အင်တာနက်ပေါ်ကတွေ့တဲ့ ချစ်သူနောက်ကို လိုက်လာတာတဲ့
(၁၂/၃/၂၀၂၂) နေ့က သန်လျင် YBS ၃၁ ကားပေါ်မှာ အသက် ၁၈ နှစ်ခန့်ရှိ အမျိုးသမီးငယ်လေးတစ်ဦး ယောင်လည်လည်ဖြစ်နေတာ တွေ့လို့၊ အောင်ချမ်းသာ မှတ်တိုင်မှာ သူ့ကိုပါ ဆင်းခိုင်းစေပြီ
း စားသောက်ဆိုင်တစ်ခုမှာ ဆီချက်ခေါက်ဆွဲနဲ့ ဧည့်ခံကျွေးမွေးကာ သူ့အကြောင်းကို ချော့မော့မေးမြန်းခဲ့ပါတယ်။ မိဘနဲ့စိတ်ဆိုးပြီး သုံးခွမြို့မှာနေတဲ့ လိုင်းပေါ်က ချစ်သူနောက်ကို လိုက်လာတာဆိုပဲ၊ ချစ်သူရဲ

အသက်က ၃၀ နှစ်တဲ့၊ ဘယ်မှာနေမှန်းမသိတဲ့ လိုင်းပေါ်က ချစ်သူကို လာရှာတာမတွေ့ခဲ့ပဲ ယောင်လည်လည်ဘယ်ပြန်ရမှန်းမသိဖြစ်နေတဲ့ အမျိုးသမီးငယ်ကို မသက်ာလို့ အခုလိုကားပေါ်က ဆင်းခိုင်းစေပြီး မေးမြန်းခဲ့တာပါ။ သားသမီးချင်း ကိုယ်ချင်းစာနာတဲ့စိတ်တွေပေါ့။ မတော်လို့များ
လူကုန်ကူးအဖွဲ့နဲ့ တွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ (ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ ကရင်မလေး)။ ညနေစောင်းဆိုတော့ အချိန်မရှိတော့ဘူး။ သန်လျင်က ကျွန်မအိမ်ကိုခေါ်သွားခဲ့ပါတယ်။
ရာအိမ်မှူးကို အကြောင်းကြား ဧည့်စာရင်းတိုင် ကလေးမလေးကို စိတ်မလေဖို့ ဆုံးမပြောဆိုကာ တစ်ညသိပ်ပြီးမနက်လင်းတော့ အုပ်ချုပ်ရေးမှူး ရုံးကိုသွားတော့ ရုံးမဖွင့်ပါဘူး။ ဒါကြောင့် ကျွန်မတို့ CEO နဲ့ လေးစားရတဲ့သူတွေထံ ထပ်မံအကြာင်းကြား
အကြံဉာဏ်များရယူ ကလေးမလေးနေတဲ့ ဧရာဝတီတိုင်းက မအူပင် မြို့နယ်မှူးနဲ့ သတင်းအဖွဲ့ထံ အကြောင်းကြား သန်လျင်က နယ်ထိန်းအဖွဲ့ထံသွားရောက်အကြောင်းကြား
အလုပ်တော်တော်ရှုပ်သွားပါတယ်။ ကျွန်မ မအူပင်သတင်းအဖွဲ့နဲ့ အချိတ်အဆက်ရသွားလို့ မနက်ဖြန်သတင်းအဖွဲ့က သူ့မိဘတွေသွားခေါ်ပြီး ရေနံမြေလမ်းဆုံက လာစောင့်ခေါ်ယူကြမှာပါ။ ကျွန်မက ပုသိမ်တရားရုံးသွားစရာရှိလို့
ပိုအဆင်ပြေ သွားပါတယ်။ ဒီအရွယ်လေးတွေကို မိဘများ ပိုထိန်းသိမ်းကြပါ။ လိုင်းပေါ်က ချစ်သူရည်းစားဟာ အိမ်ထောင်သည် ဖြစ်ခဲ့ရင်ရော? မတွေးရဲစရာပါ။ ကျွန်မအချိန်ကုန်ခံပြီး ကူ
ညီဆောင် ရွက်ပေးနေတာ မနူးမနပ်တိုင်းရင်းသားသမီးပျိုလေး ဘဝပျက်သွားမှာ စိုးရိမ်မိတာရယ်၊ ပြီးတော့ ကျွန်မတို့ သတင်းသမားတွေရဲ့ စိတ်ဓာတ်ကို ဖော်ပြချင်တာပါပဲ။ ကလေးမလေးက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်
လှိုင်းတာကျေးရွာအုပ်စု၊ နတ်မူကုန်းကျေးရွာနေ (အဘ) ဦးကျော်နိုင်ထွန်းနဲ့ (အမိ) ဒေါ်ချိုလေးတို့ သမီးဖြစ်ပါတယ်။
လှလှဝင်း (သန်လျင်) (ခေတ်ပုံရိပ်သတင်းဂျာနယ် ရန်ကုန်တိုင်းတာဝန်ခံ)
Credit
Unicode