စုမဲ/စုကြေးလောကရဲ့ရိုက်ခတ်မှုတေတော်တော်များနေပြီနော်။ အခုလည်း မုံရွာကအမေတစ်ယောက်က သမီးဖြစ်သူရဲ့စုမဲဇယားရှုပ်တွေကို တာဝန်ယူပြီးရှင်းပေးတာသိန်းရာနဲ့ထောင်နဲ့ချီပါတယ်။
အဲဒီလိုဖြစ်လာတဲ့အခါ မိဘတွေကိုအရမ်းအားနာဖို့ကောင်းတယ်။ တလောကကောင်မလေးတစ်ယောက်လည်းပဲ စုမဲကိစ္စနဲ့ပတ်သတ်ပြီးသူ့အကြောင်းတွေလာပြောပြတယ်။
ပြီးတော့သူများတွေသူ့ဆီကနေသင်ခန်းစာယူနိုင်ဖို့ ပြန်ပြောပြပေးပါလို့ပြောတယ်။
အခုသူနဲ့ပြောထားတဲ့စကားတွေကိုစာလုံးပေါင်းလေးတွေပဲပြင်ပြီးတင်ထားတာပါ။
သူရေးတဲ့စာလုံးပေါင်းလေးတွေကတော်တော်များများမှားနေတော့ ဖတ်ရခက်မှာစိုးလို့ Screenshots တွေမတင်ပဲပိုစ့်တင်ပေးလိုက်တာပါ။
ကောင်မလေး – “ချစ်ရတဲ့အစ်မ၊အစ်မရဲ့စာတွေကိုညီမတောက်လျှောက်ဖတ်ဖြစ်ခဲ့ပါတယ်။ ခွန်အားဖြစ်စေပြီး နေ့စဉ်ဘဝအတွက်ရော သမီးလေးအတွက်ပါ တကယ်ကိုအထောက်အကူဖြစ်ခဲ့ရပါတယ်။
ဒီစာရေးတာက မိတ်ဆက်စာမဟုတ်လို့ အစ်မ အားတဲ့အချိန်လေးမှာဖတ်မိဖို့မျှော်လင့်မိပါတယ်။ ခုလတ်တလောအိမ်ရှင်မတွေအများကြီးကြုံတွေ့နေရတဲ့ကိစ္စပါ။ ပြီးတော့ ငွေသန်းနဲ့ချီပြီး ဘဝပျက်နေကြလို့အစ်မတို့လိုsocial influencer တွေကိုအသိပေးချင်လို့ပါ။
ညီမဖြစ်တာ ပြောပြပါရစေ။ညီမ ငွေပိုလေးရလို့ရငြားမဲစုပါတယ်။ဇာတ်လမ်းကအဲဒီမှာစတာပေါ့။ မဲစုတာကြာလာ၊ ဒိုင်အစ်မကလည်းတိကျတော့ ပျော်တာပေါ့ မရယ်။
ညီမကအဲဒီတုန်းကကိုယ့်အတွက်ကိုယ်ဝယ်ပါတယ်။အတိုးရတယ်လေနော်။ အိမ်ထဲကနေပြီး ရနေတယ်ဆိုတော့။အဲဒီကနေကြာလာတော့ညီမတို့ပညာတွေတတ်ရဲ့သားနဲ့ လောဘကဖုံးသွားတယ် မရေ။
ဒိုင်ကိုယုံလည်းယုံကြတယ်။အဲ့ဒီတော့ ညီမအတွက်ဝယ်ရင်းကနေသူ့ဆီကယူပြီးသူငယ်ချင်းတွေကိုပါ ရောင်းပေးဖြစ်ရော။
အဲ့ဒီတုန်းကတော့သူငယ်ချင်းတွေပျော်စရာပေါ့ မရယ်။ အတူတူသားသမီးတွေ ဆင်ကြ၊ စားကြသောက်ကြဝယ်ကြပေါ့။ တဖြေးဖြေးနဲ့ ၆လလောက်ကြာတော့ညီမတို့အရင်းငွေရောတိုးငွေရောအဲ့ဒီထဲတွေရောက်ကုန်ရော။
ညီမဆိုလဲရှိတာအကုန်ထည့်၊သူငယ်ချင်းတွေကလည်း ညီမကိုယုံပြီးထည့်ကြတာပေါ့။အခု ၉ လပိုင်း ၅ ရက်နေ့ကျတော့ အဲ့ဒီဒိုင်အစ်မက လိမ်ခံရတယ်ဆိုပြီးသူ့ကိုလိမ်တဲ့သူကိုလိုက်ရှာတယ်ဆိုပြီး ထွက်သွားတယ် မ။
အဲ့ဒီအချိန်မှာ ညီမကကျန်နေခဲ့တော့ကျန်တဲ့သူတွေကညီမတာဝန်ယူဆိုပြီးအရင်ကအကျိုးအမြတ်ရခဲ့တာတွေကိုလည်း မထောက်တော့ပဲ တိုးရင်းပေါင်းဆိုတဲ့ငွေကိုတောင်းကြပါတယ်။ညီမမလိမ်ပါဘူး။ကိုယ်တိုင်အလိမ်ခံရတာပါ။
ဒါပေမဲ့ညီမသူငယ်ချင်းတွေကညီမကိုပဲသိတာ၊ဟိုဒိုင်ကိုမသိဘူးဆိုတော့ ညီမတပြားမှမရသေးပဲ နေတဲ့အိမ်နဲ့ကားကိုရောင်းပီး စိုက်လျော်ပေးခဲ့ပါတယ်။
ဒါပေမဲ့အပြည့်တော့မလျော်နိုင်ခဲ့ပါဘူး။၃၀% ပဲလျော်နိုင်ခဲ့ပါတယ်။ ညှိပေးတယ်။ ညှိသလိုယူပေးကြပါတယ်။ ဒါပေမဲ့မကျေနပ်ဘူးတဲ့မ။ညီမအပေါ်ကဒိုင်ကလည်းသူတို့အကြောင်းပိုစ့်တင်ရင် 66D တဲ့။
ညီမအောက်ကသူတွေကလဲ ဥပဒေရှိတယ်420တဲ့။ညီမတို့အလယ်ကသူတွေကဘာလုပ်ရမှန်းမသိအောင် ဖြစ်ရပါတယ်။ခုချိန်မှာလည်း လူ ၆၀ လျော်ဖို့ရှိတာလူ၅၀ ကျော်လျော်ပြီးချိန်မှာ ရှိတာအကုန်ကုန်သွားခဲ့ပါတယ်။
ကျန် ၈ယောက်အတွက်ပေးရမယ့် ၃၀% လေးပဲကျန်ပါတယ်။ ဒါပြီးရင်ညီမကလုံးဝလက်ဗလာပါ။ အဲ့ဒီချိန်မှာ ဘာဖြစ်လဲဆိတော့ကျန်၈ ယောက်ကတရားစွဲဖို့စာပို့ပါတယ်။ညီမမှာလိုက်စရာရှေ့နေခတောင်မရှိတော့ပါဘူး။
ညီမတောင်းပန်ပြီးပေးပါတယ်။သူငယ်ချင်းအရင်းတွေပါပဲ။ နောက်ဆုံးကျတော့အရင်းလိုချင်တယ်တဲ့တကယ်ဆို ညီမတို့အလုပ် တစ်လကို၃၀တိုး မြတ်ခဲ့တာပါ။
ညီမကညစ်ပတ်လို့ညီမဒိုင်လိုယူထားပြီးမပေးခဲ့ရင်ညီမအမှား။ခုဟာကညီမလည်းနစ်နာသူတစ်ယောက်ပါ။သို့သော်ကိုယ့်တာဝန်ပဲဆိုပြီး ဒိုင်ကတစ်ပြားမှမပေးပေမဲ့ညီမက မဲလောကနဲ့မသက်ဆိုင်သော၊မိဘကပေးထားသောအိမ်နဲ့ကားကိုရောင်းပြီးဆပ်ရတာပါ။
ညီမလေတကယ်နောင်တရခဲ့ပါတယ်။ လူတွေအကြောင်းလည်း သိလိုက်ရပါတယ်။သမီးလေးမွေးထားလို့သာပါ။ဆက်ရှင်သန်ဖို့ကြောက်နေမိတယ်။ ခဏခဏလည်း သေဖို့ကြိုးစားခဲ့တယ်။ မိဘတွေက ပြန်ကယ်တင်ခဲ့တယ်။
အခုချိန်ထိလဲ အရှုံးပေးချင်မိတယ်။ညီမအလုပ်လုပ်စဉ်ကလည်း တိကျမှန်ကန်သူဖြစ်ခဲ့ပါတယ်။ ဒိုင်ဆီကို ငွေပေးတာလည်း မှန်ကန်တိကျခဲ့တယ်။ အောက်ကသူငယ်ချင်းတွေကိုဆိုလည်း ရက်မပြည့်ခင် တစ်ရက်ကြိုလျော်ပေးတယ်။
ဒီမဲလောကက တခြားသူတွေဆို ပြေးကြတယ်။ ညီမ မပြေးဘူး။ ညီမ ဒိုင်ခံလျော်တယ်။ ဒါပေမဲ့ လျော်လဲပြီးရော ယူလဲသွားရော၊ အကောင့်တုတွေနဲ့ တင်ကြပြန်ရော မရယ်။ ကိုယ်က ပိုက်ထားတာရှိရင်လည်းတမျိုး။ ညီမ လက်ခံတယ်။
ဒါပေမဲ့ ကိုယ်တိုင်ဆုံးရှုံးပြီး မဲလောကနဲ့မဆိုင်တဲ့ အပြင်ငွေနဲ့ စိုက်လျော်နေတာ လက်ချိုးရေတောင်ရပါတယ် မရယ်။ညီမ ဒီစာရေးတာ အစ်မအတွက် စိတ်ရှုပ်စေခဲ့မိရင် တောင်းပန်ပါတယ်။
အခု ညီမပြောချင်တာ တချို့တွေ လိမ်လို့ကောင်းတုန်း ဆက်လုပ်နေကြတုန်းပါပဲ။ ညီမလေ ဘဝနဲ့ရင်းပြီးရတဲ့သင်ခန်းစာပါ။ ညီမ မပြောပြတတ်လို့ အစ်မတို့လို Influencer တွေကနေ ဖြန့်ပေးပါလို့တောင်းဆိုပါတယ်။
ညီမတို့လို အလယ်ကနေ ဘဝပျက်နေတဲ့သူတွေ ဒုနဲ့ဒေးပဲ။ မခံနိုင်ကြလို့ ပြေးကြတာပါ။ ဘယ်သူကပြေးချင်မလဲနော်။ အခုညီမ မပြေးပဲရှင်းတယ်။ ရှင်းတော့လည်းအပြောခံရတယ်။
အခုဆို တရားစွဲမယ်လုပ်ကြတယ်။ ညီမဘဝ အသေခံဖို့ပဲ နေ့တိုင်းတွေးနေမိတော့တယ်။ ညီမ မိဘနဲ့ ကလေးကိုကြည့်နေရင်း ညီမ မခံစားနိုင်လို့ရယ်၊တခြားနစ်နာသူတွေဆက်မနစ်နာစေချင်တော့လို့ရယ် အစ်မတို့ကူညီပြီးဖြန့်ဝေပညာပေးပါလို့ရှိခိုးကန်တော့တောင်းပန်ပါရစေ။
”Jessica – “မသေနဲ့နော်။ သမီးလေးအတွက် အသက်ဆက်ရှင်ရမယ်။ သူများက လူလိမ်လို့ခေါ်ချင်လည်း ခေါ်ပါစေ အသက်ဆက်ရှင်ရမယ်။ ကလေးနဲ့ပျော်အောင်နေဖို့၊ လုပ်ငန်းအသစ်တွေနဲ့ပြန်စဖို့သာ စဉ်းစားပါ။ အစ်မ ရေးပေးပါ့မယ်နော်။
”ကောင်မလေး – “ကျေးဇူးပါ မရယ်။ အခုလည်း ညီမလို အလိမ်ခံထိပြီး ကြားထဲကနေ စိုက်မလျော်နိုင်လို့ လူလိမ်နာမည်ခံနေရတဲ့သူတွေ အများကြီးရှိနေတယ် မ။ ဘာမှလုပ်လို့မရဘူးလေနော်။ နောက်ကလဲဆွဲထား၊ ရှေ့လည်းဆက်တိုးမရ၊ အလယ်မှာ လည်စင်းခံနေရတယ်။
”Jessica – “အင်းပေါ့ နားလည်ပါတယ်။”
ကောင်မလေး – “ကျေးဇူးပါ မရယ်။”
(နောက်တပတ်အကြာမှာ အဆက်အသွယ်ထပ်ရပါတယ်)
ကောင်မလေး – “မရေ .. ညီမရှင်းပေးရမယ့် လူ ၆၀ ကျော်မှာ ၁ ယောက်ပဲကျန်တော့တယ်။ အစ်မ အားပေးတဲ့အတွက် တကယ်ကျေးဇူးပါနော်။ အစက ညီမ တကယ်သေဖို့ပဲစဉ်းစားနေတာ။ အခု မိဘတွေနဲ့တိုင်ပင်ပြီး သိန်း ၁၈၀၀ ကျော်ဖိုးရှင်းပြီးသွားပြီ။ ၁ ယောက်ပဲကျန်တော့တာမို့လို့ စိတ်လည်းပေါ့သွားတယ်။ ညီမတို့ မိသားစုအိမ်လေးရောင်းလိုက်ရတော့ညီမတို့သားအမိက မိဘအိမ်ပြန်နေတယ်။
အမျိုးသားကတစ်မြို့ ညီမတို့ကတစ်မြို့ဖြစ်နေတာလေးပဲစိတ်မကောင်းဘူး မရယ်။ ကလေးအတွက်ရှင်သန်ရမယ်လို့ပြောခဲ့တဲ့အတွက် မကိုတကယ်ကျေးဇူးတင်ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။