ဧရာဝတီ၊ မတ် ၈၊ ၂၀၂၂
ကြွက်မနိုင် ကျီမီးရှို့ခံဘဝ ရောက်နေရတဲ့ ပြည်သူများ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၈၊ ၂၀၂၂
အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၂၈ရက်နေ့အထိ
မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်အလုံးပေါင်းဟာ ၃၂၃၉ လုံးရှိနေတယ်လို့ NUG လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာနကကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါဟာ ခန့်မှန်းတွက်ချက်မှုအနီးစပ်ဆုံးရရှိထားတဲ့စာရင်းတွေဖြစ်ပြီးတော့ ရွာလုံးကျွတ်မီးရှို့ခံရမှုတွေ ကြောင့် မြေပြင်စာရင်းတွေကအခုထက်ပိုများပြားနိုင်မှာ ဖြစ်ပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းဟာအများဆုံးဖြစ်ပြီး ၃၇ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းမှာ ၁၆ မြို့နယ်လောက်ကကျေးရွာတွေဟာ မီးရှို့ ဖျက်ဆီးခံရမှုမှာပါဝင်နေပါတယ်။
ကနီ၊ ပုလဲ၊ မင်းကင်း၊ ရွေဘို၊ တန့်ဆည်၊ ယင်းမာပင်၊ ဝက်လက်၊ ရေဦး၊ မုံရွာ၊ အရာတော်၊ ကလေး၊ ဒီပဲယင်း၊
ဝက်လက်၊ တမူး၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေထဲကကျေးရွာပေါင်း ၂၀ နီးပါးက အိမ်ခြေ ၂၀၀၀ လောက်ဟာမီးရှို့ဖျက်ဆီးခံထားရပါတယ်။
ကြွက်မနိုင် ကျီမီးရှို့ခံဘဝ ရောက်နေရတဲ့ ပြည်သူများ (ရုပ်/သံ)