အခြေခံလူတန်းစား ယောကျ်ားထုကြီးရဲ့ လေထန်ကုန်း (သို့မဟုတ်) အဖြူဆိုင် အဘိဓာန်
ကျွန်တော် အဖြူဆိုင်ထိုင်ရတာကြိုက်တယ်။ အဖြူဆိုင်မှာ အောက်ခြေလူတန်းစားတွေရဲ့ ရိုးသားမှုကိုတွေ့နိုင်တယ်။ မာနတွေတွေ့နိုင်တယ်။ တစ်နေ့တာ လုပ်ငန်းအတွေ့အကြုံတွေ နာယူခွင့်ရတယ်။ ဒီထက်ကြီးကြီးပြောရရင် တစ်ဦးချင်းစီရဲ့ ဘဝဒဿနတွေရောပေါ့။ ဒီတော့ အဖြူဆိုင်ဆိုတာ ဘာလဲလို့ မေးရင် “အရက်ဖြူဆိုင်”လို့ ခေါင်းစဉ်တပ်ထားတဲ့ သူရာမေရိယကံကို တညီတညွှတ်တည်း
ကျူးလွန်လို့ရတဲ့ ဆိုင်လေးပေါ့။ (အရင်တုန်းကတော့ သူတို့ရဲ့ နေရာကို “သမဆိုင်” လို့ခေါ်တဲ့ ဆိုင်ရာပိုင်ရာလူကြီးမင်းများက ခွဲတမ်းနဲ့ ရောင်းပေးတဲ့ ဆိုင်တွေက နေရာယူထားတယ်။) ဒီဆိုင်ဟာ ဘီယာဆိုင်မဟုတ်သလို တန်ဖိုးကြီးအရက်ပုလင်းတွေလည်းမရဘူး။ သူတို့ အဓိကရောင်းတာ “ဇေ” လို့ခေါ်တဲ့အရက်ရယ်၊ ချက်အရက်၊ ဘီအီးအရက်လို့ခေါ်တဲ့ အရက်ရယ်၊ အရက်ကြမ်းကြီးထဲကို လိမ္မော်နံ့ ၊
နာနတ်နံ့တွေထည့်ပြီး ရောစပ်ထားတဲ့အရက်တွေပေါ့။ ဘာပဲသောက်သောက် တကယ်တော့အရက်ကြမ်းပါပဲ။ ကျန်းမာရေးထိခိုက်မယ်ဆိုတာမျိူးတွေလာမပြောနဲ့။ ဘီယာတစ်ခွက် (၈၅၀)ရှိတဲ့ ခေတ်မှာ ၁၀၀ဖိုးနဲ့ မူးဖို့ဆိုတာ ဒီအရက်တွေပဲရှိတယ်။ အကောင်းဆုံးအမြည်းက လက်ဖက်သုပ်ဖြစ်နိုင်သလို၊တန်ဖိုးကြီး Bar တွေ Beer Pub တွေမှာမရနိုင်တဲ့ လမ်းဘေးကဖမ်းလာတဲ့ ကြွက်သားဟင်းလျာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ်ပိုင် လျက်ဆားပုလင်းနဲ့
လာတဲ့သူတွေလည်းရှိနိုင်တယ်။ဘာပဲဖြစ်ဖြစ် ဒီဆိုင်ကိုလာတဲ့ Customer တွေအားလုံးရဲ့ ဘုံရည်ရွယ်ချက်က သူတို့မှာပါလာတဲ့ Budget နဲ့ ကိုက်ညီတဲ့ မူးယစ်ရီဝေမှုကိုခံစားဖို့ပဲ။ နောက်ဆုံးလစ်မစ်လိုသေးရင် ဘေးဝိုင်းက တောင်းသောက်မယ်။ ပြီးရင် စကားပြောကြမယ်။ ဆိုက်ကားဆရာကလည်း သူရဲ့ တစ်နေ့တာအတွေ့အကြုံတွေကို ဝိုင်းထဲမှာ ဝေမျှသလို သူရဲ့ Passenger တွေက
သူ့ကိုဘယ်လိုဆက်ဆံတဲ့ အကြောင်းရင်ဖွင့်မယ်။ ပန်းရန်သမားကလည်း သူ့အလုပ်ခေါင်းဆောင် သူတို့ကို ဘယ်လိုခေါင်းပုံဖြတ်ကြောင်းပြောမယ်။ ပြီးရင် ဘဝဒဿနတွေအကြောင်းပြောမယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့ မာနတွေအကြောင်းကို တခမ်းတနားပြောမယ်။ (ချမ်းသာတဲ့လူတန်းစားတွေရှေ့မှာ သူတို့ပြောလည်း အရာမဝင်လို့)။ သူတို့တန်ဖိုးကို သူတို့ဖော်ထုတ်ပြမယ်။ တစ်ယောက်နဲ့
တစ်ယောက်ဘယ်လောက်မိုက်ကြောင်း မိုက်ဂုဏ်ချင်းပြိုင်ကြမယ်။ ဒီထက်ပိုပြီးရေချိန်ကိုက်လာရင် သွေးဆိုးတဲ့သူက ရန်ဖြစ်ဖို့စဉ်းစားမယ်။ ရစ်တတ်တဲ့သူက အိမ်ပြန်ပြီး မိန်းမကိုပြန်ရစ်မယ်။ ဒီလောက်ပဲ။ သူတို့အားလုံးရဲ့ စိတ်ထဲမှာ ယုတ်မာကောက်ကျစ်မှုတွေမရှိဘူး။ နောက်ကျောကို ဓားနဲ့ မထိုးဘူး။ ပကာသနတွေမရှိဘူး။ မျက်နှာမှာ အပြုံးတပ်ပြီး မသိစိတ်က မယှဉ်ပြိုင်ဘူး။ ဒီအရက်ဖြူဆိုင်ထဲမှာ
Grand Royalလို Royal Club လို ဝီစကီကို တစ်တောင့်ထောင်နိုင်တဲ့ လူက အကောင်ပဲ။ သူတို့ အခေါ်အဝေါ်အရ “ကျားချင်းအတူတူတောင် ကိုးတောင်ကျား” ဖြစ်နေတဲ့ကောင်ပေါ့။ မတော်လို့ သူတို့ထဲက တစ်ယောက်ယောက်တိမ်းပါးသွားရင် နှစ်ပတ်လောက်သောက်ပြီး သူ့ရဲ့ အိုးစားဖက် နောက်ဆုံးခရီးကိုလိုက်ပို့မယ်။ “ဒီကောင် ကျားစီးပြီး အစာမှမကောက်တာ” လို့
မချိတင်ကဲနဲ့ လူတွေကို ရှင်းပြမယ်။ သူတို့အကြောက်ရဆုံးစကားက ဆိုင်ရှင်ရဲ့ မောင်းထုတ်ခြင်းကိုခံရတဲ့အချိန်နဲ့ အကြွေးမရောင်းတဲ့အချိန်။ ဒီအချိန်နှစ်ချိန်ကလွဲရင် ကျန်တဲ့ အချိန် ကမ္ဘာပျက်နေတောင် ဖြုံမယ့်သူတွေမဟုတ်ဘူး။ ဒီတော့ မိတ်ဆွေ ခင်ဗျားအရမ်းစိတ်ညစ်နေလား? ဒါဆို ကျွန်တော်အကြံပေးချင်တယ်။ ခင်ဗျားမှာ ပိုက်ဆံရှိလို့ ဘယ် Bar မှာပဲ သောက်နိုင်သောက်နိုင် ရပ်ကွက်ဆင်ခြေဖုံးလေးထဲက
အဖြူဆိုင်မှာ တစ်ခါလောက်တော့ သွားသောက်သင့်တယ်။ အဲ့ဒီမှာ ခင်များထက်ဆိုးတဲ့ ဒုက္ခတွေကို ထွေးပိုက်ထားတဲ့ လူအုပ်ကြီးကိုတွေ့ရလိမ့်မယ်။ ခင်ဗျားဒုက္ခတွေဟာ သူတို့နဲ့ယှဉ်ရင် သေးသေးလေးဆိုတာလည်း သဘောပေါက်လာလိမ့်မယ်။ ခင်ဗျားတော့ မသိဘူး။ ကျွန်တော်တော့ စိတ်ညစ်တိုင်း၊ လူတွေရဲ့အပစ်ပယ်ခံရတိုင်း Grand Royal လေးထောင်ပြီး ကိုးတောင်ကျားတစ်ကောင်အဖြစ်နဲ့
သူတို့ရဲ့ အထင်ကြီးမှုကို ရယူပြီး “သူရာဒါန” သွားလုပ်တယ်။ အထူးသတိပြုစေချင်တာက Ballentine တို့ Black Label တို့ကိုင်ပြီး သွားထိုင်တာမျိူးတော့ မလုပ်စေချင်ဘူး။ ဒါဟာ အဖြူဆိုင် စည်းကမ်းကို ချိူးဖောက်ရာရောက်သလို ကိုးတောင်မပြည့်တပြည့်ကျားဘဲကြီးတွေကို စော်ကားရာလည်း ရောက်လို့ပါပဲ။
Min Min Oo
zawgyi
အေျခခံလူတန္းစား ေယာက်္ားထုႀကီးရဲ႕ ေလထန္ကုန္း (သို႔မဟုတ္) အျဖဴဆိုင္ အဘိဓာန္
ကြၽန္ေတာ္ အျဖဴဆိုင္ထိုင္ရတာႀကိဳက္တယ္။ အျဖဴဆိုင္မွာ ေအာက္ေျခလူတန္းစားေတြရဲ႕ ႐ိုးသားမႈကိုေတြ႕ႏိုင္တယ္။ မာနေတြေတြ႕ႏိုင္တယ္။ တစ္ေန႔တာ လုပ္ငန္းအေတြ႕အႀကဳံေတြ နာယူခြင့္ရတယ္။ ဒီထက္ႀကီးႀကီးေျပာရရင္ တစ္ဦးခ်င္းစီရဲ႕ ဘဝဒႆနေတြေရာေပါ့။ ဒီေတာ့ အျဖဴဆိုင္ဆိုတာ ဘာလဲလို႔ ေမးရင္ “အရက္ျဖဴဆိုင္”လို႔ ေခါင္းစဥ္တပ္ထားတဲ့ သူရာေမရိယကံကို တညီတၫႊတ္တည္း
က်ဴးလြန္လို႔ရတဲ့ ဆိုင္ေလးေပါ့။ (အရင္တုန္းကေတာ့ သူတို႔ရဲ႕ ေနရာကို “သမဆိုင္” လို႔ေခၚတဲ့ ဆိုင္ရာပိုင္ရာလူႀကီးမင္းမ်ားက ခြဲတမ္းနဲ႔ ေရာင္းေပးတဲ့ ဆိုင္ေတြက ေနရာယူထားတယ္။) ဒီဆိုင္ဟာ ဘီယာဆိုင္မဟုတ္သလို တန္ဖိုးႀကီးအရက္ပုလင္းေတြလည္းမရဘူး။ သူတို႔ အဓိကေရာင္းတာ “ေဇ” လို႔ေခၚတဲ့အရက္ရယ္၊ ခ်က္အရက္၊ ဘီအီးအရက္လို႔ေခၚတဲ့ အရက္ရယ္၊ အရက္ၾကမ္းႀကီးထဲကို လိေမၼာ္နံ႔ ၊
နာနတ္နံ႔ေတြထည့္ၿပီး ေရာစပ္ထားတဲ့အရက္ေတြေပါ့။ ဘာပဲေသာက္ေသာက္ တကယ္ေတာ့အရက္ၾကမ္းပါပဲ။ က်န္းမာေရးထိခိုက္မယ္ဆိုတာမ်ိဴးေတြလာမေျပာနဲ႔။ ဘီယာတစ္ခြက္ (၈၅၀)ရွိတဲ့ ေခတ္မွာ ၁၀၀ဖိုးနဲ႔ မူးဖို႔ဆိုတာ ဒီအရက္ေတြပဲရွိတယ္။ အေကာင္းဆုံးအျမည္းက လက္ဖက္သုပ္ျဖစ္ႏိုင္သလို၊တန္ဖိုးႀကီး Bar ေတြ Beer Pub ေတြမွာမရႏိုင္တဲ့ လမ္းေဘးကဖမ္းလာတဲ့ ႂကြက္သားဟင္းလ်ာလည္းျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ ကိုယ္ပိုင္ လ်က္ဆားပုလင္းနဲ႔
လာတဲ့သူေတြလည္းရွိႏိုင္တယ္။ဘာပဲျဖစ္ျဖစ္ ဒီဆိုင္ကိုလာတဲ့ Customer ေတြအားလုံးရဲ႕ ဘုံရည္႐ြယ္ခ်က္က သူတို႔မွာပါလာတဲ့ Budget နဲ႔ ကိုက္ညီတဲ့ မူးယစ္ရီေဝမႈကိုခံစားဖို႔ပဲ။ ေနာက္ဆုံးလစ္မစ္လိုေသးရင္ ေဘးဝိုင္းက ေတာင္းေသာက္မယ္။ ၿပီးရင္ စကားေျပာၾကမယ္။ ဆိုက္ကားဆရာကလည္း သူရဲ႕ တစ္ေန႔တာအေတြ႕အႀကဳံေတြကို ဝိုင္းထဲမွာ ေဝမွ်သလို သူရဲ႕ Passenger ေတြက
သူ႔ကိုဘယ္လိုဆက္ဆံတဲ့ အေၾကာင္းရင္ဖြင့္မယ္။ ပန္းရန္သမားကလည္း သူ႔အလုပ္ေခါင္းေဆာင္ သူတို႔ကို ဘယ္လိုေခါင္းပုံျဖတ္ေၾကာင္းေျပာမယ္။ ၿပီးရင္ ဘဝဒႆနေတြအေၾကာင္းေျပာမယ္။ ပစၥည္းမဲ့လူတန္းစားရဲ႕ မာနေတြအေၾကာင္းကို တခမ္းတနားေျပာမယ္။ (ခ်မ္းသာတဲ့လူတန္းစားေတြေရွ႕မွာ သူတို႔ေျပာလည္း အရာမဝင္လို႔)။ သူတို႔တန္ဖိုးကို သူတို႔ေဖာ္ထုတ္ျပမယ္။ တစ္ေယာက္နဲ႔
တစ္ေယာက္ဘယ္ေလာက္မိုက္ေၾကာင္း မိုက္ဂုဏ္ခ်င္းၿပိဳင္ၾကမယ္။ ဒီထက္ပိုၿပီးေရခ်ိန္ကိုက္လာရင္ ေသြးဆိုးတဲ့သူက ရန္ျဖစ္ဖို႔စဥ္းစားမယ္။ ရစ္တတ္တဲ့သူက အိမ္ျပန္ၿပီး မိန္းမကိုျပန္ရစ္မယ္။ ဒီေလာက္ပဲ။ သူတို႔အားလုံးရဲ႕ စိတ္ထဲမွာ ယုတ္မာေကာက္က်စ္မႈေတြမရွိဘူး။ ေနာက္ေက်ာကို ဓားနဲ႔ မထိုးဘူး။ ပကာသနေတြမရွိဘူး။ မ်က္ႏွာမွာ အၿပဳံးတပ္ၿပီး မသိစိတ္က မယွဥ္ၿပိဳင္ဘူး။ ဒီအရက္ျဖဴဆိုင္ထဲမွာ
Grand Royalလို Royal Club လို ဝီစကီကို တစ္ေတာင့္ေထာင္ႏိုင္တဲ့ လူက အေကာင္ပဲ။ သူတို႔ အေခၚအေဝၚအရ “က်ားခ်င္းအတူတူေတာင္ ကိုးေတာင္က်ား” ျဖစ္ေနတဲ့ေကာင္ေပါ့။ မေတာ္လို႔ သူတို႔ထဲက တစ္ေယာက္ေယာက္တိမ္းပါးသြားရင္ ႏွစ္ပတ္ေလာက္ေသာက္ၿပီး သူ႔ရဲ႕ အိုးစားဖက္ ေနာက္ဆုံးခရီးကိုလိုက္ပို႔မယ္။ “ဒီေကာင္ က်ားစီးၿပီး အစာမွမေကာက္တာ” လို႔
မခ်ိတင္ကဲနဲ႔ လူေတြကို ရွင္းျပမယ္။ သူတို႔အေၾကာက္ရဆုံးစကားက ဆိုင္ရွင္ရဲ႕ ေမာင္းထုတ္ျခင္းကိုခံရတဲ့အခ်ိန္နဲ႔ အေႂကြးမေရာင္းတဲ့အခ်ိန္။ ဒီအခ်ိန္ႏွစ္ခ်ိန္ကလြဲရင္ က်န္တဲ့ အခ်ိန္ ကမာၻပ်က္ေနေတာင္ ၿဖဳံမယ့္သူေတြမဟုတ္ဘူး။ ဒီေတာ့ မိတ္ေဆြ ခင္ဗ်ားအရမ္းစိတ္ညစ္ေနလား? ဒါဆို ကြၽန္ေတာ္အႀကံေပးခ်င္တယ္။ ခင္ဗ်ားမွာ ပိုက္ဆံရွိလို႔ ဘယ္ Bar မွာပဲ ေသာက္ႏိုင္ေသာက္ႏိုင္ ရပ္ကြက္ဆင္ေျခဖုံးေလးထဲက
အျဖဴဆိုင္မွာ တစ္ခါေလာက္ေတာ့ သြားေသာက္သင့္တယ္။ အဲ့ဒီမွာ ခင္မ်ားထက္ဆိုးတဲ့ ဒုကၡေတြကို ေထြးပိုက္ထားတဲ့ လူအုပ္ႀကီးကိုေတြ႕ရလိမ့္မယ္။ ခင္ဗ်ားဒုကၡေတြဟာ သူတို႔နဲ႔ယွဥ္ရင္ ေသးေသးေလးဆိုတာလည္း သေဘာေပါက္လာလိမ့္မယ္။ ခင္ဗ်ားေတာ့ မသိဘူး။ ကြၽန္ေတာ္ေတာ့ စိတ္ညစ္တိုင္း၊ လူေတြရဲ႕အပစ္ပယ္ခံရတိုင္း Grand Royal ေလးေထာင္ၿပီး ကိုးေတာင္က်ားတစ္ေကာင္အျဖစ္နဲ႔
သူတို႔ရဲ႕ အထင္ႀကီးမႈကို ရယူၿပီး “သူရာဒါန” သြားလုပ္တယ္။ အထူးသတိျပဳေစခ်င္တာက Ballentine တို႔ Black Label တို႔ကိုင္ၿပီး သြားထိုင္တာမ်ိဴးေတာ့ မလုပ္ေစခ်င္ဘူး။ ဒါဟာ အျဖဴဆိုင္ စည္းကမ္းကို ခ်ိဴးေဖာက္ရာေရာက္သလို ကိုးေတာင္မျပည့္တျပည့္က်ားဘဲႀကီးေတြကို ေစာ္ကားရာလည္း ေရာက္လို႔ပါပဲ။
Min Min Oo