ေဗဒင္

ဝါခေါင်လအတွက်အကောင်းဆုံးယတြာ (19.8.2020)မှ (16.9.2020)အထိ

ဝါခေါင်လအတွက်အကောင်းဆုံးယတြာ

ဝါခေါင်လဆန်း(၁)ရက်နေ့(19.8.2020)မှ ဝါခေါင်လကွယ်နေ့(16.9.2020)အထိတစ်လတာလုံး

“လစ်ပို”ပုလင်းအတွင်းမှ အရည်များကို ထုတ်ယူ၍ ထိုပုလင်းထဲတွင် “ရေ”အသန့် ထည့်လိုက်ပါ။

“နှင်းဆီပန်း”အနီရဲရဲတစ်ပွင့်ကိုလည်း ရေထည့်ပြီးသား လစ်ပိုပုလင်းထဲတွင်စိုက်ထည့်ထားရပါမည်။

စတီးပန်းကန်အသေးတစ်ချပ် အလယ်တည့်တည့်၌ “ထုံး”ဖြင့်အဝိုင်းကွင်းဆွဲထားလိုက်ပါ။

စီရင်ထားသောလစ်ပိုပုလင်းကို စတီးပန်းကန်ပေါ် ထုံးအဝိုင်းကွင်းထဲတွင် တင်ထားပြီး မိမိအိမ်ဘုရား ကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ကပ်လှူပေးရပါမယ် ခင်ဗျ…….။

အောက်ပါ ဂါထာတော်ကို (၁၄)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။

” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ

ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ

သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ဝါခေါင်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့်

မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။

​နှင်းဆီပန်း နှင့် လစ်ပိုပုလင်းအတွင်းမှ ရေသန့်ကို ထပ်ခါတလဲလဲ လှဲလှယ် ကပ်လှူပေးသွားရမည်။

ဤယတြာကို ဝါခေါင်တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ဝါခေါင်လတစ်လတာလုံး စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်။

ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း

Zawgyi

ဝါေခါင္လအတြက္အေကာင္းဆုံးယၾတာ

ဝါေခါင္လဆန္း(၁)ရက္ေန႔(19.8.2020)မွ ဝါေခါင္လကြယ္ေန႔(16.9.2020)အထိတစ္လတာလုံး

“လစ္ပို”ပုလင္းအတြင္းမွ အရည္မ်ားကို ထုတ္ယူ၍ ထိုပုလင္းထဲတြင္ “ေရ”အသန္႔ ထည့္လိုက္ပါ။

“ႏွင္းဆီပန္း”အနီရဲရဲတစ္ပြင့္ကိုလည္း ေရထည့္ၿပီးသား လစ္ပိုပုလင္းထဲတြင္စိုက္ထည့္ထားရပါမည္။

စတီးပန္းကန္အေသးတစ္ခ်ပ္ အလယ္တည့္တည့္၌ “ထုံး”ျဖင့္အဝိုင္းကြင္းဆြဲထားလိုက္ပါ။

စီရင္ထားေသာလစ္ပိုပုလင္းကို စတီးပန္းကန္ေပၚ ထုံးအဝိုင္းကြင္းထဲတြင္ တင္ထားၿပီး မိမိအိမ္ဘုရား ေက်ာင္းေဆာင္ရွိ ျမတ္စြာဘုရားရွင္အား ႐ိုေသစြာျဖင့္ ကပ္လႉေပးရပါမယ္ ခင္ဗ်…….။

ေအာက္ပါ ဂါထာေတာ္ကို (၁၄)ေခါက္တိတိ ႐ြတ္ဖတ္ေပးရပါမယ္။

” ဥဳံ ပထဗ်ာ အာကာေသ ပဗၺေတေစဝ

ဥဒေက ဝေန ယံယံ ပတၱံ ပဝါေဒမိ

သဗၺ လာဘသိဒၶိ ဥေပတုံေမ။”

ဆုေတာင္းစာ

“အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံး ဝါေခါင္လ တစ္လတာအတြင္း ကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္

မေကာင္းေသာ အညံ့အပ၊အတိုက္အခိုက္ မ်ား မွန္သမွ် ကင္းရွင္းေစၿပီး ေကာင္းျခင္းမဂၤလာအျဖာျဖာျဖင့္ ေအာင္ျမင္ျဖစ္ထြန္းတိုးတက္ရပါလို၏။

​ႏွင္းဆီပန္း ႏွင့္ လစ္ပိုပုလင္းအတြင္းမွ ေရသန္႔ကို ထပ္ခါတလဲလဲ လွဲလွယ္ ကပ္လႉေပးသြားရမည္။

ဤယၾတာကို ဝါေခါင္တစ္လတာလုံးအတြင္း မည္သည့္ေန႔ရက္မွမဆို စတင္၍လုပ္ေဆာင္ႏိုင္သည္။

ဤယၾတာအစီအရင္သည္ အလြန္အစြမ္းထက္ ထိေရာက္ေသာေၾကာင့္ ယုံယုံၾကည္ၾကည္လုပ္ပါက ဝါေခါင္လတစ္လတာလုံး စီးပြားလာဘ္႐ႊင္ေစကာ လိုအင္ဆႏၵျပည့္ဝေစရပါမည္။

ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္

ဆရာေပါက္က်ိဳင္း