ၾကားသိရသမွ်






Unicode

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို(၃)ဘာသာဂုဏ်ထူးနဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့အမြင်အာရုံချို့တဲ့နေသူမောင်ဘုန်းဝေဇင်ကိုလာရောက်ဂုဏ်ပြုပေးခဲ့တဲ့ အဆိုတော်ပိုပို

၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူး(၃)ဘာသာနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ မောင်ဘုန်းဝေဇင် အတွက် အဆိုတော် ပိုပိုက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ခဲ့တဲ့ ပုံရိပ်များ

ငယ်စဉ်ကတည်းက အမြင်အာရုံနှစ်ဖက်စလုံး ဆုံးရှုံးသွားခဲ့ရပေမဲ့ တက္ကသိုလ်ဝင်တန်း (၃)ဘာသာဂုဏ်ထူးရှင် ဖြစ်လာခဲ့သူ မောင်ဘုန်းဝေဇင်နဲ့တွေ့ဆုံခြင်း

စိတ်ဓာတ်ကျပီး ဘဝကို လက်လျှော့အရှုံးပေးလိုက်ဖို့တောင် စဉ်းစားခဲ့တယ်တဲ့ ဒါပေမယ့်သူအရှုံးမပေးခဲ့ပါဘူး။ဂုဏ်ယူလေးစားမိပါတယ်ညီလေးရေ ဘဝကိုအရှုံးမပေးဘဲ ကြိုးစားတာ နောက်လူများအတုယူစရာပါ။ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး နောင်အနာဂတ်မှာ ထူးချွန်တဲ့သူဖြစ်အောင် ဆက်လက်ကြိုးစားပါညီငယ်လေးရေ။