီး လာေခၚခိုင္းရတယ္ တျခားေဘးက အေနာက္က ကားေတြက ဆင္းလာပီး က်မတို႔ကားနဲ႔မဆိုင္ေၾကာင္း ကုန္ကားနဲ႔ထိတာျဖစ္ေၾကာင္းဝိုင္းေျပာေပးၾကလို႔ ေတာ္ေသးတယ္
ကားႀကီးလာတာကို လုံးဝမေရွာင္ပဲရပ္ေနတာေနာ္ အဲ့ေနရာမွာ က်မကားေရွ႕တည့္တည့္ကို ၁လွမ္းေလာက္တိုးလိုက္ရင္ေတာင္ သူလြတ္တယ္ ဒါေပမဲ့လုံးဝမတိုးဘူး ကားႀကီးလဲမေၾကာက္ဘူးသူတို႔က ကိုယ့္မွာၾကားထဲက အမႈပတ္ေတာ့မလို႔ (Hay Mann) မတင္စဖူး တင္လိုက္အုန္းမယ္။ မီးပြိဳင့္မိၿပီေဟ့ဆိုရင္ အေညာင္းေျဖက်တာေပါ့ သူတို႔ကို စိတ္ထဲ မထည့္မိဘူး။ ဘယ္ဘက္ကို ဘယ္တုန္းက လာလုပ္မွန္းမသိလိုက္ဘူး။
ကိုယ့္ကား ညာဘက္ ဘက္မွန္ကို လာလုပ္ေတာ့မွာ ေသခ်ာၾကည့္မိတယ္။ ဆပ္ျပာရည္ ဘူးေလးနဲ႔ တရွီးရွီးလုပ္တယ္ ၿပီးေတာ့ စုတ္တံနဲ႔ ပြတ္တယ္။ ၿပီးေတာင္ အ၀တ္ညစ္လပတ္နဲ႔ သုတ္ၿပီး ပိုက္ဆံအတင္းေတာင္းတယ္။ စုတ္တံကို ေသခ်ာၾကည့္ၾကည့္ ေကာ္အမၽွင္နဲ႔ဟာ ေကာ့္လံၿပီး ျဖာထြက္ေနၿပီး အဲ့ေတာ့ အထဲက လက္ကိုင္တုတ္ တံက မွန္နဲ႔ ထိမွာေပါ့ သူတို႔ လုပ္ပုံနဲ႔က ကိုယ္က အိမ္မွာ ေဆးရင္ေတာင္ ေရျမႇပ္နဲ႔ ဖြဖြပြတ္ micro fibreနဲ႔ ျပန္သုတ္ တယုတယ ျပဳမူတာ ဗ်ာ။
ခုဟာက သူတို႔ ဘတ္ဘတ္ဘတ္ နဲ႔ လာလုပ္ေနတာ ကိုယ္ကားကို အခြင့္မရွိပဲ လုပ္ကိုင္ေနတာေတြက ရပ္တန္းက ရပါသင့္တယ္။ ကိုယ့္ကားထဲ အတင္းေခ်ာင္းၾကည့္ privacy ထိတယ္ ေနာက္ခန္းထဲ ျပဴးတူးျပဲတဲနဲ႔ ဝိုင္းအုံတာေတြ စိတ္ေတြလဲ ညစ္ပါတယ္။ ခုကာလ က pandemic ကာလ သူတို႔က maskမတပ္ တပ္ရင္လဲ mask မွာက ပိုးက ျပန႔္ေနေလာက္ အစုံေလ်ာက္ထိ ေလ်ာက္ကိုင္ၿပီ mask ကို ခၽြတ္လိုက္တပ္ လိုက္လုပ္ေနတာ။
ကိုယ္က ကားစီးတာေတာင္ mask တပ္ထားတာ မေတာ္ သူတို႔ ဆီက ေန ကိုယ့္မိဘ ဘိုးဘြား ကူးမိရင္ မသက္သာဘူး။ ဒီအခက္အခဲေတြက ကိုယ္ေတြ႕နဲ႔ လူတိုင္း လမ္းေပၚမွာ ၾကဳံေတြ႕ေနရမယ္လို႔ထင္ပါတယ္။ (လႈရတန္းရတာ ကိုယ့္အတြက္ ေန႔စဥ္လုပ္ေနတာပါ။ အဲ့လိုမ်ိဳး ေတြက်ေတာ့ ေမတၱာတုံးတယ္ မလႉခ်င္ဘူး။
ေျခလက္အေကာင္းႀကီးနဲ႔ လူတိုင္းကို အေႏွာက္အယွက္လိုက္ေပးေနတာမ်ိဳးေတြ သည္းမခံနိုင္လို႔ပါ) (Park Minji) ေမတၱာရွင္ေတြ နဲ႔ အားတိုင္းေမြးဒဏ္ေတြ ခံရဘူးသူ ဘယ္သူပိုမ်ားမလဲလို႔…. (ခါေတာ္မွီေလး လာတင္တာ) မီးပြိဳင့္မိလို႔ ကားရပ္ထားရင္ ေခ်းအထပ္ထပ္နဲ႔သဘက္အစုတ္ႀကီးကိုင္ၿပီး လက္လွမ္းမီရာ မွန္ကို လက္ထဲကိုင္လာတဲ့ေရဗူးထဲက ေရနဲ႔ပက္ၿပီး ေျပးသုတ္ေတာ့တာ…။
ဒင္းတို႔လက္ခ်က္မိသြားရင္ ကားမွန္လည္း ဆီေတြေဝ့ၿပီး သက္တံ့ေတြပါထြက္လာေရာ…. တစ္ခါတစ္ေလ သဘက္ထဲမွာ ေက်ာက္ခဲစေလးမ်ားပါလို႔ကေတာ့… ကားမွန္နဲ႔ေဘာ္ဒီ ေတာ့ လြမ္းစရာျဖစ္ၿပီပဲ….။ မီးပြိဳင့္စိမ္းလို႔ ကားထြက္မယ္ႀကံရင္လည္း ကားေဘးပတ္လည္ငုံ႔ၾကည့္ရေသးတယ္။
မေတာ္တဆ ကားေအာက္ထဲ ညပ္ပါသြားရင္ ယာဥ္ေမာင္းက ပဲဟင္းစားရဦးမယ္….။ ကိုယ့္ကားနားကပ္လာလို႔ သြားမေငါက္ေလနဲ႔ ဘယ္ကထြက္လာမွန္းမသိတဲ့ အခၽြန္အတပ္ေတြနဲ႔ ကားေဘာ္ဒီကို မာကင္ေတြေပးသြားလိမ့္မယ္။ မေက်နပ္လို႔ နရင္းဆင္းအုပ္ရင္လည္း ဘယ္ပထြက္လာမွန္းမသိတဲ့ ေခါင္းကိုင္မိဘေတြက သူတို႔လက္ထဲက ေငြအေႂကြအုပ္နဲ႔ ပစ္ေပါက္တာကို ခံရဦးမယ္။
(အေႂကြအုပ္တင္ ေသာင္းဂဏန္းရွိတယ္ ဘာမွတ္) သက္ဆိုင္ရာက တစ္ေနရာမွာရွင္းလည္း ေနာက္တစ္ေနရာမွာ အုပ္လိုက္ႀကီးေပၚလာစျမဲ…. တစ္ခ်ိဳ႕အေျခခံလူတန္းစားေတြဟာ ခရိုနီေတြလိုပဲ အခြင့္အေရးယူတတ္ၾကတာပါပဲ….. (အႀကီးႀကီးယူတာနဲ႔ ရသေလာက္ယူတာ ပဲကြာတာ) ဆင္းရဲတယ္ဆိုၿပီး သနားလို႔မရသလို… ခ်မ္းသာတယ္ဆိုၿပီးလည္း အားက်လို႔မရေၾကာင္း…… တစ္ခ်ိဳ႕ပတ္ဝန္းက်င္ေတြက ကိုယ္တိုင္က်င္လည္ဘူးမွ အေနအထားေတြကို သိရတာ….. (Min Soe)
အခုမီးပြိဳင့္ေတြမွာကားဖုန္သုတ္တာလိုလိုနဲ႔ ပိုက္ဆံေတာင္းပီး ပိုက္ဆံမေပးရင္ ကားကိုသူတို႔စိတ္မထင္ရင္မထင္သလိုလုပ္တဲ့ကိစၥေလးပါ က်ေနာ္ကိုယ္တိုင္လဲအမ်ားႀကီးၾကဳံခဲ့ရပါတယ္ က်ေနာ့္တုန္းကဆို က်ေနာ္ကကိုယ့္ကားကိုခ်စ္တဲ့အထဲပါတယ္
ကားကိုအျမဲေဆး အျမဲတယုတယထားတာ တခါတေလ မအားရင္ေတာင္ ဆိုင္မွာေသခ်ာေဆးပီး အရိပ္တၾကည့္ၾကည့္နဲ႔ ေက်နပ္ေနတဲ့အမ်ိဳးအစား တေခါက္ကဆို မဂ္လာေစ်းမီးပြိဳင့္မွာ အဘြားႀကီးတေယာက္ ပိတ္ထားတဲ့ကားမွန္ကို တဘုန္းဘုန္းလာရိုက္ပီး ေတာင္းတာ က်ေနာ္ဆင္းပီးေတာ့ကို ေအာ္ဆဲတာ ဟုတ္တယ္ေလ ကားကအစ က်ေနာ္ ရိုးရိုးသားသားလုပ္ကိုင္ရွာေဖြထားတာ သူတို႔ေတာင္းတာ က်ေနာ္ပိုင္တဲ့ပစၥည္းကို ဘာမွလာထိလိုက္စရာမလိုဘူး သဒၶါရင္လႉမွာပဲ ကိုယ္က ဘယ္သူ႔မွ အားကိုးထားတာ မဟုတ္ဘူး
မီးပြိဳင့္က ကေလးေတြသနားပါတယ္ဆိုပီး သနားေနတဲ့ နဲနဲဉာဏ္နဲတဲ့လူေတြကသပ္သပ္ရွိတယ္ အမွန္က ကေလးေတြတင္မဟုတ္ဘူး သူတို႔ရဲ့ေနာက္မွာ ထိုင္ခိုင္းေနတဲ့ အသက္ႀကီးတဲ့ နလပိန္းတုန္းေတြရွိတယ္။ အခုဆို အုပ္စုလိုက္ အုံနဲ႔က်င္းနဲ႔ မီးပြိဳင့္ေတာ္ေတာ္မ်ားမ်ားမွာ တာေမြအဝိုင္းမွာလဲ မီးပြိဳင့္မွာလာသုတ္တယ္ အဝတ္ကအဝတ္အေျခာက္ မာ ၾကမ္းေနတဲ့အဝတ္နဲ႔ သုတ္တာက ေသခ်ာသုတ္တာမဟုတ္ဘူး ၃ ၄ခ်က္ပြတ္ဆြဲတာ ပီးရင္တျခားကားဘက္လွည့္တာ တခ်ိဳ႕ပြိဳင့္ေတြဆို အစင္းရာထင္ေအာင္တခုခုနဲ႔ဆြဲသြားတာက ရွိတယ္
ေပးတဲ့လူေတြရွိတယ္ အဲ့လိုရွိေတာ့ ေရာင့္တက္ပီး ထပ္လုက္ၾကတယ္ လုပ္တဲ့လူပိုတိုးလာတယ္ သူတို႔ကိုေပးရတာ ဘယ္ေလာက္မွမဟုတ္တာသိတယ္ ဒါေပမယ့္ ဒါႀကီးကထုံးစံျဖစ္လို႔မရဘူး ၾကာရင္ မေပးရင္ကားကိုတခုခုလုပ္ခံရလိမ့္မယ္ဆိုတဲ့ ဆိုက္ကိုက ပိုဆိုးလာၾကလိမ့္မယ္ ေပးေနတဲ့လူေတြလဲေသခ်ာစဥ္းစားၾက မေပးတဲ့လူေတြလဲ တေယာက္ကားေပၚကဆင္းပီးေျဖရွင္းရင္ ဝန္းရံေပးၾက ဒါကေရရွည္ပိုဆိုးလာမယ့္ ျပသာနာႀကီး (Zaw Myo Hlaing) အထက္ပါ အေၾကာင္းအရာေတြဟာ တကယ္ခံခဲ့ရတဲ့ ျပည္သူေတြရဲ့ အသံအစစ္ပါ။ တာဝန္ရွိသူေတြ (ကိုယ့္ဟာကိုယ္ တာဝန္ယူခ်င္ပါတယ္ဆိုၿပီး အတင္းသိမ္းထားတဲ့သူေတြ) ေျဖရွင္းေပးၾကပါ။