စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံခေကြတာ များပါတယ်။သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဒါပေမဲ့ သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ။ ဒါပေမဲ့ ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။
သင့်မှာ ပြဿဿနာရှိနေတာ မဟုတ်ဘူး
အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု မပျောက်ပါနဲ့။ ရွေးချယ်မှု မှားခဲ့တာကလွဲလို့ သင်ဘာအများမှ မလုပ်ခဲ့ပါဘူး။ သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယမဖြစ်ပါနဲ့။
လူတိုင်း အသည်းကွဲဖူးတယ်
အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲသွားသူလည်း တစ်နေ့ အသည်းခွဲခံရမှာပဲ။
ယောက်ျားတိုင်း အဲဒီလို မဟုတ်ဘူး
သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲမယ့်သူတွေလို့ မထင်ပါနဲ့။ တချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝမတူပါဘူး။
တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ
သင်တကယ်လိုချင်တဲ့ ချစ်သူမျိုး ရသွားချိန်မှာတော့ အတိတ်ကို သင်လွမ်းနေတော့မှာ မဟုတ်ပါဘူး။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ်ကောင်းမယ့်သူကို သင်ရှာနိုင်ခဲ့တာပေါ့။
နောက်တစ်ခါ အဖြစ်မခံပါနဲ့
ကိုယ့်အပေါ် ကောင်းတာတစ်ချက်တည်းနဲ့ သေချာမစူးစမ်းဘဲ ချစ်သူ မထားပါနဲ့။ မျက်စိဖွင့် နားစွင့်ထားပြီး သေချာအကဲခတ်ပါ။
အရမ်းမကောင်းနဲ့
ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေတဲ့သူကို ဒုတိယအခွင့်အရေးတွေ၊ တတိယအခွင့်အရေးတွေ ပေးမနေပါနဲ့။ အဲဒီလို လူမျိုးကို သင့်ဘဝထဲက မောင်းထုတ်လိုက်ပါ။
နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့
ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ အသည်းခွဲခံရမှာကို သင်ကြောက်ရွံ့နေရတော့မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ်။
အဆုံးသတ်မဟုတ်ဘူး
ယောက်ျားတစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲရှိနေမှာပါပဲ။ ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ။
ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့ရပါတယ်
လုံးဝကြီး လက်လျှော့လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ပန်းသီးတစ်လုံးမကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ။ သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိနေပါသေးတယ်။
Julia
စိတ္ထားေကာင္းတဲ့ မိန္းကေလးေတြက အခ်စ္ကံေခၾကတာ မ်ားပါတယ္။သင္က စိတ္ထားေကာင္းေတာ့ သင္ခ်စ္ခဲ့သူေတြကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတယ္။ ဒါေပမဲ့ သူတုိ႔ကက်ေတာ့ သင့္အေပၚ ဘာလို႔ မေကာင္းရတာလဲ။ ဒါေပမဲ့ ကမာၻႀကီးမွာ ဆုိးတဲ့ေယာက္်ားေတြခ်ည္းပဲ ရွိိတာမဟုတ္ပါဘူး။ သင့္ရဲ႕ ေဝဒနာေတြ ေလ်ာ့ပါးသက္သာေစဖို႔ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုပါတယ္။
သင့္မွာ ျပႆႆနာရွိေနတာ မဟုတ္ဘူး
အခ်စ္ကံေခတဲ့အတြက္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈ မေပ်ာက္ပါနဲ႔။ ေရြးခ်ယ္မႈ မွားခဲ့တာကလြဲလို႔ သင္ဘာအမ်ားမွ မလုပ္ခဲ့ပါဘူး။ သူ သင့္ကို ထားမသြားခင္တုန္းကလိုပဲ သင္ဟာ လွေနတုန္း၊ ထက္ျမက္ေနတုန္းပါ။ အဲဒီေတာ့ ကိုယ့္ကိုကိုယ္ သံသယမျဖစ္ပါနဲ႔။
လူတုိင္း အသည္းကြဲဖူးတယ္
အသည္းကြဲတဲ့ ေဝဒနာကို သင္မခံစားခ်င္လုိ႔ မရဘူး။ အဲဒီေတာ့ ခံစားစရာရွိတာ ခံစားလုိက္ပါ။ လူတုိင္း အသည္းခြဲခံရဖူးတယ္။ သင့္ကို အသည္းခြဲသြားသူလည္း တစ္ေန႔ အသည္းခြဲခံရမွာပဲ။
ေယာက္်ားတုိင္း အဲဒီလုိ မဟုတ္ဘူး
သင္ေတြ႕တဲ့ ေယာက္်ားတုိင္းက သင့္ကို အသည္းခြဲမယ့္သူေတြလို႔ မထင္ပါနဲ႔။ တခ်ဳိ႕ေယာက္်ားေတြက သင့္ရဲ႕ ရည္းစားေဟာင္းေတြနဲ႔ လံုးဝမတူပါဘူး။
တစ္ေန႔က်ရင္ ေပ်ာ္ရႊင္ရမွာပါ
သင္တကယ္လိုခ်င္တဲ့ ခ်စ္သူမ်ဳိး ရသြားခ်ိန္မွာေတာ့ အတိတ္ကို သင္လြမ္းေနေတာ့မွာ မဟုတ္ပါဘူး။ သူတုိ႔ေတြေၾကာင့္သာ ကိုယ့္အေပၚ တကယ္ေကာင္းမယ့္သူကို သင္ရွာႏုိင္ခဲ့တာေပါ့။
ေနာက္တစ္ခါ အျဖစ္မခံပါနဲ႔
ကိုယ့္အေပၚ ေကာင္းတာတစ္ခ်က္တည္းနဲ႔ ေသခ်ာမစူးစမ္းဘဲ ခ်စ္သူ မထားပါနဲ႔။ မ်က္စိဖြင့္ နားစြင့္ထားၿပီး ေသခ်ာအကဲခတ္ပါ။
အရမ္းမေကာင္းနဲ႔
ကိုယ့္အေပၚ အမႈိက္သ႐ိုက္လို ဆက္ဆံေနတဲ့သူကို ဒုတိယအခြင့္အေရးေတြ၊ တတိယအခြင့္အေရးေတြ ေပးမေနပါနဲ႔။ အဲဒီလို လူမ်ဳိးကို သင့္ဘဝထဲက ေမာင္းထုတ္လုိက္ပါ။
ေနာက္တစ္ခါခ်စ္ဖို႔ မေၾကာက္ပါနဲ႔
ကိုယ့္ဘဝ အေဖာ္မြန္ကို ရွာေတြ႕တဲ့အခါ သင့္ခံစားခ်က္ေတြ အားလံုး ေျပာင္းလဲသြားပါလိမ့္မယ္။ အသည္းခြဲခံရမွာကို သင္ေၾကာက္ရြံ႕ေနရေတာ့မွာ မဟုတ္ဘူး။ သူက သင့္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါလိမ့္မယ္။
အဆံုးသတ္မဟုတ္ဘူး
ေယာက္်ားတစ္ေယာက္ သင့္ကို ပစ္သြားခ်ိန္မွာ သင့္ကို ခ်ဥ္းကပ္ဖို႔ ေစာင့္ေနသူက အျမဲရွိေနမွာပါပဲ။ ငကန္းေသရင္ ငေစြလာမယ္ဆုိတဲ့ စကားအတုိင္း သင့္ရဲ႕ အေတြ႕အၾကံဳအရ ပိုေကာင္းတဲ့သူကို သင္ ေရြးခ်ယ္တတ္သြားမွာပါ။
ခဏေလာက္ တစ္ကိုယ္တည္းေနၾကည့္လုိ႔ရပါတယ္
လံုးဝႀကီး လက္ေလွ်ာ့လုိက္တာမ်ဳိးေတာ့ မလုပ္ပါနဲ႔။ ပန္းသီးတစ္လံုးမေကာင္းတာနဲ႔ တစ္ခုိင္လံုး ပစ္စရာမွ မလုိတာ။ သင္လုိ မိန္းကေလးမ်ဳိးနဲ႔ ဒိတ္လုပ္ခ်င္တဲ့ ေယာက္်ားေကာင္းေတြ ရွိေနပါေသးတယ္။
Julia