စျေးဝယ်သူတစ်ယောက် ဆိုင်ထဲဝင်လာပြီး မေးတယ်။
ငှက်ပျောသီး ဘယ်စျေးလဲ ..?
ဆိုင်ရှင်က ပြန်ဖြေတယ် …
ငှက်ပျောသီးက ငွေဒင်္ဂါး ၁၂ ပြား၊ ပန်းသီးက ၁ဝ ပြားပါ။
အဲဒီ့ အချိန်မှာပဲ ဆိုင်ထဲကို အမျိုးသမီးတစ်ယောက် ဝင်လာပြီးကျွန်မ ငှက်ပျောသီးဝယ်ချင်လို့ငှက်ပျောသီး ဘယ်စျေးလဲ လို့ မေးပြန်တယ်။
ဆိုင်ရှင်က ပြန်ဖြေတယ်။
ငှက်ပျောသီးက ငွေဒင်္ဂါး ၃ ပြား၊
ပန်းသီးက ၂ ပြား ပါ။
ဒါကို ကြားတော့ ပထမ ဝယ်သူ အမျိုးသားကဒေါသထွက်နေတဲ့ အကြည့်နဲ့ ဆိုင်ရှင်ကို ကြည့်နေတယ်။
အဲဒါကို ရိပ်စားမိတဲ့ ဆိုင်ရှင်က ပထမ ဝယ်သူ အမျိုးသားကို ဟို အမျိုးသမီး မမြင်အောင်မျက်စေ့တစ်ဖက် မှိတ်ပြပြီး ခဏလေး စောင့်ဖို့ ပြောတယ်။
အမျိုးသမီးက ဝယ်ခြမ်းပြီးတော့ ပျော်ရွှင်စွာဆိုင်ထဲကအထွက် မှာ -နှုတ်ကအို••• ဆိုင်ရှင်ကြီး ကျေးဇူးတင်ပါတယ်။ကျွန်မ ကလေးတွေ ဒါတွေကို စားပြီး အရမ်း ပျော်သွားကြလိမ့်မယ်လို့ ပြောရင်း ထွက်သွားပါတယ်။
အမျိုးသမီး ထွက်သွားတော့မှ ဆိုင်ရှင်က ပထမ ဝယ်သူကို ကျွန်တော် ခင်ဗျားကို သက်သက် စျေးတင်ပြီးရောင်းတာ မဟုတ်ပါဘူး။
ဒီအမျိုးသမီးက••• ဖတဆိုး ကလေး ၄ ယောက်ရဲ့မိခင်•• မုဆိုးမ•• တစ်ယောက်ပါ။
ဒါပေမယ့်သူမက •• ဘယ်သူ့ဆီကမှ ဘယ်လို အကူအညီမျှ ယူလေ့ မရှိဘူး။ကျွန်တော် သူ့ကို ကူညီဖို့ အများကြီး ကြိုးစားကြည့်ပြီးပါပြီမအောင်မြင်ဘူး၊
အဲဒါနဲ့ ကျွန်တော်လည်းနည်းလမ်းတစ်ခု စဉ်းစားမိသွားတယ်။ဒီအမျိုးသမီးဆိုင်မှာ ဘာပဲ•• လာဝယ်••လာဝယ်အနည်းဆုံး စျေးနှုန်းနဲ့ လျှော့ပြီးရောင်းပေးလိုက်မယ်။
အဲဒါဆိုရင်•••သူ့ကို ကူညီရာလည်းရောက် မယ်ပြီးတော့•• ဒီအမျိုးသမီးရဲ့ဘယ်သူ့ရဲ့အကူအညီမှ မလိုဘူးဆိုတဲ့ ယုံကြည်ချက်ကိုလည်းမထိခိုက်တော့ဘူးပေါ့။
ပြီးတော့••ဒီအမျိုးသမီးက တစ်ပါတ်လုံးမှာမှ တစ်ရက်ပဲ လာတာ သူမ လာတဲ့နေ့ဆိုရင်ဆိုင်က ပိုပြီး ရောင်းရတယ်။
အဲဒီတော့မှ ပထမ ဝယ်သူလည်း သဘောပေါက်သွားပြီးမျက်ရည်တွေ စီးကျလာတယ်။
တစ်ပါးသူကို ကူညီခြင်းရဲ့အရသာကို ကူညီဖူးသူတွေပဲ သိပါတယ်လို့ ပြောရင်း ဝယ်ခြမ်းပြီး ပြန်သွားပါတော့တယ်။
ဒီအဖြစ်အပျက် မှာ ဆိုင်ရှင် ပုဂ္ဂိုလ် ဟာအတုယူသင့်တဲ့ သူပါ။
တစ်ဖက်သားကိုကူညီလည်း ကူညီ လိုက်တယ်။တစ်ဖက်သားရဲ့စိတ်ခံစားချက်ကိုလည်း ငဲ့ကွက်တယ်။ယုံကြည်ချက်ကိုလည်းမပျက်ယွင်းစေဘူး။
သူစျေးလျှော့ပေးတာ (တနည်းအားဖြင့် သွယ်ဝိုက်သောနည်းနဲ့ ပေးကမ်းလှူဒါန်းတာ)တစ်ဖက်သားက သိတောင် မသိလိုက်ပါဘူး။
ကျွန်တော်တို့ အားလုံးလည်းဒီလိုဆိုင်ရှင်ကို အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ကြပါစေ။
လေးစားစွာဖြင့်Credit to Original Writter.
#ရွှင်လန်းချမ်းမြေ့ကြပါစေ… . . .