ၾကားသိရသမွ်

မင်းသမီး ရေထဲပြုတ်ကျစဉ်ကတည်းက မည်သူကမှပိုက်ဆံပေးခိုင်းစေခြင်းမရှိဘဲ သူရဲ့နွမ်းပါးတဲ့လှေလေးနဲ့ နေ့ရောညပါ ကူညီရှာဖွေပေးခဲ့တဲ့ အဖိုးအို

မင်းသမီး ရေထဲပြုတ်ကျစဉ်ကတည်းက မည်သူကမှပိုက်ဆံပေးခိုင်းစေခြင်းမရှိဘဲ သူရဲ့နွမ်းပါးတဲ့လှေလေးနဲ့ နေ့ရောညပါ ကူညီရှာဖွေပေးခဲ့တဲ့ အဖိုးအို

ထိုင်းနိုင်ငံရဲ့ မင်းသမီး Tangmo ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညမှာ ရေထဲပြုတ်ကျသွားပြီး ၂၆ ရက်နေ့ညမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီး Tangmo ရေထဲပြုတ်ကျသွားသွားချင်းမှာ ကယ်ဆယ်ရေး အဖွဲ့ဝင်များနဲ့ လူအများက စိတ်ပူစွာနဲ့ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ လှေသမားအဘိုးအိုလည်း အပါအဝင်ပဲဖြစ်ပါတယ်။

အဘိုးအိုဟာ မြေးအရွယ်ကောင်မလေး အသက်ငယ်ငယ်နဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်ကြီး ကြုံတွေ့ခဲ့ရတာကြောင့် သနားတဲ့စိတ်ကလေးနဲ့ နေ့ရောညပါ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်ခဲ့ပါတယ်။

အဘိုးအိုကို ဘယ်သူကမှ ရှာဖွေရေးအတွက်ပိုက်ဆံ မပေးသလို ရှာဖွေရေး လုပ်ပေးပါလို့လည်း တောင်းဆိုခဲ့ကြတာမဟုတ်ပါဘူး။

လှေသမား အဘိုးအိုက ကိုယ်ပိုင်အသိစိတ်လေးနဲ့ ရှာဖွေရေး အလုပ်မှာ ကူညီပါဝင်ခဲ့တာဖြစ်ပါတယ်။လှေသမား အဘိုးအိုဟာ ကျောက်ဖရားမြစ်ဆိပ် ဇရပ်မှာနေပြီး လှေဆွဲနေသူ တစ်ဦးဖြစ်ပါတယ်။

Tangmo ပျောက်ဆုံးသွားစဉ်ကတည်းက နေ့ရောညပါ သူ့ရဲ့ နွမ်းပါးလှတဲ့ စက်လှေကလေးနဲ့ ရှာဖွေပေးနေတဲ့ အဘိုးရဲ့ ပုံရိပ်ကို လူတစ်ယောက်က မှတ်တမ်းတင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ပေးရာမှ အဘိုးက နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

နွမ်းပါးပေမယ့် စိတ်ရင်းစေတနာကောင်းတဲ့ အဘိုးအိုကို ထိုင်းပြည်သူတွေက အလှူငွေတွေ လှူဒါန်းပေးခဲ့ကြတာကြောင့် တစ်ရက်အတွင်း ဘတ် ၃ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

လှေသမားအဘိုးအိုကတော့ သူက မင်းသမီး Tangmo ကို အသက်ရှင်လျက်မရှာနိုင်ခဲ့တာကြောင့် ပြည်သူတွေ ချီးကျူးနေကြသလို

တော်တဲ့သူမဟုတ်ကြောင်း အသက်ရှင်လျက်ရှာနိုင်ခဲ့မှသာ တော်တဲ့သူလို့ ဆိုနိုင်မှာ ဖြစ်တဲ့အကြောင်း ရရှိခဲ့တဲ့ အလှူငွေတွေကိုလည်း ပြန်လည် လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

လှေသမား အဘိုးအိုဟာ မိမိကိုယ်ကိုယ်နှိမ့်ချတတ်ပြီး နာမည်ကောင်းယူကာ ဂုဏ်ယူဝင့်ကြွားတတ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်လည်း ထိုင်းပြည်သူတွေက စေတနာကောင်းတဲ့ အဘိုးအိုကို ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။Crd

Zawgyi

မင္းသမီး ေရထဲျပဳတ္က်စဥ္ကတည္းက မည္သူကမွပိုက္ဆံေပးခိုင္းေစျခင္းမရွိဘဲ သူရဲ႕ႏြမ္းပါးတဲ့ေလွေလးနဲ႔ ေန႔ေရာညပါ ကူညီရွာေဖြေပးခဲ့တဲ့ အဖိုးအို

ထိုင္းႏိုင္ငံရဲ႕ မင္းသမီး Tangmo ဟာ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ညမွာ ေရထဲျပဳတ္က်သြားၿပီး ၂၆ ရက္ေန႔ညမွာ ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

မင္းသမီး Tangmo ေရထဲျပဳတ္က်သြားသြားခ်င္းမွာ ကယ္ဆယ္ေရး အဖြဲ႕ဝင္မ်ားနဲ႔ လူအမ်ားက စိတ္ပူစြာနဲ႔ ရွာေဖြေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၾကပါတယ္။ အဲဒီအထဲမွာ ေလွသမားအဘိုးအိုလည္း အပါအဝင္ပဲျဖစ္ပါတယ္။

အဘိုးအိုဟာ ေျမးအ႐ြယ္ေကာင္မေလး အသက္ငယ္ငယ္နဲ႔ ဆိုး႐ြားတဲ့ အျဖစ္အပ်က္ႀကီး ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ သနားတဲ့စိတ္ကေလးနဲ႔ ေန႔ေရာညပါ ရွာေဖြေရးလုပ္ငန္းမွာ ပါဝင္ခဲ့ပါတယ္။

အဘိုးအိုကို ဘယ္သူကမွ ရွာေဖြေရးအတြက္ပိုက္ဆံ မေပးသလို ရွာေဖြေရး လုပ္ေပးပါလို႔လည္း ေတာင္းဆိုခဲ့ၾကတာမဟုတ္ပါဘူး။

ေလွသမား အဘိုးအိုက ကိုယ္ပိုင္အသိစိတ္ေလးနဲ႔ ရွာေဖြေရး အလုပ္မွာ ကူညီပါဝင္ခဲ့တာျဖစ္ပါတယ္။ေလွသမား အဘိုးအိုဟာ ေက်ာက္ဖရားျမစ္ဆိပ္ ဇရပ္မွာေနၿပီး ေလွဆြဲေနသူ တစ္ဦးျဖစ္ပါတယ္။

Tangmo ေပ်ာက္ဆုံးသြားစဥ္ကတည္းက ေန႔ေရာညပါ သူ႔ရဲ႕ ႏြမ္းပါးလွတဲ့ စက္ေလွကေလးနဲ႔ ရွာေဖြေပးေနတဲ့ အဘိုးရဲ႕ ပုံရိပ္ကို လူတစ္ေယာက္က မွတ္တမ္းတင္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေပၚ တင္ေပးရာမွ အဘိုးက နာမည္ႀကီးလာခဲ့တာျဖစ္ပါတယ္။

ႏြမ္းပါးေပမယ့္ စိတ္ရင္းေစတနာေကာင္းတဲ့ အဘိုးအိုကို ထိုင္းျပည္သူေတြက အလႉေငြေတြ လႉဒါန္းေပးခဲ့ၾကတာေၾကာင့္ တစ္ရက္အတြင္း ဘတ္ ၃ သိန္းေက်ာ္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ေလွသမားအဘိုးအိုကေတာ့ သူက မင္းသမီး Tangmo ကို အသက္ရွင္လ်က္မရွာႏိုင္ခဲ့တာေၾကာင့္ ျပည္သူေတြ ခ်ီးက်ဴးေနၾကသလို

ေတာ္တဲ့သူမဟုတ္ေၾကာင္း အသက္ရွင္လ်က္ရွာႏိုင္ခဲ့မွသာ ေတာ္တဲ့သူလို႔ ဆိုႏိုင္မွာ ျဖစ္တဲ့အေၾကာင္း ရရွိခဲ့တဲ့ အလႉေငြေတြကိုလည္း ျပန္လည္ လႉဒါန္းသြားမယ္ဆိုတဲ့အေၾကာင္းကို အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

ေလွသမား အဘိုးအိုဟာ မိမိကိုယ္ကိုယ္ႏွိမ့္ခ်တတ္ၿပီး နာမည္ေကာင္းယူကာ ဂုဏ္ယူဝင့္ႂကြားတတ္တဲ့သူမဟုတ္တဲ့အတြက္ေၾကာင့္လည္း ထိုင္းျပည္သူေတြက ေစတနာေကာင္းတဲ့ အဘိုးအိုကို ခ်ီးက်ဴးေနၾကတာလည္း ျဖစ္ပါတယ္။Crd

CategoriesInternational News