❝ ၁ ❞ ယူနစ်ကို ❝ ၁၂၀၀ ❞ ကျပ် အထိ စံချိန်တင် မြင့်တက်သွားတဲ့ မီတာခ…
စက်သုံးလောင်စာဆီဈေးတွေ ဆက်လက်မြင့်တက်လာတာနဲ့အမျှ မွန်ပြည်နယ် ရေးမြို့နယ်မှာ မီတာခ ၁ ယူနစ်ကို ၁၂၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားတာကြောင့် အိမ်သုံးသမားတွေမှာ မီးမသုံးစွဲနိုင်တဲ့အခြေနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မီတာခ ၁ ယူနစ်ကျပ် ၉၀၀ ကနေ အခု မတ်လက သုံးစွဲထားတဲ့ မီတာခမှာ ၁ယူနစ်ကျပ် ၁၂၀၀ သတ်မှတ်လိုက်တော့ ပုံမှန်အိမ်သုံးသမားတွေက အရင်က ၁ လကို ကျပ် သောင်းဂဏန်းနဲ့ ကုန်မယ့်အစား အခုက သိန်းဂဏန်းအထိ ကုန်ကျမဲ့ အနေအထားဆိုတော့ မီးဖိုဆောင်မှာချက်ပြုတ်ရင် မီးသွေးနဲ့ ပြန်သုံးမယ် အိမ်ဆိုလာမီးတွေ ပြန်သုံးမှရမယ်” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။
အခု ဆီစျေးတွေက ၄ ဆ လောက် တက်တော့ မီတာခ ထပ်မံတိုးမြှင့်ကောက်ခံရတာဖြစ်ပြီး ဆီဈေးတွေ ပြန်လည်ကျဆင်းလာပါက မီတာခ ပြန်လျော့ချပေးသွားမှာဖြစ်ကာ မီးကိုလည်း အချိန်ပိုင်းနဲ့သာ ဖြန်ဖြူးပေးသွားမယ်လို့ မီးလင်းရေး ကော်မတီက ပြောပါတယ်။
ရေးမြို့နယ်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဒီနေ့အထိ သုံးစွဲနိုင်ခြင်းမရှိသေးဘဲ ပုဂ္ဂလိက မီးလင်းရေးကော်မတီက လျှပ်စစ်မီးကိုသာ အမှီပြု သုံးစွဲနေရတာပါ။
ရေးမြို့နယ်ရှိ နယ်ကျေးရွာတွေဘက်မှာတော့ ကိုယ့်အားကိုယ်ကိုး မီးစက်နဲ့ မီးဖြန့်ဖြူးပေးရာမှာ ၁ ယူနစ်ကို ကျပ် ၁၄၀၀ အထိ ပေးပြီး သုံးစွဲရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က မီတာခ ၁ ယူနစ် ကျပ် ၉၀၀ ကောက်ခံလို့ဆိုပြီး ရေး PDF တွေက ရေးမီးလင်းရေးကော်မတီရုံးကို မိုင်းခွဲသတိပေးထားပါတယ်။
စစ်တပ်က အာဏာသိမ်း ၁ နှစ်ကျော် ကာလအတွင်း စက်သုံးလောင်စာဆီစျေးတွေ၊ အခြေခံစားသောက် ကုန်ဈေးတွေ စံချိန်တင် အဆမတန်မြင့်တက်လာနေတာကြောင့်
အခြေခံလူတန်းစား သာမန်လက်လုပ်လက်စားတွေ စားဝတ်နေရေး တနေ့တခြားပိုခက်ခဲလာသလို တပိုင်တနိုင် လုပ်ငန်းတွေကအစ ရပ်နားထားရပြီး အလုပ်လက်မဲ့တွေ တနေ့တခြားများပြားလာနေပါတယ်။
Ref DVB
၁ ယူနစ္ကို ၁၂၀၀ က်ပ္ အထိ စံခ်ိန္တင္ ျမင့္တက္သြားတဲ့ မီတာခ…
စက္သုံးေလာင္စာဆီေဈးေတြ ဆက္လက္ျမင့္တက္လာတာနဲ႕အမွ် မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာ မီတာခ ၁ ယူနစ္ကို ၁၂၀၀ က်ပ္အထိ စံခ်ိန္တင္ ျမင့္တက္သြားတာေၾကာင့္ အိမ္သုံးသမားေတြမွာ မီးမသုံးစြဲနိုင္တဲ့အေျခေနနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ေနရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။
မီတာခ ၁ ယူနစ္က်ပ္ ၉၀၀ ကေန အခု မတ္လက သုံးစြဲထားတဲ့ မီတာခမွာ ၁ယူနစ္က်ပ္ ၁၂၀၀ သတ္မွတ္လိုက္ေတာ့ ပုံမွန္အိမ္သုံးသမားေတြက အရင္က ၁ လကို က်ပ္ ေသာင္းဂဏန္းနဲ႕ ကုန္မယ့္အစား အခုက သိန္းဂဏန္းအထိ ကုန္က်မဲ့ အေနအထားဆိုေတာ့ မီးဖိုေဆာင္မွာခ်က္ျပဳတ္ရင္ မီးေသြးနဲ႕ ျပန္သုံးမယ္ အိမ္ဆိုလာမီးေတြ ျပန္သုံးမွရမယ္ လို႔ အိမ္ရွင္မတဦးက ေျပာပါတယ္။
အခု ဆီေစ်းေတြက ၄ ဆ ေလာက္ တက္ေတာ့ မီတာခ ထပ္မံတိုးျမႇင့္ေကာက္ခံရတာျဖစ္ၿပီး ဆီေဈးေတြ ျပန္လည္က်ဆင္းလာပါက မီတာခ ျပန္ေလ်ာ့ခ်ေပးသြားမွာျဖစ္ကာ မီးကိုလည္း အခ်ိန္ပိုင္းနဲ႕သာ ျဖန္ျဖဴးေပးသြားမယ္လို႔ မီးလင္းေရး ေကာ္မတီက ေျပာပါတယ္။
ေရးၿမိဳ႕နယ္မွာ နိုင္ငံေတာ္ရဲ႕ လွ်ပ္စစ္ဓာတ္အားလိုင္းကို ဒီေန႕အထိ သုံးစြဲနိုင္ျခင္းမရွိေသးဘဲ ပုဂၢလိက မီးလင္းေရးေကာ္မတီက လွ်ပ္စစ္မီးကိုသာ အမွီျပဳ သုံးစြဲေနရတာပါ။
ေရးၿမိဳ႕နယ္ရွိ နယ္ေက်း႐ြာေတြဘက္မွာေတာ့ ကိုယ့္အားကိုယ္ကိုး မီးစက္နဲ႕ မီးျဖန႔္ျဖဴးေပးရာမွာ ၁ ယူနစ္ကို က်ပ္ ၁၄၀၀ အထိ ေပးၿပီး သုံးစြဲရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ မတ္ ၅ ရက္ေန႕က မီတာခ ၁ ယူနစ္ က်ပ္ ၉၀၀ ေကာက္ခံလို႔ဆိုၿပီး ေရး PDF ေတြက ေရးမီးလင္းေရးေကာ္မတီ႐ုံးကို မိုင္းခြဲသတိေပးထားပါတယ္။
စစ္တပ္က အာဏာသိမ္း ၁ ႏွစ္ေက်ာ္ ကာလအတြင္း စက္သုံးေလာင္စာဆီေစ်းေတြ၊ အေျခခံစားေသာက္ ကုန္ေဈးေတြ စံခ်ိန္တင္ အဆမတန္ျမင့္တက္လာေနတာေၾကာင့္
အေျခခံလူတန္းစား သာမန္လက္လုပ္လက္စားေတြ စားဝတ္ေနေရး တေန႕တျခားပိုခက္ခဲလာသလို တပိုင္တနိုင္ လုပ္ငန္းေတြကအစ ရပ္နားထားရၿပီး အလုပ္လက္မဲ့ေတြ တေန႕တျခားမ်ားျပားလာေနပါတယ္။
Ref DVB