သွေးအေးလူသတ်သမားမဖြစ်ချင်ရင် ဒါလေးလိုက်နာကြည့်ပါ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းအပေါင်းတို့
အပြစ်ပြောတာမဟုတ်ပဲဝေဖန်ထောက်ပြတာပါ
လက်ဖက်ရည်ဆိုင်က အကြော်ဆရာများနှင့်ဆိုင်ပိုင်ရှင်များခင်ဗျာ
ကျနော်တို့နိုင်ငံမှာလဘက်ရည်ဆိုင်( ၁၀ )ဆိုင်ဝင်ကြည့်(၉ )ဆိုင်လောက်က အီကြာကွေး/စမူဆာ / အကြော်စုံ ကြော်တဲ့ဆီတွေက အပူလွန်ပြီးဆီရဲ့ အရည် အသွေး ကုန်ဆုံး နေတဲ့အပြင် သေးငယ်တဲ့ အမှုန်လေးတွေက မီးလောင်ကျွမ်းပြီးဆီတွေက မဲတူးနေတာပဲ
ဆီထဲမှာပါနေတဲ့ အမှုန် လေးတွေကကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်ပါတယ်
ကျနော် ပြောတဲ့”ဆီတစ်ပိသာကိုကော်မှုန့်_နို့ဆီဗူးတစ်ဗူးနှုံး_နဲ့_ကော်မှုန့်နဲ့ရေကို မပျစ်မကျဲ ( ကြွက်မြီးတန်းရုံ )ဖျော်ပြီး ဆီ အနေတော်ပူမှာ အပေါ်ကနေတဖြေးဖြေးချင်း ဆီထဲ လောင်းချပါ “မွှေပေးပါ
( ကော်မှုန့်ဆိုတာ ပြောင်းဖူး / အာလူး နဲ့ ပီလောပီနံ အမှုန့်ကိုခေါ်တာပါ )
ကော်ရေခေါက်ဆွဲ ချက်တဲ့အခါမှာထည့်တဲ့ ကော်မှုန့်ကို ပြောတာပါမွှေတဲ့ ဂေါ်ကို အပျစ်ခဲကြီးလာကပ်ပါမယ်
ဂေါ်နဲ့ ကြော်တဲ့ အိုးရဲ့ အတွင်းသား ဖင်နဲ့ အတွင်း နံရံတွေကို ပွတ်တိုက်ပါဆီထဲက အမှုန်တွေက ကော်မှုန့်ကိုအကုန် ပြေးကပ် ပါတယ်မဲနေတဲ့ ကော်မှုန့်အခဲကြီးကိုဆယ်ပြီး လွှင့်ပစ်ပါ
ဒုတိယ အကြိမ် ထပ်လုပ်ပါကဆီတွေဟာ ရေလို ကြည်လင်သွားပါတော့တယ်
လုပ်နည်း သိနေတာပဲအများပြည်သူ ကျန်းမာအောင်လိုက်နာကြပါလို့မေတ္တာ ရပ်ခံပါတယ်
ကိုယ်တစ်ယောက် လိုက်နာလို့လူ အယောက် ၁၀၀ ကျန်းမာရင်ကုသိုလ်လဲရ ဝမ်းလဲ ဝ ပါတယ်ဆိုင်ရှင်တွေ သိအောင် / ဝန်ထမ်းတွေသိအောင်ပါခင်ဗျ
( ဒါလဲ သွေးအေး လူသတ်သမားပဲ)
အပြစ်ပြောတာမဟုတ်ပဲဝေဖန်ထောက်ပြတာပါ
credit တော်လေးဝ
zawgyi
credit တော်လေးဝ