သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ ဒီကေန႔ မတ္လ (၂) ရက္ေန႔မွာပဲ လြတ္ေျမာက္လာခဲ့ၿပီျဖစ္ပါတယ္။ ပိုင္တံခြန္ လြတ္ေျမာက္လာျခင္းအတြက္ သူ႔ရဲ႕ ျပည္တြင္းျပည္ပပရိသတ္ေတြကလည္း ဝမ္းသာေနၾကသလို
မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြကလည္း အတိုင္းမသိ ေပ်ာ္႐ႊင္ေနၾကတာပဲျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ ပုဒ္မ (၅၀၅) နဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံခဲ့ရၿပီးမွ အခုလို မထင္မွတ္ပဲ ျပန္လည္လြတ္ေျမာက္လာခဲ့တာေၾကာင့္ ပိုၿပီးေပ်ာ္႐ႊင္ေနၾကတာပဲျဖစ္ပါတယ္။
ပိုင္တံခြန္က လြတ္ေျမာက္လာၿပီးၿပီးခ်င္းမွာပဲ သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ဆုံေတြ႕ခဲ့သလို သူဖြင့္လွစ္ထားတဲ့ ေရခဲမုန႔္ဆိုင္ေလးကိုလည္း သြားေရာက္လည္ပတ္ခဲ့ပါတယ္။ ေရခဲမုန႔္ဆိုင္ေလးကို သြားၿပီး ပိုင္တံခြန္က သူ႔ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ
ခဲ့ၿပီး ဓာတ္ပုံေတြလည္း ႐ိုက္ေပးခဲ့တယ္လို႔ သူ႔ရဲ႕ပရိသတ္တစ္ေယာက္က “အခုေလးတင္ စိတ္ကူးေပါက္လို႔ သူ႔ဆိုင္ကိုေရခဲမုန႔္သြားစားတာ ေရခဲမုန႔္မွာေနတုန္း တန္းပီးဝင္လာတာ တကယ္ဝမ္းသာပါတယ္ မ်က္လုံးထဲမွာလဲ မ်က္ရည္ေတြနဲ႔ဗ်ာ” ဆိုၿပီး ေျပာျပလာပါတယ္။
ပိုင္တံခြန္ကေတာ့ လြတ္ေျမာက္မႈအရသာကိုခံစားၿပီးေနာက္ သူလုပ္ခ်င္တာမွန္သမွ်ကို လုပ္ကိုင္ၿပီး လြတ္လြတ္လပ္လပ္သြားလာေနတာပဲျဖစ္ပါတယ္။ ပိုင္တံခြန္တစ္ေယာက္ ေရွ႕ေလွ်ာက္ၿပီး ကံေကာင္းျခင္းေတြနဲ႔သာ ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source:Wei Linn’s fb
ပြန်ရောက်တာနဲ့ သူ့ရဲ့ရေခဲမုန့်ဆိုင်လေးဆီအရောက်သွားပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့တဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်ကတော့ ဒီကနေ့ မတ်လ (၂) ရက်နေ့မှာပဲ လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက်လာခြင်းအတွက် သူ့ရဲ့ ပြည်တွင်းပြည်ပပရိသတ်တွေကလည်း
ဝမ်းသာနေကြသလို မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း အတိုင်းမသိ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ (၅၀၅) နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီးမှ အခုလို မထင်မှတ်ပဲ ပြန်လည်လွတ်မြောက်လာခဲ့တာကြောင့် ပိုပြီးပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်က လွတ်မြောက်လာပြီးပြီးချင်းမှာပဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆုံတွေ့ခဲ့သလို သူဖွင့်လှစ်ထားတဲ့ ရေခဲမုန့်ဆိုင်လေးကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရေခဲမုန့်ဆိုင်လေးကို သွားပြီး ပိုင်တံခွန်က သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး
တွေ့ဆုံခဲ့ပြီး ဓာတ်ပုံတွေလည်း ရိုက်ပေးခဲ့တယ်လို့ သူ့ရဲ့ပရိသတ်တစ်ယောက်က “အခုလေးတင် စိတ်ကူးပေါက်လို့ သူ့ဆိုင်ကိုရေခဲမုန့်သွားစားတာ ရေခဲမုန့်မှာနေတုန်း တန်းပီးဝင်လာတာ တကယ်ဝမ်းသာပါတယ် မျက်လုံးထဲမှာလဲ မျက်ရည်တွေနဲ့ဗျာ” ဆိုပြီး ပြောပြလာပါတယ်။
ပိုင်တံခွန်ကတော့ လွတ်မြောက်မှုအရသာကိုခံစားပြီးနောက် သူလုပ်ချင်တာမှန်သမျှကို လုပ်ကိုင်ပြီး လွတ်လွတ်လပ်လပ်သွားလာနေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် ရှေ့လျှောက်ပြီး ကံကောင်းခြင်းတွေနဲ့သာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source:Wei Linn’s fb