အိမ်ထောင်မပြုဘဲ ကလေးရရင် လိုချင်တယ်လို့ ဖွင့်ဟလာတဲ့ ဖူးပွင့်သခင်(ရုပ်/သံ)
အောက်ဆုံးတွင် ရုပ်သံဖိုင် ပါရှိပါသည်…
ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မော်လ်ဒယ် ဖူးပွင့်သခင်ကိုတော့ ပရိတ်သတ်ကြီး အားလုံး သိပြီးသား ဖြစ်မှာပါ။ အသက် ၁၆နှစ် ထဲက အနုပညာလောကထဲကို
စတင် ဝင်ရောက်လာပြီး အနုပညာကို ချစ်လို့ ဇွဲမလျော့ပဲ အဆုံးထိ ဆက်လျှောက်မယ်ဆိုပြီး ရည်မှန်းချက် ပြင်းထန်တဲ့ သူပါ။ သူမကိုတော့ သတင်းစာတွေ၊
ဂျာနယ်တွေ၊ မဂ္ဂဇင်း ကာဗာတွေ ကနေတဆင့် ပရိသတ်တွေ ပိုပြီးသတိထား သိရှိလာခဲ့တာ ဖြစ်ပါတယ်။ ဖူးပွင့်သခင် ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့်
ပရိသတ်တွေ စတင်သိရှိ လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း စီနီယာ အနုပညာ ရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။
အရပ်လည်း မြင့်သလို ရုပ်ရည်ကလည်း ချောမောလှတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ပါးချိုင့်လေး ကြောင့်လည်း အပြုံး ချိုချိုလေးကို
ပိုင်ဆိုင် ထားသူ တစ်ယောက်ပါ။ ဒီကနေ့မှာလည်း အင်တာဗျူး တစ်ခုမှာ ဖူးပွင့်သခင်ရဲ့ အချစ်ရေးကို မေးမြန်းခဲ့ ရာမှာတော့ ချစ်သူတွေ ဘာတွေက အချိန်တန်ရင်
ထားသွားတတ်ကြတာ များတယ်။ ကိုယ့်ပတ်ဝန်းကျင် မှာလည်း အဲဒီလိုတွေ မြင်နေရတယ်။ ဒါပေမယ့် ယောကျာ်း ယူချင်တယ် ဆိုတဲ့ အချိန်မှာ ကိုယ့်ကို
ယူမယ့်သူ မရှိရင်လည်း ဒုက္ခရောက် မယ်လေ။ အပျိုကြီးတော့ မလုပ်ပါဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားခဲ့တာပါ။ ဒါအပြင် အိမ်ထောင်မပြုဘဲ ကလေး
ရမယ် ဆိုရင်တော့ လိုချင်တယ်” လို့ ပြောပြ လာပါသေးတယ်။ အင်တာဗျူး အပြည့်အစုံကို ပရိတ်သတ်ကြီး အတွက် တင်ဆက် ပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးရဲ့ အမြင်ကိုလည်း မျှဝေပေးခဲ့ ပါဦးနော်။
Zawgyi