ဗဟုသုတ

ေသြးဆုံးကိုင္သူမ်ားအတြက္ ျပန္လည္မ်ွေ၀ေပးလုိက္ပါတယ္…

ေသြးဆုံးကိုင္သူမ်ားအတြက္ ျပန္လည္မ်ွေ၀ေပးလုိက္ပါတယ္…
အမ်ိဳးသမီးမ်ား ပ်မ္းမွ် အသက္ (၄၇)ႏွစ္ ဝန္းက်င္ခန္႔မွာ ေသြးဆုံးကိုင္ေဝဒနာကို စတင္ခံစား လာရတတ္ပါတယ္။ (မိခင္ေသြးဆုံးခဲ့ေသာ အသက္အ႐ြယ္ကိုၾကည့္၍လည္း မိမိေသြးဆုံးႏိုင္မည့္အခ်ိန္ကို ႀကိဳတင္မွန္းဆလို႔ရပါတယ္)

ေအာက္ပါ ႐ိုးရွင္းလြယ္ကူတဲ့ အိမ္တြင္းကုထုံးေလးမ်ားက ေသြးဆုံးကိုင္ေဝဒနာကို ေဘးဥပါဒ္ကင္းစြာျဖင့္ သက္သာေပ်ာက္ကင္းေစႏိုင္ပါလိမ့္မယ္။

(၁) ‘မိန္းမတို႔အသက္ ကရမက္ ‘ ဟု ဆိုး႐ိုးစကားရွိ ပါတယ္။ ေသြးဆုံးကိုင္ျခင္းအတြက္ ကရမက္ကို လိမ္းေပးသင့္သလို၊ ေသြး၍ ေသာက္သုံးေပးပါ။

(၂) မိုးဥတုတြင္ ေပၚတတ္ေသာ ဂုံမင္းပင္ကို ဟင္းခါး ခ်က္၍ေသာက္ပါ။

(၃) စြယ္ေတာ္ပင္(ခရမ္းေရာင္ပန္းပြင့္) ၏ အ႐ြက္ၫြန္႔ကို ဟင္းခ်ိဳခ်က္ေသာက္ပါ (သို႔မဟုတ္) ႐ြက္ ျပဳတ္ရည္ေသာက္ပါ။

(၄) အနက္ေရာင္စပ်စ္သီးမွည့္ကို အခြံေရာ အေစ့ပါ ဝါးစားပါ။

(၅) ဆီးျဖဴသီး စားပါ။

(၆) ထန္းရည္ခ်ိဳစစ္စစ္ကို တဝႀကီးေသာက္ေပးပါ။

(၇) ႀကိတ္မွန္႐ြက္စားပါ (သို႔မဟုတ္) ႀကိတ္မွန္႐ြက္ ယိုထိုးစားပါ။ (ႀကိတ္မွန္႐ြက္ ၂၅ က်ပ္သားကို ေရစင္စင္ေဆး ႏုတ္ႏုတ္စဥ္းၿပီး

ထန္းလ်က္သန္႔ သန္႔ ၁ဝ က်ပ္သား၊ အရည္ညႇစ္ၿပီး ေရွာက္သီးအဖတ္ ၁ဝ က်ပ္သား၊ ပါးပါးလွီးထားေသာ ၾကက္သြန္နီ ၁ဝ က်ပ္သား၊ စမုံငါးပါးအမႈန္႔ ၂ ပဲသားစီတို႔ကို ေျမအိုးအသစ္ထဲေရာ၍ ဆားႏွင့္ ေရသင့္႐ုံ ထည့္ၿပီး ယိုထိုးသလို က်ိဳခ်က္ပါ။

ယိုျဖစ္ပါက ပုလင္းသန္႔သန္႔ထဲထည့္၍ အစာႏွင့္ေဝးခ်ိန္ နံနက္၊ ေန႔၊ ည သုံးႀကိမ္စီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းမွ် ခပ္၍စားပါ။)

(၈) အဝါေရာင္ ကန္စြန္းဥကို မ်ားမ်ားျပဳတ္စားပါ။

(၉) သေဘၤာသီးမွည့္ ေန႔စဥ္စားေပးပါ။

(၁ဝ) တ႐ုတ္စကားပြင့္ကို ေၾကာ္ခ်က္၍ စားပါ။

(၁၁) ပဲေနာက္ကို ၾကက္သြန္ျဖဴႏွင့္ ဟင္းခ်ိဳခ်က္ေသာက္
ပါ။

(၁၂) ဝါေစ့ပင္ေပါက္ကို ဟင္းခါးခ်က္ေသာက္ပါ။

(၁၃) ကင္ပြန္းခ်ဥ္႐ြက္ကို အမ်ိဳးမ်ိဳးလုပ္၍ ဟင္းခ်က္ စားေပးပါ။

(၁၄) ၾကက္သြန္ျဖဴစားပါ။

(၁၅) ရဲယိုသီးမွည့္မွည့္ကို ထန္းလ်က္ခဲ (သဘာဝ အမည္းေရာင္ ထန္းလ်က္ခဲ) ျဖင့္ ေခါက္၍ စား
ပါ။

(၁၆) အဆီမ်ားတဲ့အသား၊ ျဖဴဆြတ္ဆြတ္သၾကားမႈန္႔မ်ား၊ ဆီေၾကာ္မုန္႔မ်ား၊ ကဖိန္းဓာတ္မ်ားေသာ ေကာ္ဖီႏွင့္ ကိုလာအခ်ိဳရည္မ်ား၊ င႐ုတ္သီးအပူ အစပ္မ်ား၊ ပူပူေလာင္ေလာင္ ဟင္းရည္မ်ား စသည္တို႔ကို လြန္ကဲစြာစားေသာက္ျခင္းမွေရွာင္ ပါ။

(၁၇) အဆီမ်ားတဲ့ငါး (သို႔မဟုတ္) ငါးႀကီးဆီစားပါ။ Spirulina ေခၚ စိမ္းျပာေရညႇိ(သို႔မဟုတ္) EPO (ေခၚ) ေ႐ႊဝါေရာင္ Evening Primrose ပန္း အဆီ(သို႔မဟုတ္) Silica စီလီကာ ေဆးတို႔ကိုျဖည့္စြက္စာအျဖစ္ မွီဝဲေသာက္သုံးပါ။

(၁၈) Barley Grass (ေခၚ) ဘာလီျမက္ႏုထဲမွာ ဓာတ္ တိုးဆန္႔က်င္ပစၥည္းေတြက မ်ားစြာေကာင္းက်ိဳးျပဳပါတယ္။ (ႏိုင္ငံျခားျဖစ္ ဘာလီျမက္ႏု အခ်ိဳရည္တို႔ကို City Mart ဆိုင္ေတြမွာ ဝယ္ယူရရွိ ႏိုင္ပါတယ္။)

(၁၉) ေန႔စဥ္မွန္မွန္လမ္းေလွ်ာက္ျခင္း (သို႔မဟုတ္) ကိုယ္လက္လႈပ္ရွားအားကစားလုပ္ပါ။

(၂ဝ) တစ္ကိုယ္ေရသန္႔ရွင္းမႈဂ႐ုစိုက္ပါ။ သို႔ေသာ္ အခ်ိန္လြန္၍ ေရခ်ိဳးျခင္းမျပဳရ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။

Unicode

သွေးဆုံးကိုင်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်…
အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်)

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာပျောက်ကင်းစေနိုင်ပါလိမ့်မယ်။

(၁) ‘မိန်းမတို့အသက် ကရမက် ‘ ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။

(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။

(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။

(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။

(၅) ဆီးဖြူသီး စားပါ။

(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။

(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး

ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီးအဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့် ၂ ပဲသားစီတို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။

ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)

(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။

(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။

(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။

(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်
ပါ။

(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။

(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။

(၁၄) ကြက်သွန်ဖြူစားပါ။

(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝ အမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စား
ပါ။

(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။

(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ(သို့မဟုတ်) EPO (ခေါ်) ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကိုဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။

(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)

(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။

(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။