ၾကားသိရသမွ်

ဝါယာေရွာ့ အႏၲရာယ္ အတြက္ ၃ မိနစ္ စာ သတိေပးခ်က္…

ဝါယာရှော့ အန္တရာယ် အတွက် ၃ မိနစ် စာ သတိပေးချက်

ဝါယာရှော့ မီးဘေး ကာကွယ်နည်း။ အချိန်သုံး မိနစ်ဖြင့် မဖြစ်မနေ ဖတ်ရှု ပေးကြပါ။

မြန်မာနိုင်ငံ အနှံအပြားတွင် မီးလောင်းခြင်းများ လေ့လာကြည့်ရာ ဝါယာရှော့စ် ကြောင့် အများဆုံးဖြစ်နေပါသည်။

ဘာကြောင့် ဝါယာရှော့စ် ဖြစ်ရပါသလဲ ကျွန်တော် အတွေ့ကြုံနှင့် သိသလောက် ရှင်းပြပါမည်။

တိုးတက် လာသော လူနေမှု အဆင်တန်း များ ၏ အဓိက သော့ချက် တစ်ခုဖြစ်သော အိမ်တွင်း လျှပ်စစ် အသုံးဆောင် ပစ္စည်းများ များပြားစွာ ယခု ငါးနှစ် အတွင်း မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာပါသည်။

ယခင် က မိမိအိမ် တွင် သွယ်တန်း ထားသော မီးကြိုးများ ၏ ခံနိုင်ရည် ထက် ယခု အိမ် တစ်အိမ် အတွင်း သုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Load က ပိုများနေသည် ကို သတိမထား မိကြပါ ။ မျိုးစုံသော လျှပ်စစ်ပစ္စည်း များကို သာ တစ်ခုပြီး တစ်ခု ဝယ်ယူကြပြီး….

အိမ်အတွင်း သွယ်တန်း ထားသော မီးကြိုးများ ကို လဲရန် မည်သူမျှ စိတ်မဝင် စားကြပါ ။ ပလပ်ပေါက် ရှိရင် ထိုးပြီး အသုံးပြု လို့ ရသည် ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူ အများစု သိရှိကြ ပါသည် ။

ကန်ထရိုက် တိုက် များတွင်လည်း လျှပ်စစ် နှင့်ဆိုင်သော အမှားခံပစ္စည်းများ လိုအပ် နေသည်ကို တွေ့ရပါသည် ။ အရေးကြီးဆုံး အချက် က လျှပ်စစ်ပစ္စည်းများ ကို ပြိုင်ပြီး မသုံးစွဲပါနှင့်…

ဥပမာ ရေစက်မောင်း နေချိန် ဟင်းအိုး ထမင်းပေါင်း အိုး စသည် များ မသုံး ပါနှင့် မီးပူတိုက် နေချိန် ရေခဲ သေတ္တာ ပိတ်ထားပါ ။

မိမိအိမ် စတင် မီးကြိုးသွယ်တန်းစဉ် ကထက် ယခု လျှပ်စစ်ပစ္စည်း များ တိုးလာသည် ကို သိရှိရင် နားလည်သော လျှပ်စစ် ဝါယာရိန်း သမား နှင့် တိုင်ပင်ပြီး လိုအပ်သည့်မီး ကြိုးများ ထပ်မံတပ် ဆင်ပါ။

မီးကြိုးသုံးရာ တွင် (twin ) နှစ်ချောင်း ပူးထားသောကြိုးများ အသုံးပြုခြင်း ကို ရှောင်ရှား ပါ (single) တစ်ချောင်းခြင်း သွယ်တန်းသော နည်းစနစ်ကို အသုံပြုပေးပါ။

ကြိုးများကို ဖြစ်နိုင်လျှင် under ground သွယ်တန်းခြင်း များ ကို အတက်နိုင် ဆုံး မပြုလုပ် ပါနှင့်၊ မျက်နှာကျက် များပေါ်တွင် သွယ်တန်းထားသော မီးကြိုးများကို စနစ်တစ်ကျ မီးပိုက်များ ထဲကို ထည့်ပြီး အသုံးပြု ကြပါ။

တက်ကျွမ်း နားလည်သူနှ င့် တိုင်ပင်ပြီး Load များ လျှင် ရှော့စ် ဖြစ်လျှင် အလိုလျောက် ဖြတ်ချမည့် Safety Breaker များ မိမိအိမ် တွင် တပ်ဆင်ကြပါ။ ပျက်စီးနေသော မီးခလုပ် များကို လဲလည်ကြပါ။ ဈေးနည်းသော မီးခလုပ် များ အသုံးပြုခြင်း ရှောင်ကျဉ်ပါ ။

ယခု တင်ပြသော အရာများသည် ဆယ်နှစ်တာ လျှပ်စစ် ဝါယာရိန်း သမားအဖြစ် ရပ်တည်လာသော ကျွန်ုပ်၏ အတွေ့ အကြုံများဖြင့် ကြိုတင်ကာကွယ် ရန် အသိပေးခြင်းဖြစ်ပါသည်။

ယခုလို အသိများ သိရှိပြီးချိန် တွင် မိမိအိမ် အတွင်း မီးကြိုးများ လဲသင့် မလဲသင့် လိုအပ်သော အမှားခံ ပစ္စည်းများ ရှိမရှိ သိရအောင် လျှပ်စစ် နားလည် တက်ကျွမ်းသူနှင့် တိုင်ပင်ပြီ ဝါယာရှောစ့် မှဖြစ်သော မီးဘေး အန္တရာယ်ကို ကာကွယ်လိုက် ကြရအောင်။

Credit . Myo Nyi Aung

zawgyi

ဝါယာေရွာ့ အႏၲရာယ္ အတြက္ ၃ မိနစ္ စာ သတိေပးခ်က္

ဝါယာေရွာ့ မီးေဘး ကာကြယ္နည္း။ အခ်ိန္သုံး မိနစ္ျဖင့္ မျဖစ္မေန ဖတ္ရႈ ေပးၾကပါ။

ျမန္မာႏိုင္ငံ အႏွံအျပားတြင္ မီးေလာင္းျခင္းမ်ား ေလ့လာၾကည့္ရာ ဝါယာေရွာ့စ္ ေၾကာင့္ အမ်ားဆုံးျဖစ္ေနပါသည္။

ဘာေၾကာင့္ ဝါယာေရွာ့စ္ ျဖစ္ရပါသလဲ ကြၽန္ေတာ္ အေတြ႕ႀကဳံႏွင့္ သိသေလာက္ ရွင္းျပပါမည္။

တိုးတက္ လာေသာ လူေနမႈ အဆင္တန္း မ်ား ၏ အဓိက ေသာ့ခ်က္ တစ္ခုျဖစ္ေသာ အိမ္တြင္း လွ်ပ္စစ္ အသုံးေဆာင္ ပစၥည္းမ်ား မ်ားျပားစြာ ယခု ငါးႏွစ္ အတြင္း ျမန္မာႏိုင္ငံ အတြင္းသို႔ ဝင္ေရာက္ လာပါသည္။

ယခင္ က မိမိအိမ္ တြင္ သြယ္တန္း ထားေသာ မီးႀကိဳးမ်ား ၏ ခံႏိုင္ရည္ ထက္ ယခု အိမ္ တစ္အိမ္ အတြင္း သုံးစြဲေနေသာ လွ်ပ္စစ္ပစၥည္းမ်ား Load က ပိုမ်ားေနသည္ ကို သတိမထား မိၾကပါ ။ မ်ိဳးစုံေသာ လွ်ပ္စစ္ပစၥည္း မ်ားကို သာ တစ္ခုၿပီး တစ္ခု ဝယ္ယူၾကၿပီး….

အိမ္အတြင္း သြယ္တန္း ထားေသာ မီးႀကိဳးမ်ား ကို လဲရန္ မည္သူမွ် စိတ္မဝင္ စားၾကပါ ။ ပလပ္ေပါက္ ရွိရင္ ထိုးၿပီး အသုံးျပဳ လို႔ ရသည္ ဆိုေသာ အေတြးမ်ားသာ ျမန္မာႏိုင္ငံျပည္သူ အမ်ားစု သိရွိၾက ပါသည္ ။

ကန္ထ႐ိုက္ တိုက္ မ်ားတြင္လည္း လွ်ပ္စစ္ ႏွင့္ဆိုင္ေသာ အမွားခံပစၥည္းမ်ား လိုအပ္ ေနသည္ကို ေတြ႕ရပါသည္ ။ အေရးႀကီးဆုံး အခ်က္ က လွ်ပ္စစ္ပစၥည္းမ်ား ကို ၿပိဳင္ၿပီး မသုံးစြဲပါႏွင့္…

ဥပမာ ေရစက္ေမာင္း ေနခ်ိန္ ဟင္းအိုး ထမင္းေပါင္း အိုး စသည္ မ်ား မသုံး ပါႏွင့္ မီးပူတိုက္ ေနခ်ိန္ ေရခဲ ေသတၱာ ပိတ္ထားပါ ။

မိမိအိမ္ စတင္ မီးႀကိဳးသြယ္တန္းစဥ္ ကထက္ ယခု လွ်ပ္စစ္ပစၥည္း မ်ား တိုးလာသည္ ကို သိရွိရင္ နားလည္ေသာ လွ်ပ္စစ္ ဝါယာရိန္း သမား ႏွင့္ တိုင္ပင္ၿပီး လိုအပ္သည့္မီး ႀကိဳးမ်ား ထပ္မံတပ္ ဆင္ပါ။

မီးႀကိဳးသုံးရာ တြင္ (twin ) ႏွစ္ေခ်ာင္း ပူးထားေသာႀကိဳးမ်ား အသုံးျပဳျခင္း ကို ေရွာင္ရွား ပါ (single) တစ္ေခ်ာင္းျခင္း သြယ္တန္းေသာ နည္းစနစ္ကို အသုံျပဳေပးပါ။

ႀကိဳးမ်ားကို ျဖစ္ႏိုင္လွ်င္ under ground သြယ္တန္းျခင္း မ်ား ကို အတက္ႏိုင္ ဆုံး မျပဳလုပ္ ပါႏွင့္၊ မ်က္ႏွာက်က္ မ်ားေပၚတြင္ သြယ္တန္းထားေသာ မီးႀကိဳးမ်ားကို စနစ္တစ္က် မီးပိုက္မ်ား ထဲကို ထည့္ၿပီး အသုံးျပဳ ၾကပါ။

တက္ကြၽမ္း နားလည္သူႏွ င့္ တိုင္ပင္ၿပီး Load မ်ား လွ်င္ ေရွာ့စ္ ျဖစ္လွ်င္ အလိုေလ်ာက္ ျဖတ္ခ်မည့္ Safety Breaker မ်ား မိမိအိမ္ တြင္ တပ္ဆင္ၾကပါ။ ပ်က္စီးေနေသာ မီးခလုပ္ မ်ားကို လဲလည္ၾကပါ။ ေဈးနည္းေသာ မီးခလုပ္ မ်ား အသုံးျပဳျခင္း ေရွာင္က်ဥ္ပါ ။

ယခု တင္ျပေသာ အရာမ်ားသည္ ဆယ္ႏွစ္တာ လွ်ပ္စစ္ ဝါယာရိန္း သမားအျဖစ္ ရပ္တည္လာေသာ ကြၽႏ္ုပ္၏ အေတြ႕ အႀကဳံမ်ားျဖင့္ ႀကိဳတင္ကာကြယ္ ရန္ အသိေပးျခင္းျဖစ္ပါသည္။

ယခုလို အသိမ်ား သိရွိၿပီးခ်ိန္ တြင္ မိမိအိမ္ အတြင္း မီးႀကိဳးမ်ား လဲသင့္ မလဲသင့္ လိုအပ္ေသာ အမွားခံ ပစၥည္းမ်ား ရွိမရွိ သိရေအာင္ လွ်ပ္စစ္ နားလည္ တက္ကြၽမ္းသူႏွင့္ တိုင္ပင္ၿပီ ဝါယာေရွာစ့္ မွျဖစ္ေသာ မီးေဘး အႏၲရာယ္ကို ကာကြယ္လိုက္ ၾကရေအာင္။

Credit . Myo Nyi Aung