ၾကားသိရသမွ်

အိမ်မှာရှိတဲ့ အိမ်အကူမိန်းကလေးရဲ့မွေးနေ့ကို မိသားစုဝင်တစ်ဦးလို ပျော်ပျော်ရွှင်ရွှင်ကျင်းပပေးခဲ့တဲ့ စိုးပြည့်သဇင်……….

အိမ်မှာရှိတဲ့ အိမ်အကူမိန်းကလေးရဲ့မွေးနေ့ကို မိသားစုဝင်တစ်ဦးလို ပျော်ပျော်ရွှင်ရွှင်ကျင်းပပေးခဲ့တဲ့ စိုးပြည့်သဇင်……….ပရိသတ်တွေချစ်ကြတဲ့စိုးပြည့်သဇင်ကငယ်စဉ်ကတည်းကအနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့တာဖြစ်ပြီး ယနေ့ထက်တိုင် အကယ်ဒမီဆုရှင်မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

အမြဲတမ်းပြုံးနေတတ်ပြီး ဖြူစင်စွာလှတဲ့ စိုးပြည့်သဇင်ကသူမရဲ့အပြင်က နေထိုင်မှုပုံစံကလည်း အေးဆေးပြီး သူတစ်ပါးအပေါ် ကြင်နာငဲ့ညှာတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့မှာလည်းစိုးပြည့်သဇင်က သူမတို့အိမ်မှာအိမ်အလုပ်တွေကူလုပ်ပေးတဲ့ ညီမလေးကို ကိတ်မုန့်ခွဲပြီးမွေးနေ့ပွဲလေးဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။စိုးပြည့်သဇင်တို့ မိသားစုက သူတို့ရဲ့အိမ်မှာရှိကြတဲ့ အိမ်အကူလေးတိုင်းကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံပြီး တကယ့်ကို ကောင်းပေးကြတဲ့ အိမ်ရှင်ကောင်းတွေဆိုတာ ပြောစရာမလိုအောင်ကို တွေ့ရပါတယ်။

စိုးပြည့်သဇင်ကတော့ တကယ့်ကို စိတ်နှလုံးကောင်းရှိပြီးအဆင့်အတန်းမခွဲခြားသူတစ်ယောက်ဆိုတာကိုတော့ထွေထွေထူးထူးပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ပရိသတ်ကြီးလည်း စိုးပြည့်လေးရဲ့ချစ်စရာကေ ာင်းတဲ့ စိတ်နှလုံးသားလေးကိုကြည့်ပြီးပိုလို့တောင်အချစ်တွေတိုးသွားကြမယ် ထင်ပါတယ်။

