အေထြအေထြဗဟုသုတ

ရဖို့ကြန့်ကြာနေတဲ့ ငွေများ၊ အကြွေးများ အမြန်ဆုံးရစေတဲ့ အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော်

ရဖို့ကြန့်ကြာနေတဲ့ ငွေများ၊ အကြွေးများ အမြန်ဆုံးရစေတဲ့ အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော်

ဤဂါထာကို ရွတ်ဖတ်မယ်ဆိုရင် အဓိဌာန်တင်ပြီး ရွတ်ဖတ် ပူဇော်ရပါမယ်။ တစ်နေ့ကို ၂၄ ခေါက်ရွတ်ဆိုရပါမယ်။ ၂၄ ရက်တိတိ နေရာမှန် အချိန်မှန်ရွတ်ဆိုရပါမယ်။ မိမိ မွေးနေ့ကစတင်ပြီး ရွတ်ဆိုရပါမယ်။ ထိုရွတ်ဖတ် အဓိဌာန်ဝင်နေသော ကာလအတွင်းမှာ မိမိတက်နိုင်သော နှစ်သက်ရာဒါန တစ်ခုပြုပေးရပါမယ်။

အဖျက်များသောကြောင့် ဇွဲကောင်းဖို့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ရှိဖို့တော့လိုအပ်ပါတယ်။ ဒီအချက်တွေ လိုက်နာနိုင်ပြီဆိုရင်တော့ သင့်အတွက် ငွေကြေး လာဘ်လာဘကံပွင့်ဖို့ မဝေးတော့ဘူးလို့ ပြောလို့ရပါပြီ။ အလုပ်မရှိပဲနှင့်တော့ ငွေကြေးများများ လိုချင်လို့တော့မရဘူးပေါ့ဗျာ။

ကိုယ့်ရဲ့ပိတ်ဆိုနေတဲ့ ငွေကြေးကံများ ရသင့်လျှက်ကြန့်ကြာနေသော ငွေကြေး လာဘ်လာဘများအပြင် အခြားသော နေရာများမှလည်း ကိုယ့်ရဲ့ကံ နှင့် ကိုယ့်ရဲ့ သဒ်ဒါတရားပေါ် မူတည်ပြီး ငွေကြေးလာဘ်လာဘများ ဝင်လာပါလိမ့်မယ်။ ၂၄ ရက်ပြည့်ပြီးရင် တစ်ပတ်နားပြီး ကိုယ့်မွေးနေ့ရောက်မှ အဓိဌာန် နောက်တစ်ကြိမ်ပြန်ဝင်ရပါမယ်။

အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော်

အရဟံဝတ လာဘံ ဟေတုပစ္စယော၊ အရဟံဝတ လာဘံ အရမ္မဏပစ္စယော၊ အရဟံဝတ လာဘံ အဓိပတိပစ္စယော

အရဟံဝတ လာဘံ အနန္တရပစ္စယော၊ အရဟံဝတ လာဘံ သမနန္တရပစ္စယော၊ အရဟံဝတ လာဘံ သဟဇာတပစ္စယော

အရဟံဝတ လာဘံ အညမညပစ္စေယာ၊ အရဟံဝတ လာဘံ နိဿယပစ္စေယာ၊ အရဟံဝတ လာဘံ ဥပနိဿယပစ္စေယာ

အရဟံဝတ လာဘံ ပုရေဇာတပစ္စယော၊ အရဟံဝတ လာဘံ ပစ္ဆာဇာတပစ္စယော၊ အရဟံဝတ လာဘံ အာသေဝနပစ္စယော

အရဟံဝတ လာဘံ ကမ္မပစ္စေယာ၊ အရဟံဝတ လာဘံ ဝိပါကပစ္စေယာ၊ အရဟံဝတ လာဘံ အဟာရပစ္စေယာ

အရဟံဝတ လာဘံ ဣန္ဒြိယပစ္စယော၊ အရဟံဝတ လာဘံ ဈာနပစ္စယော၊ အရဟံဝတ လာဘံ မဂ္ဂပစ္စယော

အရဟံဝတ လာဘံ သမ္ပယုတ္တပစ္စေယာ၊ အရဟံဝတ လာဘံ ဝိပ္ပယုတ္တပစ္စေယာ၊ အရဟံဝတ လာဘံ အတ္ထိပစ္စေယာ

အရဟံဝတ လာဘံ နတ္ထိပစ္စေယာ၊ အရဟံဝတ လာဘံ ဝိဂတပစ္စေယာ၊ အရဟံဝတ လာဘံ အဝိဂတပစ္စေယာတိ။

မနက် ၉ခေါက် ည ၉ခေါက်ရွတ်လည်းရပါတယ်။ ဂုဏ်တော် ပဌာန်းကျင့်စဉ်မိုလို့ အမြတ်ဆုံးတွေကို ပွားများရတာဖြစ်လို့ လာဘ်လာဘမမျှော်ကိုးပဲ ကြည်ညိုစိတ်ဖြင့် ရွတ်ဆိုပူဇော်ပါက ပို၍ အကျိုးထူးခံစားရမှာဖြစ်ပါတယ်။

Credit

Zawgyi















Credit/archives/61676