ၾကားသိရသမွ်

၄၃ နှစ်ပြည့်မွေးနေ့မှာ ကျွန်တော့်ကိုချစ်ခင်ကြသူများ အားလုံးဆီက မွေးနေ့လက်ဆောင်တွေ အများကြီးလိုချင်ပါတယ်

ကျွန်တော်အသက် ၄၃ နှစ်ပြည့်ပါပြီအမှားတော်တော်များများနဲ့အမှန်တချို့တလေ လုပ်ခဲ့ဖူးပြီ

ကျွန်တော်အသက် ၄၂ အကျော် ၄၃ ထဲဝင်ရင်ဘဝမှာ ကံအဆိုးဆုံးနှစ်အသက်အန္တရာယ်ပါ။စိုးရိမ်ရတဲ့နှစ်လို့ဆရာတော်တော်များများကတိုက်ဆိုင်စွာပဲကြိုဟောထားပါတယ်

ပြန်ကြည့်ရအောင်ကံကတော့သေအောင်ဆိုးပါတယ်ဒါပေမယ့်တစ်တိုင်းပြည်လုံး ကံဆိုးမိုးမှောင်ကျပြီးစုတ်ပြတ်သတ်ဘဝတွေပျက်နေကြတာတစ်ချို့ဆိုအသက်ပါပေးခဲ့ရတာကျွန်တော်တစ်ယောက်တည်းကံဆိုးခဲ့တာလို့ထူးပြီးမသတ်မှတ်ခဲ့ပါဘူးပြည်သူနဲ့အတူပေါ့

ဒါပေမယ့်အမှားများစွာနဲ့ကျွန်တော်ဟာတစ်သက်လုံးအမှတ်ရနေမယ့်အမှန်တရားတစ်ခုကိုလုပ်ခဲ့ဘူးပြီဓမ္မနဲ့အဓမ္မမှာအားနည်းနေတဲ့ဓမ္မဘက်ကရပ်တည်ခဲ့ဘူးပြီ

ကျွန်တော်လုပ်သမျှအကောင်းဆုံတွေထဲမှဒီအချက်ကိုအကျေနပ်ဆုံးအပျော်ရွှင်ရဆုံးပါ

ကျွန်တော်ကိုယ့်ကိုကိုယ်သူရဲကောင်းလို့လည်းမထင်မိပါခုထိမှားနေဆဲ အမှားတွေရှိနေတုန်းပါရိုးရိုးသာမန်လူပါပဲ

ဒါပေမယ့်ရောက်လေရာအရပ်မှာတွေ့တဲ့လူတွေရဲ့အားပေးမှုနွေးထွေးကူညီမှုချစ်ခင်မှုစောင့်ရှောင့်မှုအပါအဝင်ခွင့်လွှတ်မှုတွေကိုပါရရှိခဲ့ပါတယ်

ကျွန်တော်နာမည်အကြီးဆုံးအချိန်တောင်ဒီလောက်မရခဲ့ဖူးပါကျွန်တော်သိပ်ကျေနပ်ပါတယ်သိပ်ပျော်ရပါတယ်

ကျွန်တော့်မိတ်ဆွေများကိုသိပ်လေးစားချစ်ခင်ပါတယ်

ဆိုတော့ကာပြီးခဲ့တဲ့နှစ်ကကျွန်တော့်ဘဝမှာကံအကောင်းဆုံးနှစ်လို့ထင်ပါတယ်

ကျွန်တော် ၄၃ နှစ်ပြည့်မွေးနေ့မှာကျွန်တော့်ကိုချစ်ခင်ကြသူများအားလုံးဆီကမွေးနေ့လက်ဆောင်တွေအများကြီးလိုချင်ပါတယ်

အခြားမဟုတ်ပါဘူးငွေတိုက်စာချုပ်တွေဝယ်ပြီးအိမ်မှာသိမ်းထားကြပါဒါဟာသမိုင်းတွေပါကျွန်တော်တို့ချစ်တဲ့အမိမြန်မာပြည်အတွက်ပါ

ကၽြန္ေတာ္အသက္ ၄၃ ႏွစ္ျပည့္ပါၿပီအမွားေတာ္ေတာ္မ်ားမ်ားနဲ႔အမွန္တခ်ိဳ႕တေလ လုပ္ခဲ့ဖူးၿပီ

ကၽြန္ေတာ္အသက္ ၄၂ အေက်ာ္ ၄၃ ထဲဝင္ရင္ဘဝမွာ ကံအဆိုးဆုံးႏွစ္အသက္အႏၲရာယ္ပါ။စိုးရိမ္ရတဲ့ႏွစ္လို႔ဆရာေတာ္ေတာ္မ်ားမ်ားကတိုက္ဆိုင္စြာပဲႀကိဳေဟာထားပါတယ္

ျပန္ၾကည့္ရေအာင္ကံကေတာ့ေသေအာင္ဆိုးပါတယ္ဒါေပမယ့္တစ္တိုင္းျပည္လုံး ကံဆိုးမိုးေမွာင္က်ၿပီးစုတ္ျပတ္သတ္ဘဝေတြပ်က္ေနၾကတာတစ္ခ်ိဳ႕ဆိုအသက္ပါေပးခဲ့ရတာကၽြန္ေတာ္တစ္ေယာက္တည္းကံဆိုးခဲ့တာလို႔ထူးၿပီးမသတ္မွတ္ခဲ့ပါဘူးျပည္သူနဲ႔အတူေပါ့

ဒါေပမယ့္အမွားမ်ားစြာနဲ႔ကၽြန္ေတာ္ဟာတစ္သက္လုံးအမွတ္ရေနမယ့္အမွန္တရားတစ္ခုကိုလုပ္ခဲ့ဘူးၿပီဓမၼနဲ႔အဓမၼမွာအားနည္းေနတဲ့ဓမၼဘက္ကရပ္တည္ခဲ့ဘူးၿပီ

ကၽြန္ေတာ္လုပ္သမၽွအေကာင္းဆုံေတြထဲမွဒီအခ်က္ကိုအေက်နပ္ဆုံးအေပ်ာ္ရႊင္ရဆုံးပါ

ကၽြန္ေတာ္ကိုယ့္ကိုကိုယ္သူရဲေကာင္းလို႔လည္းမထင္မိပါခုထိမွားေနဆဲ အမွားေတြရွိေနတုန္းပါရိုးရိုးသာမန္လူပါပဲ

ဒါေပမယ့္ေရာက္ေလရာအရပ္မွာေတြ႕တဲ့လူေတြရဲ့အားေပးမႈေႏြးေထြးကူညီမႈခ်စ္ခင္မႈေစာင့္ေရွာင့္မႈအပါအဝင္ခြင့္လႊတ္မႈေတြကိုပါရရွိခဲ့ပါတယ္

ကၽြန္ေတာ္နာမည္အႀကီးဆုံးအခ်ိန္ေတာင္ဒီေလာက္မရခဲ့ဖူးပါကၽြန္ေတာ္သိပ္ေက်နပ္ပါတယ္သိပ္ေပ်ာ္ရပါတယ္

ကၽြန္ေတာ့္မိတ္ေဆြမ်ားကိုသိပ္ေလးစားခ်စ္ခင္ပါတယ္

ဆိုေတာ့ကာၿပီးခဲ့တဲ့ႏွစ္ကကၽြန္ေတာ့္ဘဝမွာကံအေကာင္းဆုံးႏွစ္လို႔ထင္ပါတယ္

ကၽြန္ေတာ္ ၄၃ ႏွစ္ျပည့္ေမြးေန႔မွာကၽြန္ေတာ့္ကိုခ်စ္ခင္ၾကသူမ်ားအားလုံးဆီကေမြးေန႔လက္ေဆာင္ေတြအမ်ားႀကီးလိုခ်င္ပါတယ္

အျခားမဟုတ္ပါဘူးေငြတိုက္စာခ်ဳပ္ေတြဝယ္ၿပီးအိမ္မွာသိမ္းထားၾကပါဒါဟာသမိုင္းေတြပါကၽြန္ေတာ္တို႔ခ်စ္တဲ့အမိျမန္မာျပည္အတြက္ပါ