မနက်၅နာရီလောက်မှာ ကျွန်တော် အိပ်နေတုန်း ပေါက်ကွဲသံကြားလို့ ထကြည့်လိုက်သောအခါ…..
ဒီမနက် ကြုံရတဲ့ ကိစ္စကြီးက နိုးတာနောက်ကျရင် သေပီပဲ
ဖြစ်ပုံက မနက် ၅ နာရီလောက်မှာ အခန်းထဲမယ်အိပ်နေတုံး ဖောက် ဆိုတဲ့ အသံကြားပီး ရုတ်တရက် ကိုယ်နိုးလာတယ်
ကိုယ်က တော်ရုံဆို အိပ်ပျော်နေတုံး အနားမှာ သီချင်း လာဖွင့်တာတောင် နိုးတဲ့သူမဟုတ်ဘူးရယ်
အခုက ထူးထူးဆန်းဆန်းကြီး လူကို တယောက်ယောက် လှုပ်နိုးလိုက်သလို နိုးလာတာ
( ကိုယ်ကတော့ ညကအိပ်ခါနီး ပုဌာန်းရွတ် မေတ္တာပို့ပီး အိပ်လိုက်မိတော့ နတ်ကောင်းနတ်မြတ်တွေက နှိုးပီး သတိပေးတာလို့ပဲ ယူဆတယ် 🙏)
စကားပြန်ဆက်ရရင် အဲ့ဒီလို ဖောက်ဆိုပီး အသံနောက်မှာ gas အိုးပွင့်သလို ရှူးဆိုပီး အသံတွေ စကြားရတယ်
ကိုယ်က အိပ်ချင်မူးတူးနဲ့ ဘာမှန်း မသိသေးဘူး
ဘေးမှာ အိပ်နေတဲ့ အေးချမ်းမွန်ကို အတင်းလှုပ်နိုးပီး ဘာသံလဲ မသိဘူးဟ လို့ မေးကြည့်တယ်
အေးချမ်းမွန်က အခန်းဝ ဘက်မှာ အိပ်နေတော့ အခန်းပြင်ကို ကြည့်လိုက်မိတာ … ဘယ်ဟုတ်မလဲ ညက အိမ်ရှေ့ခန်းမယ် အားသွင်းထားတဲ့ powerbank က ထပေါက်ပီး မီးခိုးတွေ ထွက်နေတာကို မြင်ရတော့တာပဲ 😩
အဲ့ချိန်မှ လင်မယား ၂ ယောက်လုံး ထပြေး , သူက အိမ် ပြူတင်းပေါက်တွေ ထဖွင့် , ကိုယ်က powerbank ကို ဆွဲဖြုတ်ပီး အိမ်အလယ်ခန်းရောက်အောင် ကန်ထုတ်လိုက်ရတယ် , အာ့အချိန် powerbank က အထဲကနေ မီးပွားစ လေးတွေပါ ထထွက်နေပီ
မကန်ထုတ်လို့လည်း မရဘူးရယ် , powerbank အားသွင်းထားတဲ့နားမှာ battery အိုးတွေရော အရင် covid ကာလတုံးက ဝယ်ထားတဲ့ တခါသုံး အောက်စီဂျင်ဘူးတွေရော အစုံရှိနေတာ , မီးပွားလေး စင်တာနဲ့ အကုန် ထပေါက်ပီပဲ 😩
Powerbank ကို အလယ်ခန်းထိ ကန်ထုတ်ပီးတာတောင် မီးခိုးတွေ ဆက်ထွက်နေတုံးပဲ
ဒါမို့ပထမ ရေခွက်နဲ့ ရေလောင်းချသေးတယ် , နောက်မှ တွေးမိပီး မီးသတ်ဆေးဘူးကို ပြေးယူ ဖြန်းရတာပဲ
တအိမ်လုံး မီးသတ်ဆေးဘူး ငွေ့တွေ powerbank က အငွေ့တွေ ပေါင်းပီး မီးခိုးလုံးတွေက လူတောင် မမြင်ရတော့အောင် ပြည့်သွားတာ
ဒါမို့ အိမ်တံခါးတွေ အကုန်ဖွင့်ပီး ဝရန်တာမှာ ထွက်ထိုင်နေရတယ် , မနက် ၆ နာရီခွဲလောက် မှာ မီးခိုးတွေကုန်မှ အိမ်ထဲ ပြန်ဝင်ရတယ်
ပြန်တွေးကြည့်ရင်အတော်ကြောက်စရာ ကောင်းသလို လင်မယား ၂ ယောက်လုံး အိပ်နေရင်း မီးခိုးမွှန်ပီး သေသွားနိုင်တဲ့ ဖြစ်ရပ်မျိုးပဲ😩
တကယ့်သေရေး ရှင်ရေးဆို စုထားတဲ့ ရွှေငွေ laptop ဖုန်း စာရွက်စာတမ်း ဘာမှ ယူလို့မမှီပါဘူး
လူချည်း အလွတ် အရင်ထွက်ပြေးရတာပါ Fri တို့လည်း powerbank တို့ ဖုန်းတို့ကို ညအိပ်တုံး
အားသွင်းထားရင် မပေါ့ကြပါနဲ့ , အားသွင်းကြိုးတွေ ခေါင်းတွေကိုလည်း quality ကောင်းတာလေး ရွေးသုံးကြပါ
အိမ်မှာလည်း မီးသတ်ဆေးဘူးတွေ ဆောင်ထားကြပါ , တဘူးမှ ၂ သောင်းဝန်းကျင်ပဲ ရှိပါတယ် ,
ခုလို powerbank ထပေါက်ပီး မီးလောင်ရင် ရေလောင်းလို့မရပါဘူး မီးသတ်ဆေးဘူးနဲ့မှ မီးငြိမ်းတာပါ
ဘုရားတရားလည်း မမေ့ကြပါနဲ့
Kyaw Xayar Toe
zawgyi
မနက္၅နာရီေလာက္မွာ ကၽြန္ေတာ္ အိပ္ေနတုန္း ေပါက္ကြဲသံၾကားလို႔ ထၾကည့္လိုက္ေသာအခါ…..
ဒီမနက္ ၾကဳံရတဲ့ ကိစၥႀကီးက နိုးတာေနာက္က်ရင္ ေသပီပဲ
ျဖစ္ပုံက မနက္ ၅ နာရီေလာက္မွာ အခန္းထဲမယ္အိပ္ေနတုံး ေဖာက္ ဆိုတဲ့ အသံၾကားပီး ႐ုတ္တရက္ ကိုယ္နိုးလာတယ္
ကိုယ္က ေတာ္႐ုံဆို အိပ္ေပ်ာ္ေနတုံး အနားမွာ သီခ်င္း လာဖြင့္တာေတာင္ နိုးတဲ့သူမဟုတ္ဘူးရယ္
အခုက ထူးထူးဆန္းဆန္းႀကီး လူကို တေယာက္ေယာက္ လႈပ္နိုးလိုက္သလို နိုးလာတာ
( ကိုယ္ကေတာ့ ညကအိပ္ခါနီး ပုဌာန္းရြတ္ ေမတၱာပို႔ပီး အိပ္လိုက္မိေတာ့ နတ္ေကာင္းနတ္ျမတ္ေတြက ႏွိုးပီး သတိေပးတာလို႔ပဲ ယူဆတယ္ 🙏)
စကားျပန္ဆက္ရရင္ အဲ့ဒီလို ေဖာက္ဆိုပီး အသံေနာက္မွာ gas အိုးပြင့္သလို ရႉးဆိုပီး အသံေတြ စၾကားရတယ္
ကိုယ္က အိပ္ခ်င္မူးတူးနဲ႔ ဘာမွန္း မသိေသးဘူး
ေဘးမွာ အိပ္ေနတဲ့ ေအးခ်မ္းမြန္ကို အတင္းလႈပ္နိုးပီး ဘာသံလဲ မသိဘူးဟ လို႔ ေမးၾကည့္တယ္
ေအးခ်မ္းမြန္က အခန္းဝ ဘက္မွာ အိပ္ေနေတာ့ အခန္းျပင္ကို ၾကည့္လိုက္မိတာ … ဘယ္ဟုတ္မလဲ ညက အိမ္ေရွ႕ခန္းမယ္ အားသြင္းထားတဲ့ powerbank က ထေပါက္ပီး မီးခိုးေတြ ထြက္ေနတာကို ျမင္ရေတာ့တာပဲ 😩
အဲ့ခ်ိန္မွ လင္မယား ၂ ေယာက္လုံး ထေျပး , သူက အိမ္ ျပဴတင္းေပါက္ေတြ ထဖြင့္ , ကိုယ္က powerbank ကို ဆြဲျဖဳတ္ပီး အိမ္အလယ္ခန္းေရာက္ေအာင္ ကန္ထုတ္လိုက္ရတယ္ , အာ့အခ်ိန္ powerbank က အထဲကေန မီးပြားစ ေလးေတြပါ ထထြက္ေနပီ
မကန္ထုတ္လို႔လည္း မရဘူးရယ္ , powerbank အားသြင္းထားတဲ့နားမွာ battery အိုးေတြေရာ အရင္ covid ကာလတုံးက ဝယ္ထားတဲ့ တခါသုံး ေအာက္စီဂ်င္ဘူးေတြေရာ အစုံရွိေနတာ , မီးပြားေလး စင္တာနဲ႔ အကုန္ ထေပါက္ပီပဲ 😩
Powerbank ကို အလယ္ခန္းထိ ကန္ထုတ္ပီးတာေတာင္ မီးခိုးေတြ ဆက္ထြက္ေနတုံးပဲ
ဒါမို႔ပထမ ေရခြက္နဲ႔ ေရေလာင္းခ်ေသးတယ္ , ေနာက္မွ ေတြးမိပီး မီးသတ္ေဆးဘူးကို ေျပးယူ ျဖန္းရတာပဲ
တအိမ္လုံး မီးသတ္ေဆးဘူး ေငြ႕ေတြ powerbank က အေငြ႕ေတြ ေပါင္းပီး မီးခိုးလုံးေတြက လူေတာင္ မျမင္ရေတာ့ေအာင္ ျပည့္သြားတာ
ဒါမို႔ အိမ္တံခါးေတြ အကုန္ဖြင့္ပီး ဝရန္တာမွာ ထြက္ထိုင္ေနရတယ္ , မနက္ ၆ နာရီခြဲေလာက္ မွာ မီးခိုးေတြကုန္မွ အိမ္ထဲ ျပန္ဝင္ရတယ္
ျပန္ေတြးၾကည့္ရင္အေတာ္ေၾကာက္စရာ ေကာင္းသလို လင္မယား ၂ ေယာက္လုံး အိပ္ေနရင္း မီးခိုးမႊန္ပီး ေသသြားနိုင္တဲ့ ျဖစ္ရပ္မ်ိဳးပဲ😩
တကယ့္ေသေရး ရွင္ေရးဆို စုထားတဲ့ ေရႊေငြ laptop ဖုန္း စာရြက္စာတမ္း ဘာမွ ယူလို႔မမွီပါဘူး
လူခ်ည္း အလြတ္ အရင္ထြက္ေျပးရတာပါ Fri တို႔လည္း powerbank တို႔ ဖုန္းတို႔ကို ညအိပ္တုံး
အားသြင္းထားရင္ မေပါ့ၾကပါနဲ႔ , အားသြင္းႀကိဳးေတြ ေခါင္းေတြကိုလည္း quality ေကာင္းတာေလး ေရြးသုံးၾကပါ
အိမ္မွာလည္း မီးသတ္ေဆးဘူးေတြ ေဆာင္ထားၾကပါ , တဘူးမွ ၂ ေသာင္းဝန္းက်င္ပဲ ရွိပါတယ္ ,
ခုလို powerbank ထေပါက္ပီး မီးေလာင္ရင္ ေရေလာင္းလို႔မရပါဘူး မီးသတ္ေဆးဘူးနဲ႔မွ မီးၿငိမ္းတာပါ
ဘုရားတရားလည္း မေမ့ၾကပါနဲ႔
Kyaw Xayar Toe