ထန္တလန္ၿမိဳ႕နယ္ရွိ ေျမဧက ၁၂၀၀၀ ေက်ာ္ကို အမ်ိဳးသားဥယ်ာဥ္ အျဖစ္ စစ္ေကာင္စီ ေၾကညာ
\
တိုက္ပြဲမ်ား ျပင္းထန္ေနသည့္ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ အတြင္းရွိ ေျမဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧက ကို ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ား ထိန္းသိမ္း ကာကြယ္ရန္ မီေအပီ၊ ရဟူတူ၊ လွိမ္ေရာမ္း အမ်ိဳးသား ဥယ်ာဥ္အျဖစ္ မတ္လ ၁၀ ရက္က စတင္ သတ္မွတ္ေၾကာင္း စစ္ေကာင္စီ လက္ေအာက္ခံ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနက ေၾကညာ လိုက္သည္။
မီေအပီ သည္ ထင္ရွားေသာ ေက်ာက္ေတာင္ႀကီး ျဖစ္ၿပီး ထန္တလန္ၿမိဳ႕မွ ၂၃ မိုင္ခန႔္ အကြာတြင္ တည္ရွိကာ ထန္တလန္−ဟရီဖီး−ေဝါင္သူး ကားလမ္းျဖင့္ အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္သို႔ ကားလမ္းေပါက္ၿပီး ျပည္တြင္း၊ ျပည္ပ ခရီးသြား ဧည့္သည္မ်ား ဝင္ထြက္သြားလာ အပန္းေျဖႏိုင္ေသာ ေနရာျဖစ္ျခင္း၊ သစ္ပင္မ်ိဳးစုံႏွင့္ ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ား ေပါႂကြယ္ဝျခင္း၊ ဘူမိ႐ူပသြင္ျပင္ ထူးျခားေသာ ေဒသ ျဖစ္ျခင္းေၾကာင့္ အမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ျခင္း ျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
”သူတို႔ စစ္ေကာင္စီက ေခတ္ပ်က္တဲ့ အခ်ိန္မွ လာၿပီး အမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ေပး ေနတယ္။ သတ္မွတ္ေပးေတာ့ ဘာလုပ္လို႔ ရမွာလဲ။ ၿမိဳ႕က ပ်က္ေနၿပီေလ။ ဒီေနရာေတြကို အမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ေပးဖို႔ ၂၀၁၈-၁၉ ေလာက္မွာ ျပည္ေထာင္စု အစိုးရ ဆီမွာ တင္ျပထားတာ၊ အမ်ိဳးသား ဥယ်ာဥ္ တစ္ခုမွာ ရွိသင့္တဲ့ စံေတြလည္းရွိတယ္ ဆိုၿပီး ေနရာ ေျခာက္ေနရာကို တင္ျပထားၾကတာ၊ အခုမွ သတ္မွတ္ေပး ၾကတယ္” ဟု ခရီးသြား လုပ္ငန္းရွင္ တစ္ဦးက ဆိုသည္။
ခ်င္းျပည္နယ္၏ အမွတ္အသား သေကၤတ ျပယုဂ္ျဖစ္သည့္ ထင္းရႉး၊ ေတာင္ဇလပ္ျဖဴ၊ ေတာင္ဇလပ္နီ၊ သစ္ခြမ်ိဳးမ်ား ေပါက္ေရာက္ျခင္း၊ မ်ိဳးသုဥ္းရန္ အႏၲရာယ္ရွိသည့္ ေတာဆိတ္၊ ေတာင္ဆိတ္၊ က်ားသစ္ႏွင့္ သင္းေခြခ်ပ္ စသည့္ ေတာ႐ိုင္း တိရစာၦန္မ်ား က်က္စား ေနထိုင္ျခင္း၊ ေအာက္ခ်င္းငွက္တို႔ သားေပါက္ရာ ေဒသျဖစ္ျခင္း၊ ထူးျခားသည့္ ဘူမိ႐ုပ္သြင္မ်ား ရွိျခင္း တို႔ေၾကာင့္ သဘာဝ အေျခခံ ခရီးသြား လုပ္ငန္းမ်ား အတြက္ အခြင့္အလမ္း မ်ားစြာ ရွိႏိုင္မည္ျဖစ္၍ အမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ျခင္း ျဖစ္သည္ဟု ဆိုသည္။
ခ်င္းျပည္နယ္တြင္ ေခၚႏူးစုမ္ေတာင္ (ခ)နတ္မေတာင္ ကို ပထမဆုံး အမ်ိဳးသား ဥယ်ာဥ္ အျဖစ္ သတ္မွတ္ၿပီး ဒုတိယေျမာက္ အျဖစ္ ၂၀၁၆ ခုႏွစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕ အနီးရွိ ကီမိုေတာင္ကို လည္းေကာင္း ယခု မီေအပီ၊ ရဟူတူ၊ လွိမ္ေရာမ္း အမ်ိဳးသား ဥယ်ာဥ္အျဖစ္ တတိယေျမာက္ သတ္မွတ္ျခင္း ျဖစ္သည္။
#Mizzima
ထန်တလန်မြို့နယ်ရှိ မြေဧက ၁၂၀၀၀ ကျော်ကို အမျိုးသားဥယျာဉ် အဖြစ် စစ်ကောင်စီ ကြေညာ
\
တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အတွင်းရှိ မြေဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧက ကို ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသား ဥယျာဉ်အဖြစ် မတ်လ ၁၀ ရက်က စတင် သတ်မှတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကြေညာ လိုက်သည်။
မီအေပီ သည် ထင်ရှားသော ကျောက်တောင်ကြီး ဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်ခန့် အကွာတွင် တည်ရှိကာ ထန်တလန်−ဟရီဖီး−ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ ဝင်ထွက်သွားလာ အပန်းဖြေနိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသော ဒေသ ဖြစ်ခြင်းကြောင့် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
”သူတို့ စစ်ကောင်စီက ခေတ်ပျက်တဲ့ အချိန်မှ လာပြီး အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ပေး နေတယ်။ သတ်မှတ်ပေးတော့ ဘာလုပ်လို့ ရမှာလဲ။ မြို့က ပျက်နေပြီလေ။ ဒီနေရာတွေကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ပေးဖို့ ၂၀၁၈-၁၉ လောက်မှာ ပြည်ထောင်စု အစိုးရ ဆီမှာ တင်ပြထားတာ၊ အမျိုးသား ဥယျာဉ် တစ်ခုမှာ ရှိသင့်တဲ့ စံတွေလည်းရှိတယ် ဆိုပြီး နေရာ ခြောက်နေရာကို တင်ပြထားကြတာ၊ အခုမှ သတ်မှတ်ပေး ကြတယ်” ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ချင်းပြည်နယ်၏ အမှတ်အသား သင်္ကေတ ပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ သစ်ခွမျိုးများ ပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်း တိရစ္ဆာန်များ ကျက်စား နေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာ ဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များ ရှိခြင်း တို့ကြောင့် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းများ အတွက် အခွင့်အလမ်း များစွာ ရှိနိုင်မည်ဖြစ်၍ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ချင်းပြည်နယ်တွင် ခေါ်နူးစုမ်တောင် (ခ)နတ်မတောင် ကို ပထမဆုံး အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ်ပြီး ဒုတိယမြောက် အဖြစ် ၂၀၁၆ ခုနှစ်တွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့ အနီးရှိ ကီမိုတောင်ကို လည်းကောင်း ယခု မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသား ဥယျာဉ်အဖြစ် တတိယမြောက် သတ်မှတ်ခြင်း ဖြစ်သည်။
#Mizzima