သ႐ုပ္ေဆာင္ ရဲတိုက္ကို ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္ တရား႐ုံး၌ ယမန္ေန႔ မတ္လ ၁ ရက္ေန႔တြင္ ႐ုံးထုတ္ စစ္ေဆးခဲ့စဥ္
၎က တရားသူႀကီးထံ ယင္းသို႔ ေလွ်ာက္လဲ ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။
“မေန႔က အမႈကို ျမန္ျမန္စစ္ေပးဖို႔ ေျပာပါတယ္။ သူမ်ားေတြ လြတ္မယ္ဆိုတဲ့ သတင္းလည္း သူေထာင္ထဲမွာ ၾကားေနမွာေပါ့။
အခု မူးယစ္ေဆးပုဒ္မ အတြက္ လိုျပ သက္ေသ သုံးေယာက္ က်န္တာ တစ္ေယာက္မွ မလာဘူး။
သူ႔ကို ဖမ္းစဥ္တုန္းက ရဲတပ္ၾကပ္ႀကီး တစ္ေယာက္ကလည္း ေနျပည္ေတာ္ လုံၿခဳံေရး သြားေနတယ္တဲ့ ။
အဓိက သက္ေသျဖစ္တဲ့ အမႈစစ္ ရဲအရာရွိ ကလည္း မလာဘူး။
မလာႏိုင္ရင္ေတာ့ အမႈတိုး တက္ျမန္ဆန္မႈ ရွိေအာင္ တစ္ခုခု လုပ္ရမွာပဲ”ဟု သတင္းရင္းျမစ္က ဆိုသည္။
ထို႔ျပင္ သက္ေသထြက္ဆိုမည့္ စိတ္က်န္းမာေရး ဆရာဝန္ တစ္ဦးမွာလည္း မလာေရာက္ ႏိုင္သျဖင့္ ဥပေဒ အရာရွိက သက္ေသစာရင္းမွ ပယ္ခ်ခဲ့သည္။
ရဲတိုက္အေနျဖင့္ စစ္အာဏာ သိမ္းမႈအေပၚ ဆန္႔က်င္သည့္ ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့ေသာေၾကာင့္
ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) ျဖင့္ ဇန္နဝါရီလ ၃၀ ရက္ေန႔တြင္ အလုပ္ႏွင့္ ေထာင္ဒဏ္ သုံးႏွစ္ ခ်မွတ္ ခံထားရသည္။
ယင္းအျပင္ ရဲတိုက္ကို ဖမ္းဆီးခ်ိန္တြင္ ၎၏ ေျပာက္က်ား လြယ္အိတ္အတြင္း
စိတ္ႂကြ မူးယစ္ေဆးဝါး ၁၁ ျပားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိသည္ဟု ဆိုကာ ၁၆ (ဂ) ျဖင့္ ထပ္မံ တရားစြဲဆို ခံထားရျခင္းလည္း ျဖစ္သည္။
ယင္းအေပၚ ရဲတိုက္က ၎၏ ပစၥည္းမ်ား မဟုတ္ေၾကာင္းႏွင့္ ဖမ္းဆီးခံရခ်ိန္တြင္
ေျပာက္က်ားလြယ္အိတ္ လြယ္ထားျခင္း မရွိဟု ျငင္းဆိုထားသည္။
ယေန႔ မတ္ ၂ ရက္ ေတာင္သူလယ္သမားေန႔၌ အမ်ားျပည္သူ မထင္မွတ္ထားသည့္ အခ်ိန္တြင္
စကစ က ႐ုပ္ရွင္ သ႐ုပ္ေဆာင္အခ်ိဳ႕ကို ခံဝန္ျဖင့္ လႊတ္ေပးခဲ့သည့္အျပင္ ေထာင္ဒဏ္ ေလ်ာ့ေပါ့ ခံစားခြင့္မ်ား ေပးခဲ့သည္။
အဆိုေတာ္ပိုပို ဟာလည္း ပုဒ္မ ၅၀၅-က နဲ႔ေထာင္ဒဏ္သုံးႏွစ္ စစ္ေကာင္စီ က ခ် မွတ္ ထားၿပီး
ဘာေၾကာင့္က်န္ခဲ့တယ္ဆိုတဲ့ တစ္စုံတစ္ေျဖရွင္းခ်က္ မရွိေသးေပမယ့္
“ပိုပိုက အထဲမွာေတာ့ ေနေကာင္း က်န္းမာတယ္။ သူအျမန္ဆုံး အိမ္ျပန္ခ်င္ေနၿပီ။ ပရိသတ္ေတြကိုလည္း သူလြမ္းတယ္။
သူ႔အိမ္ကိုလည္း သူလြမ္းတယ္။ အျမန္ (အိမ္) ျပန္ခ်င္ေနတယ္” ဟု ပိုပို၏ မိသားစုဝင္ တဦးက ဧရာဝတီကို ေျပာသည္။
၎က ဆက္၍ “ခံစားရတာေပါ့။ ညီမတို႔က အနီးကပ္ေနခဲ့သူဆိုေတာ့ ပိုဆိုးတာေပါ့။
သူက အရမ္းအားငယ္တတ္တဲ့သူ ဆိုေတာ့ တခုခုဆို ငိုေနမွာပဲလို႔ စိုးရိမ္မိတယ္။
အျမန္ေတာ့ လြတ္ေစခ်င္မိတယ္” ဟု ေျပာသည္။
သိပ္မၾကာခင္ မွာ သတင္းေကာင္း ထပ္ၾကားရဖို႔ရွိတယ္ လို႔လည္း သိရပါတယ္
သ႐ုပ္ေဆာင္ ရဲတိုက္ ကေတာ့ အေပၚမွာေျပာထားသလို ေနာက္ထပ္ အမႈတစ္ခုနဲ႔ ထပ္မံ ရင္ဆိုင္ ေနရတာ ျဖ စ္ ပါ တယ္ ေနာ္ ။
crd
သရုပ်ဆောင် ရဲတိုက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ ယမန်နေ့ မတ်လ ၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့စဉ်
၎င်းက တရားသူကြီးထံ ယင်းသို့ လျှောက်လဲ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“မနေ့က အမှုကို မြန်မြန်စစ်ပေးဖို့ ပြောပါတယ်။ သူများတွေ လွတ်မယ်ဆိုတဲ့ သတင်းလည်း သူထောင်ထဲမှာ ကြားနေမှာပေါ့။
အခု မူးယစ်ဆေးပုဒ်မ အတွက် လိုပြ သက်သေ သုံးယောက် ကျန်တာ တစ်ယောက်မှ မလာဘူး။
သူ့ကို ဖမ်းစဉ်တုန်းက ရဲတပ်ကြပ်ကြီး တစ်ယောက်ကလည်း နေပြည်တော် လုံခြုံရေး သွားနေတယ်တဲ့ ။
အဓိက သက်သေဖြစ်တဲ့ အမှုစစ် ရဲအရာရှိ ကလည်း မလာဘူး။
မလာနိုင်ရင်တော့ အမှုတိုး တက်မြန်ဆန်မှု ရှိအောင် တစ်ခုခု လုပ်ရမှာပဲ”ဟု သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် သက်သေထွက်ဆိုမည့် စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦးမှာလည်း မလာရောက် နိုင်သဖြင့် ဥပဒေ အရာရှိက သက်သေစာရင်းမှ ပယ်ချခဲ့သည်။
ရဲတိုက်အနေဖြင့် စစ်အာဏာ သိမ်းမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့်
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ် ခံထားရသည်။
ယင်းအပြင် ရဲတိုက်ကို ဖမ်းဆီးချိန်တွင် ၎င်း၏ ပြောက်ကျား လွယ်အိတ်အတွင်း
စိတ်ကြွ မူးယစ်ဆေးဝါး ၁၁ ပြားနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည်ဟု ဆိုကာ ၁၆ (ဂ) ဖြင့် ထပ်မံ တရားစွဲဆို ခံထားရခြင်းလည်း ဖြစ်သည်။
ယင်းအပေါ် ရဲတိုက်က ၎င်း၏ ပစ္စည်းများ မဟုတ်ကြောင်းနှင့် ဖမ်းဆီးခံရချိန်တွင်
ပြောက်ကျားလွယ်အိတ် လွယ်ထားခြင်း မရှိဟု ငြင်းဆိုထားသည်။
ယနေ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့၌ အများပြည်သူ မထင်မှတ်ထားသည့် အချိန်တွင်
စကစ က ရုပ်ရှင် သရုပ်ဆောင်အချို့ကို ခံဝန်ဖြင့် လွှတ်ပေးခဲ့သည့်အပြင် ထောင်ဒဏ် လျော့ပေါ့ ခံစားခွင့်များ ပေးခဲ့သည်။
အဆိုတော်ပိုပို ဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီ က ချ မှတ် ထားပြီး
ဘာကြောင့်ကျန်ခဲ့တယ်ဆိုတဲ့ တစ်စုံတစ်ဖြေရှင်းချက် မရှိသေးပေမယ့်
“ပိုပိုက အထဲမှာတော့ နေကောင်း ကျန်းမာတယ်။ သူအမြန်ဆုံး အိမ်ပြန်ချင်နေပြီ။ ပရိသတ်တွေကိုလည်း သူလွမ်းတယ်။
သူ့အိမ်ကိုလည်း သူလွမ်းတယ်။ အမြန် (အိမ်) ပြန်ချင်နေတယ်” ဟု ပိုပို၏ မိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။
၎င်းက ဆက်၍ “ခံစားရတာပေါ့။ ညီမတို့က အနီးကပ်နေခဲ့သူဆိုတော့ ပိုဆိုးတာပေါ့။
သူက အရမ်းအားငယ်တတ်တဲ့သူ ဆိုတော့ တခုခုဆို ငိုနေမှာပဲလို့ စိုးရိမ်မိတယ်။
အမြန်တော့ လွတ်စေချင်မိတယ်” ဟု ပြောသည်။
သိပ်မကြာခင် မှာ သတင်းကောင်း ထပ်ကြားရဖို့ရှိတယ် လို့လည်း သိရပါတယ်
သရုပ်ဆောင် ရဲတိုက် ကတော့ အပေါ်မှာပြောထားသလို နောက်ထပ် အမှုတစ်ခုနဲ့ ထပ်မံ ရင်ဆိုင် နေရတာ ဖြ စ် ပါ တယ် နော် ။
crd