ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မြို့မရဲစခန်းမှ ရဲမှူးကျော်ကျော်ထွန်း၏ ခြောက် လုံးပြူး သေနတ် ရုတ်တရက် ပြုတ်ကျရာမှ ကျည်တစ်တောင့်ထွက်သွားပြီး ယင်းကျည်တစ်တောင့်သည် ရဲမှူးကျော်ကျော်ထွန်း၏ နဖူးကို လည်းကောင်း၊ ဒုရဲအုပ်သူရိန်လင်း၏ ခြေထောက်ကိုလည်းကောင်း ထိမှန်ဖောက်ထွက်သွားကာ ရဲမှူးကျော်ကျော်ထွန်းမှာမူ ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်း ရဲမှူးကျော်ကျော်ထွန်းက နယ်မြေမှူး ဒုရဲအုပ်သူရိန်လင်းကို ကားထဲမှာ သေနတ်များ သိမ်းရန် စေခိုင်းခဲ့ကြောင်း၊ ဒုရဲအုပ်သူရိန်လင်းက သေနတ်ကို ယူဆောင်လာစဉ် ခြောက်လုံးပြူး သေနတ်သည် ရုတ်တရက် လွတ်ကျပြီး ကျည်တစ်တောင့်ပေါက်သွားကြောင်း၊ ယင်းကျည်တစ်တောင့်သည် ဒုရဲအုပ်သူရိန်လင်း၏ ခြေထောက်ကို ဖောက်ထွက်သွားပြီးနောက် ရဲမှူးကျော်ကျော်ထွန်း၏ နဖူးကို တည့်တည့် ဖောက်ထွက်သွားကြောင်း၊ ရဲမှူးကျော်ကျော်ထွန်းကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် သေဆုံးသွားကြောင်း သိရှိရသည်။
“အင်မတန်လည်းအဖြစ်က ဆန်းကြတယ်။ ရဲမှူးက သေနတ်နှစ်လက် ကားထဲမှာ ရှိတာကို အိမ်ပေါ်တင်ဖို့ ယူခိုင်းတာ။ အဲဒါကို နယ်မြေမှူးက ယူပြီး ပြန်လာတုန်း ခြောက်လုံးပြူးသေနတ်က လွတ်ကျတယ်။ အဲဒီမှာ ကျည်တစ်တောင့် ထွက်ပြီး နယ်မြေမှူး ခြေထောက်ကို ဖောက်သွားတယ်။ အဲဒီကျည်ကပဲ ရဲမှူးကျော်ကျော်ထွန်း မျက်ခုံးအပေါ်ကို ဖောက်ထွက်သွားတာ။ ကျည်တစ်တောင့်တည်းနဲ့ နှစ်ဦးစလုံးထိတာ။ အဲဒါ ဒီနေ့ မွန်းလွဲ ၁၄ နာရီ ၂၀ ( မွန်းလွဲ ၂ နာရီ ၂၀ ) မှာ ရဲမှူး ဆုံးတယ်။ ၂၃ ရက်နေ့ သဂြိုလ်မယ်။ ရန်ကုန်ဆေးရုံမှာပဲ ဆုံးတာ။ သူ့သား ပြင်ဦးလွင် DSA တက်နေတာ လည်း အကြောင်းကြားပြီးပြီ။ အဖြစ်ဆိုးတာပေါ့” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘီးလင်းဒေသခံများကမူ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များအပေါ် ကံဆိုး၊ ကြမ္မာဆိုး ကျရောက်နေပြီဟုဆိုကြသည်။
“လူတွေကို ဒီလောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာလေ။ ကံတွေ ဆိုးတာပေါ့။ ကျိန်စာသင့်တာ။ တစ်မြို့လုံးကတော့ ပျော်ကြတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
zawgyi
Breaking News- ေျခာက္လုံးျပဴးေသနတ္ ျပဳတ္က်၍ က်ည္တစ္ေတာင့္ေပါက္ ထြက္ကာ ဘီလင္းၿမိဳ႕နယ္မႉး ရဲမႉးေက်ာ္ေက်ာ္ထြန္း နဖူးမွန္ေသဆုံးၿပီး ဒုရဲအုပ္ သူရိန္လင္း ေျခေထာက္ က်ည္ေဖာက္ထြက္ဒဏ္ရာရ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမွ ရဲမႉးေက်ာ္ေက်ာ္ထြန္း၏ ေျခာက္ လုံးျပဴး ေသနတ္ ႐ုတ္တရက္ ျပဳတ္က်ရာမွ က်ည္တစ္ေတာင့္ထြက္သြားၿပီး ယင္းက်ည္တစ္ေတာင့္သည္ ရဲမႉးေက်ာ္ေက်ာ္ထြန္း၏ နဖူးကို လည္းေကာင္း၊ ဒုရဲအုပ္သူရိန္လင္း၏ ေျခေထာက္ကိုလည္းေကာင္း ထိမွန္ေဖာက္ထြက္သြားကာ ရဲမႉးေက်ာ္ေက်ာ္ထြန္းမွာမူ ယေန႕ ေသဆုံးသြားေၾကာင္း သိရွိရသည္။
ေဖေဖာ္ဝါရီ ၂၀ ရက္ေန႕ ညေနပိုင္း ရဲမႉးေက်ာ္ေက်ာ္ထြန္းက နယ္ေျမမႉး ဒုရဲအုပ္သူရိန္လင္းကို ကားထဲမွာ ေသနတ္မ်ား သိမ္းရန္ ေစခိုင္းခဲ့ေၾကာင္း၊ ဒုရဲအုပ္သူရိန္လင္းက ေသနတ္ကို ယူေဆာင္လာစဥ္ ေျခာက္လုံးျပဴး ေသနတ္သည္ ႐ုတ္တရက္ လြတ္က်ၿပီး က်ည္တစ္ေတာင့္ေပါက္သြားေၾကာင္း၊ ယင္းက်ည္တစ္ေတာင့္သည္ ဒုရဲအုပ္သူရိန္လင္း၏ ေျခေထာက္ကို ေဖာက္ထြက္သြားၿပီးေနာက္ ရဲမႉးေက်ာ္ေက်ာ္ထြန္း၏ နဖူးကို တည့္တည့္ ေဖာက္ထြက္သြားေၾကာင္း၊ ရဲမႉးေက်ာ္ေက်ာ္ထြန္းကို ရန္ကုန္ေဆး႐ုံႀကီးသို႔ အေရးေပၚ ပို႔ေဆာင္ခဲ့ၿပီး ယေန႕ မြန္းလြဲ ၂ နာရီ ၂၀ မိနစ္တြင္ ေသဆုံးသြားေၾကာင္း သိရွိရသည္။
“အင္မတန္လည္းအျဖစ္က ဆန္းၾကတယ္။ ရဲမႉးက ေသနတ္ႏွစ္လက္ ကားထဲမွာ ရွိတာကို အိမ္ေပၚတင္ဖို႔ ယူခိုင္းတာ။ အဲဒါကို နယ္ေျမမႉးက ယူၿပီး ျပန္လာတုန္း ေျခာက္လုံးျပဴးေသနတ္က လြတ္က်တယ္။ အဲဒီမွာ က်ည္တစ္ေတာင့္ ထြက္ၿပီး နယ္ေျမမႉး ေျခေထာက္ကို ေဖာက္သြားတယ္။ အဲဒီက်ည္ကပဲ ရဲမႉးေက်ာ္ေက်ာ္ထြန္း မ်က္ခုံးအေပၚကို ေဖာက္ထြက္သြားတာ။ က်ည္တစ္ေတာင့္တည္းနဲ႕ ႏွစ္ဦးစလုံးထိတာ။ အဲဒါ ဒီေန႕ မြန္းလြဲ ၁၄ နာရီ ၂၀ ( မြန္းလြဲ ၂ နာရီ ၂၀ ) မွာ ရဲမႉး ဆုံးတယ္။ ၂၃ ရက္ေန႕ သၿဂိဳလ္မယ္။ ရန္ကုန္ေဆး႐ုံမွာပဲ ဆုံးတာ။ သူ႕သား ျပင္ဦးလြင္ DSA တက္ေနတာ လည္း အေၾကာင္းၾကားၿပီးၿပီ။ အျဖစ္ဆိုးတာေပါ့” ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဘီးလင္းေဒသခံမ်ားကမူ ရဲတပ္ဖြဲ႕၏ အၾကမ္းဖက္ ရိုက္ႏွက္ ညွဥ္းပန္းႏွိပ္စက္သတ္ျဖတ္မႈမ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအေပၚ ကံဆိုး၊ ၾကမၼာဆိုး က်ေရာက္ေနၿပီဟုဆိုၾကသည္။
“လူေတြကို ဒီေလာက္ ညွဥ္းပန္းႏွိပ္စက္ သတ္ျဖတ္ေနတာေလ။ ကံေတြ ဆိုးတာေပါ့။ က်ိန္စာသင့္တာ။ တစ္ၿမိဳ႕လုံးကေတာ့ ေပ်ာ္ၾကတယ္” ဟု ဘီးလင္းေဒသခံတစ္ဦးက ေျပာသည္။