ၾကားသိရသမွ်

ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ငွေ ဝမ်သန်းချီပြီး လှူဒါန်းလိုက်တဲ့ မင်းသမီး လီယောင်အေး…………

ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ငွေ ဝမ်သန်းချီပြီး လှူဒါန်းလိုက်တဲ့ မင်းသမီး လီယောင်အေး…………တစ်ချိန်က တောင်ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ နန်းတွင်းရတနာ ဇာတ်လမ်းတွဲမှာ ချန်ဂင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး လီယောင်အေး ကိုတော့ ပရိတ်သတ်တွေမှတ်မိကြမှာပါ။

ပရိတ်သတ်ချစ်မြတ်နိုးရတဲ့ မင်းသမီး လီယောင်အေး ဟာ သိပ်မကြာခင်က ယူကရိန်းနိုင်ငံအတွက် လှူဒါန်းမှုတစ်ခုပြုလုပ်ပြီးနောက်မှာတော့ အတော်လေး ချီးကျူးခံနေရတာဖြစ်ပါတယ်။မတ်လ(၁) ရက်နေ့မှာ မင်းသမီး လီယောင်အေး က ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ငွေ ဝမ်သန်းတစ်ရာ (အမေရိကန် ဒေါ်လာ (၈၃၃၂၉) ) ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူမ ဟာ သူမရဲ့ ချက်လက်မှတ်နဲ့အတူ စစ်ပွဲပြီးဆုံးစေလိုကြောင်း ဖော်ပြထားတဲ့ ကိုယ်တိုင်ရေးစာတစ်စောင်ကိုလည်း ထည့်သွင်းရေးသားခဲ့တယ်လို့ သိရပါတယ်။

“ချစ်ခင်ရပါသော ယူကရိန်းနိုင်ငံသားများရှင့် ကျွန်မက တောင်ကိုးရီးယားမှာနေထိုင်တဲ့ လီယောင်အေး လို့ခေါ်တွင်တဲ့ မင်းသမီးတစ်ယောက်ပါ။ ကျွန်မဟာ စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့အတွက် စစ်ပွဲရဲ့ရက်စက်မှုကို တစ်ခြားသူတွေထက် ပိုနက်ရှိုင်းစွာ ခံစားမိပါတယ်။ ယူကရိန်းမှာ စစ်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ကို စိတ်အားထက်သန်စွာ ဆန္ဒပြုပါတယ်။

ယူကရိန်းနိုင်ငံသားတွေအားလုံးလည်း ဘေးကင်းပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်။ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် မျှော်လင့်ချက်နဲ့ သတ္တိတွေ မဆုံးရှုံးစေဖို့ ပြောချင်ပါတယ်။လွတ်လပ်တဲ့တောင်ကိုးရီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ နိုင်ငံသားတွေထဲက တစ်ယောက်အနေနဲ့ ယူကရိန်းနိုင်ငံသားအားလုံးအတွက် သေးငယ်ပေမယ့် ကျွန်မရဲ့ နွေးထွေး အဖိုးတန်တဲ့နှလုံးသားကို ပေးချင်ပါတယ် ဘုရားသခင် သင်နဲ့အတူအမြဲရှိပါစေ” လို့ ရေးသားထားခဲ့ပါတယ်
