ချစ်ပရိသတ်ကြီးရေ လူတိုင်းမှာတော့ မိဘကိုယ်စီ ရှိကြမှာပါနော်။
မိဘနှစ်ပါးထဲမှာမှ သားသမီးအများစုက မိခင်ဖြစ်သူနဲ့ပဲ ပိုရင်းနှီးကြတာကို တွေ့မြင်ရပါတယ်။
ဖခင်တွေကတော့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရတာမလို့
သားသမီးတွေအတွက် အချိန်မပေးနိုင်တာကြောင့် သိပ်မရင်းနှီးကြတာပါ။
တကယ်တော့ ဖခင်တွေကလည်း သားသမီးတွေကို ချစ်ကြပါတယ်။
ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ သားအတွက် အမြဲစဉ်းစားပေးတဲ့ မိခင်နဲ့ မိခင်မသိအောင် နောက်ကွယ်က
အမြဲဂရုတစိုက်ရှိတဲ့သား သူတို့သားအမိ နှစ်ယောက်အကြောင်းလေးပဲ ဖြစ်ပါတယ်။
တစ်နေ့တော့ သန်းကြွယ်သဌေးကြီးက သူ့အမေကိုသွားတုစိုက်ပေးဖို့အတွက် အကောင်းဆုံးသွားဆရာဝန်စီကိုခေါ်သွားပါတယ်။
ဆရာဝန်က အမေကြီးကိုသေချာစစ်ဆေးပေးပြီး အကောင်းဆုံးသွားတုကိုထုတ်ပြပါတယ်။ အမေကြီးက ဈေးမေးလိုက်တယ်
ပြီးတော့ ခေါင်းခါပြပြီး ဈေးအပေါဆုံးကိုပြခိုင်းပါတယ်။
ဆရာဝန်က သူ့သားကဘောစိအကြီးစားပဲ အကောင်းဆုံးကိုသာသုံးဖို့အတွက်
သူ့သားဘောစိကိုမျက်ရိပ်မျက်ကဲပြလိုက်တယ်…ဒကောင့်သားက မမြင်ချင်ဟန်ဆောင်နေတယ်။
ဆရာဝန်လည်းမနေနိုင်တော့ လှမ်းခေါ်လိုက်တယ်။
ဆရာသမားက မကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီးဟိုဖက်တောင်လှည့်သွားလိုက်သေးတယ်။
ဆရာဝန်စိတ်ထဲမှာတော့ ဒီကောင် ဘယ်လိုကောင်လည်းကွ
ဒီလောက်ချမ်းသာနေတာကိုတောင် သူ့အမေအတွက် သွားတုကို အပေါစားပဲသုံးစေချင်တာ
တော်တော်မိဘကျေးဇူးမသိတဲ့ကောင်ပဲလို့ ကြိမ်ဆဲနေမိတယ်။
အမေကြီးကလည်း အပေါဆုံးမှာအပေါဆုံးပဲယူမယ်ဆိုတော့ နောက်ဆုံးလက်လျော့လိုက်ရတယ်။
အမေကြီးက သူ့အိတ်ကပ်ထဲကနေ လက်ကိုင်ပုဝါအထုတ်ကလေးကိုထုတ်ပြီး
တုံတုံရီရီနဲ့ဖြည်ပြီးတော့ အထဲကပိုက်ဆံအနွမ်းလေးတွေကို စရံငွေအနေဲ့ပေးချေလိုက်တယ်။
ပြီးတော့ သားအမိနှစ်ယောက် ကားအကောင်းစားကြီးကိုမောင်းပြီးထွက်သွားပါသည်။
ဆရာဝန်ကတော့စိတ်မကောင်းစွာနဲ့ပဲ ငေးကြည့်ရင်းကျန်ခဲ့တာပေါ့။
နောက် နာရီဝက်လောက်ကြာတော့ ခုနဘောစိပြန်ရောက်လာပါတယ်။
ခုဏက သူ့အမေအတွက်စိုက်ဖို့သွားတုကို အကောင်းဆုံးသွားတုသုံးပေးဖို့နဲ့
အကောင်ဆုံးဆေး အကောင်းဆုံးဆရာဝန်တွေကိုပဲသုံးပေးဖို့ ပိုက်ဆံကုန်ချင်ကုန်ပါစေ။
သူ့အမေကိုပေးမသိဖို့မှာပြီးပြန်သွားပါတယ်။
အဲဒီကြတော့မှဆရာဝန်ကသဘောပေါက်သွားတယ်။ သူ့အမေက သူ့သားအတွက်ခုထိစဉ်းစားပေးတုန်း။
သားပိုက်ဆံကုန်မှာကိုစိုးရိမ်နေတုန်း။
အမေဆိုတာ ဒီတိုင်းပါပဲ တစ်သက်လုံးချွေတာခဲ့တယ်။ သူတို့သားသမီးတွေအတွက်ပေါ့။
ကျွန်တော်တို့ငယ်ငယ်တုန်းက မိဘတွေက ပိုက်ဆံပေးရင်ပျော်တယ်။
ကြီးလာတော့ မိဘကိုပိုက်ဆံပြန်ကန်တော့ရင် သူတို့မျက်ရည်ဝဲတယ်။
ဖတ်ရှု့အားပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း
ဒီအကြောင်းရာလေးတွေဖတ်ပြီး စိတ်ထဲ ရသ တစ်ခုခုကျန်နေလိမ့်မယ်လို့ ထင်ပါတယ်နော်။
ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာအေးချမ်းတဲ့
ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ဖတ်ဖူးတဲ့စာတပုဒ်ကို အခြေခံပြီး ဘာသာပြန်ချဲ့ထွင်ထားခြင်းသားဖြစ်သည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Crd ပေးပါတယ်…။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီး ကျန်းမာချမ်းသာကြပါစေ…။
zawgyi
ခ်စ္ပရိသတ္ႀကီးေရ လူတိုင္းမွာေတာ့ မိဘကိုယ္စီ ရွိၾကမွာပါေနာ္။
မိဘႏွစ္ပါးထဲမွာမွ သားသမီးအမ်ားစုက မိခင္ျဖစ္သူနဲ႔ပဲ ပိုရင္းႏွီးၾကတာကို ေတြ႕ျမင္ရပါတယ္။
ဖခင္ေတြကေတာ့ မိသားစု စားဝတ္ေနေရးအတြက္ ႐ုန္းကန္ရွာေဖြေနရတာမလို႔
သားသမီးေတြအတြက္ အခ်ိန္မေပးနိုင္တာေၾကာင့္ သိပ္မရင္းႏွီးၾကတာပါ။
တကယ္ေတာ့ ဖခင္ေတြကလည္း သားသမီးေတြကို ခ်စ္ၾကပါတယ္။
ဒီေန႔ေလးမွာ ေျပာျပေပးသြားမွာကေတာ့ သားအတြက္ အျမဲစဥ္းစားေပးတဲ့ မိခင္နဲ႔ မိခင္မသိေအာင္ ေနာက္ကြယ္က
အျမဲဂ႐ုတစိုက္ရွိတဲ့သား သူတို႔သားအမိ ႏွစ္ေယာက္အေၾကာင္းေလးပဲ ျဖစ္ပါတယ္။
တစ္ေန႔ေတာ့ သန္းႂကြယ္သေဌးႀကီးက သူ႔အေမကိုသြားတုစိုက္ေပးဖို႔အတြက္ အေကာင္းဆုံးသြားဆရာဝန္စီကိုေခၚသြားပါတယ္။
ဆရာဝန္က အေမႀကီးကိုေသခ်ာစစ္ေဆးေပးၿပီး အေကာင္းဆုံးသြားတုကိုထုတ္ျပပါတယ္။ အေမႀကီးက ေဈးေမးလိုက္တယ္
ၿပီးေတာ့ ေခါင္းခါျပၿပီး ေဈးအေပါဆုံးကိုျပခိုင္းပါတယ္။
ဆရာဝန္က သူ႔သားကေဘာစိအႀကီးစားပဲ အေကာင္းဆုံးကိုသာသုံးဖို႔အတြက္
သူ႔သားေဘာစိကိုမ်က္ရိပ္မ်က္ကဲျပလိုက္တယ္…ဒေကာင့္သားက မျမင္ခ်င္ဟန္ေဆာင္ေနတယ္။
ဆရာဝန္လည္းမေနနိုင္ေတာ့ လွမ္းေခၚလိုက္တယ္။
ဆရာသမားက မၾကားခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပြတ္ၿပီးဟိုဖက္ေတာင္လွည့္သြားလိုက္ေသးတယ္။
ဆရာဝန္စိတ္ထဲမွာေတာ့ ဒီေကာင္ ဘယ္လိုေကာင္လည္းကြ
ဒီေလာက္ခ်မ္းသာေနတာကိုေတာင္ သူ႔အေမအတြက္ သြားတုကို အေပါစားပဲသုံးေစခ်င္တာ
ေတာ္ေတာ္မိဘေက်းဇူးမသိတဲ့ေကာင္ပဲလို႔ ႀကိမ္ဆဲေနမိတယ္။
အေမႀကီးကလည္း အေပါဆုံးမွာအေပါဆုံးပဲယူမယ္ဆိုေတာ့ ေနာက္ဆုံးလက္ေလ်ာ့လိုက္ရတယ္။
အေမႀကီးက သူ႔အိတ္ကပ္ထဲကေန လက္ကိုင္ပုဝါအထုတ္ကေလးကိုထုတ္ၿပီး
တုံတုံရီရီနဲ႔ျဖည္ၿပီးေတာ့ အထဲကပိုက္ဆံအႏြမ္းေလးေတြကို စရံေငြအေနဲ႔ေပးေခ်လိုက္တယ္။
ၿပီးေတာ့ သားအမိႏွစ္ေယာက္ ကားအေကာင္းစားႀကီးကိုေမာင္းၿပီးထြက္သြားပါသည္။
ဆရာဝန္ကေတာ့စိတ္မေကာင္းစြာနဲ႔ပဲ ေငးၾကည့္ရင္းက်န္ခဲ့တာေပါ့။
ေနာက္ နာရီဝက္ေလာက္ၾကာေတာ့ ခုနေဘာစိျပန္ေရာက္လာပါတယ္။
ခုဏက သူ႔အေမအတြက္စိုက္ဖို႔သြားတုကို အေကာင္းဆုံးသြားတုသုံးေပးဖို႔နဲ႔
အေကာင္ဆုံးေဆး အေကာင္းဆုံးဆရာဝန္ေတြကိုပဲသုံးေပးဖို႔ ပိုက္ဆံကုန္ခ်င္ကုန္ပါေစ။
သူ႔အေမကိုေပးမသိဖို႔မွာၿပီးျပန္သြားပါတယ္။
အဲဒီၾကေတာ့မွဆရာဝန္ကသေဘာေပါက္သြားတယ္။ သူ႔အေမက သူ႔သားအတြက္ခုထိစဥ္းစားေပးတုန္း။
သားပိုက္ဆံကုန္မွာကိုစိုးရိမ္ေနတုန္း။
အေမဆိုတာ ဒီတိုင္းပါပဲ တစ္သက္လုံးေခၽြတာခဲ့တယ္။ သူတို႔သားသမီးေတြအတြက္ေပါ့။
ကၽြန္ေတာ္တို႔ငယ္ငယ္တုန္းက မိဘေတြက ပိုက္ဆံေပးရင္ေပ်ာ္တယ္။
ႀကီးလာေတာ့ မိဘကိုပိုက္ဆံျပန္ကန္ေတာ့ရင္ သူတို႔မ်က္ရည္ဝဲတယ္။
ဖတ္ရႈ႔အားေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း
ဒီအေၾကာင္းရာေလးေတြဖတ္ၿပီး စိတ္ထဲ ရသ တစ္ခုခုက်န္ေနလိမ့္မယ္လို႔ ထင္ပါတယ္ေနာ္။
ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေအးခ်မ္းတဲ့
ညေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။
ဖတ္ဖူးတဲ့စာတပုဒ္ကို အေျခခံၿပီး ဘာသာျပန္ခ်ဲ႕ထြင္ထားျခင္းသားျဖစ္သည္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Crd ေပးပါတယ္…။ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ၾကီး က်န္းမာခ်မ္းသာၾကပါေစ…။